24/7 မြင်တွေ့ရတဲ့အခါ အချစ်တွေ တိမ်းပါးလေ့ရှိလား။
အနေတွေနီးခဲ့လို့ ငါတို့ ဝေးရတယ်လို့ပဲ ပြောရမလား။
"မောင် မပြီးသေးဘူးလား... နောက်ကျနေပြီလေ!!"
"မမ ပြီးရင် သွားနှင့်ပါလားကွာ... မောင် ကိုယ့်ဘာသာ လိုက်ခဲ့မယ်!!"
"မောင်ကလည်း... မမနဲ့ သွားမှ ကားအတူ စီးလို့ရမှာလေ... မောင့်ဘာသာဆို ကြပ်နေတဲ့ bus ကို တိုးစီးနေရမယ်... ဒါမှမဟုတ် ရထား သွားစီးမှာမလား... စိတ်ကျဥ်းကျပ်စရာ မောင်ရယ်!!"
တကယ်တော့ လူကြပ်နေတဲ့ ရထားတွေ ကားတွေက စိတ်ကျဥ်းကျပ်စရာ မဟုတ်ပဲ အလုပ်ကို မမနဲ့ အတူတူ သွားရမှာက စိတ်ကျဥ်းကျပ်စရာ အစစ်ဆိုတာ မမကို ပြောလိုက်ချငိမိတယ်။
သို့သော် စကားလုံးတိုင်းကို မြိုချရင်း မမ အလိုကျ မြန်မြန်သာ ပြင်ဆင် ပေးလိုက်တော့သည်။
"ဟော..မောင်က မမထုတ်ပေးထားတဲ့ ဝတ်စုံ ဘာလို့ မဝတ်တာလဲ!!"
"မောင် ဒီနေ့ ဒီဝတ်စုံလေး ဝတ်ချင်လို့ပါ မမရယ်!!"
"နောက်ကျနေပြီဆိုတော့ ထားလိုက်တော့.. မမ မပြောချင်တော့ဘူး!!"
သက်ပြင်းလေးသာ ခိုးချရင်း ... ကင်ဆော့ဂျင်ရေ.. မင်းဘဝတော့ သူ့ပုံစံခွက်ထဲက ဘယ်တော့မှ လွတ်မလဲကွာ။
ရုံးရယ်လို့ ရောက်တော့ ကျနော်တိုနှစ်ယောက်ရဲ့ အကွာအဝေးက 10 ပေ သာ ခြားနားသည်။
အတွင်းရေးမှုးချုပ် သူမ နှင့် လက်ထောက် အတွင်းရေးမှူးလေး ကျနော်။
မမရဲ့ အလိုက်သိတတ်မှုတွေက တခြားသူတွေ အမြင်မှာ အချစ်လို့ မြင်နေရပေမယ့် ထိုအချစ်ကို ခံနေရသူ ကျနော့်အတွက်တော့ အကျဥ်းသား တစ်ယောက်လိုပါပဲ။
"မမ... ကျနော် နေ့လည်စာက production team နဲ့ သွားစားချင်လို့!!"
" ဪ... သွားလေမောင်.. ရပါတယ်... မမ မင်းအတွက် booking လုပ်ထားတဲ့ ဆိုင်ကို cancel လိုက်တော့မယ်!!"
"မမရယ်.. ကျနော့်ကို ကြိုလည်း မပြောဘူး!!"
"မောင်က မမနဲ့ စိတ်တစ်ထပ်ထဲ ကျမယ်လို့ မမ တွေးထားတာလေ!!... သွားစားပါ သွား!!"