Ep - 5

189 29 0
                                    

Chapter 1996  :    အချစ်စာတစ်စောင်

သို့သော် လျန်ပင်းမန်က ယွဲ့ရွှန်းရွှန်းသည် သူမနှင့် အမြဲတမ်းသူငယ်ချင်းဖြစ်နေမည်ဟု ပြောနေခဲ့သည်။ 

ယွဲ့ရွှန်းရွှန်းသည် ထိုသို့ကြားရတိုင်း ရင်ထဲထိသလို မခံစားရပါ။ ဆန့်ကျင်ဘက်အနေနှင့် အဆင်မပြေဖြစ်ကာ အနည်းငယ် ရှက်ရွံ့သလိုသာ ခံစားနေခဲ့ရသည်။ 

ယွဲ့ရွှန်းရွှန်းမှာ လက်ရွေးစင်ဆင့်ခေါ်အတန်းက အမျိုးသားတစ်ဦးကို သဘောကျနေလေသည်။ ထိုအမျိုးသားသည် ကျောင်းတော်တွင် နာမည်ကြီးလေသည်။ ၎င်းသည် အရည်အချင်းရှိကာ မိသားစုနောက်ခံကောင်းပြီး ရုပ်ရည်အားဖြင့်လည်း ချောမောလေသည်။ 

လျန်ပင်းမန် ထိုအကြောင်းအရာကို သိသွားသောအခါ ယွဲ့ရွှန်းရွှန်းအား ဝန်ခံရန် တိုက်တွန်းခဲ့သည်။ သို့သော် နဂိုမူလက သိမ်ငယ်တက်သည့် ယွဲ့ရွှန်းရွှန်းမှာ ဘယ်လိုလုပ် လူအများရှေ့တွင် ဝန်ခံရဲမည်နည်း။ 

ထို့အပြင် ထိုသူက သူမကို သေချာပေါက် ပြန်သဘောကျမည်မဟုတ်မှန်း သိလေသည်။ 

ဒါကြောင့်၊ လျန်ပင်းမန်သည် ယွဲ့ရွှန်းရွှန်းအတွက်ဟူသော အချစ်စာတစ်စောင်ရေးရန် စိတ်ကူးရပြီး ပို့ဆောင်တာအထိ ကူညီခဲ့သည်။ 

ထိုအခါ အမျိုးသားသည် လျန်ပင်းမန်က ၎င်းအား အချစ်စာပေးသည်ဟုထင်ကာ စာကို ဖွင့်မကြည့်ဘဲ သဘောတူလိုက်လေသည်။ 

လျန်ပင်းမန်သည် ထူးကဲသော အရည်အချင်းရှိပြီး အေးဆေးတည်ကြည်သည့် အလှလေးဖြစ်လေရာ အမျိုးသား အများစု၏ သဘောကျနှစ်သက်မှုကိုခံရလေသည်။

ယွဲ့ရွှန်းရွှန်း စိတ်အားထက်သန်စွာဖြင့်စောင့်စားနေချိန်တွင် ရလဒ်အနေနှင့် အမျိုးသားသည် ၎င်းသဘောကျသူမှာ လျန်ပင်းမန်သာဖြစ်ပြီး သူမကို သဘောမကျကြောင်း ငြင်းဆိုလေသည်။ 

ယွဲ့ရွှန်းရွှန်းသည် မိုးကြိုးပစ်ခံရသကဲ့သို့ ခံစားရကာ လျန်ပင်းမန်ကလည်း သူမသူငယ်ချင်းကို ဂရုစိုက်ကြောင်းပြသရန်အတွက်ဖြင့် ထိုအမျိုးသားကို ထပ်ငြင်းဆိုပြန်သည်။ 

Realm 32 : The World Of SummonersWhere stories live. Discover now