"Falling For Forever"

336 22 1
                                    

(Unicode)

" မင်ဟျောင်း အမေ့ကို လမ်းထိပ်မှာ ဆားလေးသွားပြီး
ဝယ်ပေးပါအုံး " ဂိမ်းဆော့နေတဲ့ မင်ဟျောင်းက
သက်ပြင်းတစ်ချက်ချလိုက်ပြီး အပြင်ကိုထွက်လာခဲ့တယ်။

"ဘာလို့ အသံအရမ်းဆူနေရတာလဲ " ဖုန်းကိုဘောင်းဘီ
အိတ်ကပ်ထဲထည့်လိုက်ပြီး ကြည့်လိုက်တော့ သူ့အိမ်ဘေးကို မိသားစုတစ်စုပြောင်းလာတာကိုတွေ့လိုက်ရတယ်။ မင်ဟျောင်းလည်းတစ်ချက်ဘဲကြည့်လိုက်ပြီး စတိုးဆိုင်ကိုဘဲလာခဲ့တယ်။

" ဆားလေးပေးပါ "

" ဒီမုန့်လေးယူအုံးမယ်နော် " အသံကြားတဲ့နေရာကို
ကြည့်လိုက်တော့ကောင်လေးတစ်ယောက်
ပါးစပ်ထဲမှာလည်းမုန့်အပြည့်နဲ့ကို နောက်ထပ်မုန့်ထပ်ဝယ်နေသတဲ့။

" ဘာကြည့်တာလဲ ဗျ "

မင်ဟျောင်းကခေါင်းခါပြန်လိုက်တော့ချက်ချင်းမျက်စောင်းထိုးပြီး ထွက်သွားတယ်။

" မင်းတို့ဘေးအိမ်ကိုပြောင်းလာတဲ့ကောင်လေးထင်တယ်အခုမှမြင်ဖူးတယ်သူ့ကို၊ သားကောသိလား"

" ဟင့်အင်း ကျွန်တော်လည်းအခုမှမြင်ဖူးတာ "

" ငယ်သေးတယ်ထင်တယ် ပါးလေးကပြည့်ပြီး ချစ်စရာလေးဘဲ လမ်းထဲ ကောင်လေးချောချောလေးတွေတိုးတာကောင်းတယ်ဟေ့၊ ဒါမှငါ့ဆိုင်ကို ကောင်မလေးတွေက မင်းတို့ကိုလာချောင်းရင်းမုန့်လာဝယ်ကြမှာ "

စတိုးဆိုင်ကအန်တီပြောလိုက်တဲ့စကားကြောင့်သူပြုံးမိလိုက်သည်။ သူ့အိမ်ရှေ့ရောက်တော့ သူ့ကိုကြည့်မိ
လိုက်ပါသေးတယ်။ အန်တီပြောသလိုပါးဖောင်းဖောင်းနဲ့

ဝက်ဝံလေးနဲ့တူတဲ့ကောင်လေး။
သူက သူ့ရဲ့ ပစ္စည်းတွေကိုချနေပြီး ပါးစပ်ကလည်း
တတွတ်တွတ်ပြောနေလေရဲ့။သူ့ကိုလည်းမြင်ရော
ထပ်ပြီး မျက်စောင်းထိုးပြီး အိမ်ထဲဝင်သွားပါလေရဲ့။

*ဒီကလေးကအမြဲလူတိုင်းကိုမျက်စောင်းထိုးနေတာလား*

" မေမေရော့ ဆား! ဘာတွေချက်နေတာလဲ "

" မေမေ့သူငယ်ချင်းလေ အိမ်ပြောင်းလာတာ သူ့ကိုညစာစားဖို့ဖိတ်ထားတာ အဲ့တာနဲ့ ရှယ်ချက်နေတာ "

Markhyuck One Shot Collection Where stories live. Discover now