Ep - 6

125 22 2
                                    

Chapter 1997 : သူငယ်ချင်းအများအပြား...

ဤကမ္ဘာသည် ခွန်အားကြီးသန်မာသူကိုသာ ရိုသေလေးစားသောကမ္ဘာဖြစ်သည်။ အမှန်တရားအားလုံးက ခွန်အားသာဖြစ်သည်။

လျန်ပင်းမန်သည် အားနည်းခြင်း၏ခါးသီးမှုကို နားလည်ပြီး ယွဲ့ရွှန်းရွှန်းကို ဆက်ဆံပုံမှာ စာနာစိတ်နှင့် သနားကြင်နာမှုကြောင့်ဖြစ်နိုင်သည်။

လျန်ပင်းမန်သည် ယွဲ့ရွှန်းရွှန်းအပေါ် အလွန်ကောင်းသည်ဟု ခံစားမိသော်လည်း ယွဲ့ရွှန်းရွှန်းသည် သူမအား သစ္စာဖောက်ခဲ့သည်။

ယွဲ့ရွှန်းရွှန်းအမြင်မှာ သူမသဘောကျသည့်သူက လျန်ပင်းမန်ကို သဘောကျကာ သူမနောက်ကို နေ့တိုင်းလိုက်တွယ်ကပ်နေပေမယ့် လျန်ပင်းမန်ကတော့ သူမတို့က သူငယ်ချင်းများသာဖြစ်သည်ဟု ပြောလေသည်။သူမပတ်ဝန်းကျင်က ယောက်ျားအားလုံးသည် သူငယ်ချင်းသာဖြစ်ကြသည်။ 

'ဘဝကိုတောင် အပ်နှင်းနိုင်ကြသော သူငယ်ချင်းများ...'

အန္တရာယ်ကြုံလာလျှင် သူမကို နောက်ကနေ စောင့်ရှောက်ကာကွယ်မည့် ထို့သို့သူငယ်ချင်းများ။ များပြားလိုက်တဲ့ သူငယ်ချင်း...လျန်ပင်းမန်ဘေးပတ်ပတ်လည်ရှိ အမျိုးသားအားလုံးသည် သူမအား သန့်စင်တောက်ပသော လရောင်သဖွယ် ကိုးကွယ်နေကြသည်။

ယွဲ့ရွှန်းရွှန်းကရောလား ? သူမမှာ အရည်အချင်းမရှိသလို သန်မာမှုလည်း မရှိတာကြောင့် သူမကို ဘယ်သူမှ အာရုံစိုက်နေမည်မဟုတ်။

အဆုံးသတ်ကတော့ သူမက အလွန်အားနည်းတာကြောင့်ပဲ။

ဒီလောကမှာ နေရာလိုချင်လျှင် ခွန်အားရှိဖို့လိုအပ်လေသည်။

ယွဲ့ရွှန်းရွှန်းရဲ့ လက်ရှိဆန္ဒမှာ သန်မာလာစေရန်ဖြစ်သည်။ လျန်ပင်းမန်ကို အနိုင်ယူလိုသောအားဖြင့် သူမသည် လျန်ပင်းမန်ထက်သာလွန်ကြောင်း သက်သေပြရန်သာဖြစ်သည်။ သူမသည် အခြေအနေကို လက်မခံချင်ခဲ့သည့်ပုံပင်။

"နင် ငါ့အတွက် တန်ပြန်တိုက်ခိုက်ပေးနိုင်လား?" နဉ်ရှုကို ကြည့်လျက် ယွဲ့ရွှန်းရွှန်းမေးလာသည်။

Realm 32 : The World Of SummonersWhere stories live. Discover now