"Sweet Heaven-1"

129 16 2
                                    

(Unicode)

" သေပါပြီ ငါအချိန်ပိုင်းကိုမေ့နေတာ "

ဟယ်ချန်းအနွေးထည်တစ်ခုကိုဝတ်လိုက်ပြီးနှင်းတွေ
ကျနေတဲ့အပြင်ဘက်ကိုအမြန်ပြေးထွက်လာခဲ့သည်။
ဟယ်ချန်းက နာမည်ကြီးတက္ကသိုလ်တစ်ခုမှာScholarship
နဲ့ကျောင်းတတ်နေပြီး အချိန်ရရင် ရသလို အချိန်ပိုင်း
တွေလုပ်ပြီး အိမ်ကိုပြန်ထောက်ပံ့နေတဲ့လိမ္မာတဲ့ကလေး။

" ဆောရီးပါ လက်ပူသွားလားမသိဘူး ကျွန်တော်ပြန်ပြီး
လုပ်ပေးပါမယ် တောင်းပန်ပါတယ် "

" ရတယ် ကလေး ထားလိုက်ပါ "

ဟယ်ချန်း အချိန်ပိုင်းလုပ်ရတဲ့ဆိုင်က ဒိတ်ဒိတ်ကြဲ
သူဌေးတွေရဲ့ Private ဆိုင်လေးပေါ့။ အဲ့ဆိုင်ကိုနာမည်ကြီး
Celebrity တွေ၊ အမတ်တွေ၊ ကုမ္ပဏီပိုင်ရှင်တွေအတွက်
ဖွင့်ထားသလိုပင်။ ဟယ်ချန်း ထိုဆိုင်မှာလုပ်ရတဲ့
အကြောင်းအရင်းက လစာအရမ်းများတာကြောင့်ပင်။
ထိုဆိုင်ကို ဘယ်သူလာတယ်ဆိုတာကို လုံးဝမပေါက်ကြား
အောင် အမြဲဂရုစိုက်နေရသည်။

ဟယ်ချန်း စိတ်နဲ့လူနဲ့မကပ်ဘဲ VVIP Room ကသူဌေး
တစ်ယောက်ရဲ့လက်ပေါ် ရေနွေးပူကိုလောင်းချသလို
ဖြစ်သွားသည်။ တစ်ဖက်က အဆင်ပြေတယ်ပြောပင်မဲ့
အရင်တစ်ခေါက်သူအခုလိုဖြစ်တုန်းက အဆင်ပြေတယ်
ပြောပြီး မန်နေဂျာကိုတိုင်လိုက်တာကြောင့် သူအလုပ်ပြုတ်
ပလိုဖြစ်သွားသေးသည်။

ခဏကြာတော့ သူခဏက အဆင်ပြေတယ်လို့ပြောခဲ့တဲ့
လူနဲ့ဆိုင်မန်နေဂျာတို့စကားပြောနေတာကိုတွေ့လိုက်သည်။

*အာ Shitt အဆင်ပြေတယ်ပြောပြီးတော့ အဲ့တာကြောင့်
သူဌေးဦးလေးကြီးတွေကိုမယုံရတာ*

" အီဟယ်ချန်း ပြီးရင် ရုံးခန်းကိုလိုက်ခဲ့ "

" ဟုတ်ကဲ့ "

ဟယ်ချန်းဒီတစ်ခေါက်တော့အလုပ်ပြုတ်မယ်ဆိုတာကို
သိနေသည်။ ဒါကြောင့် ခုနတုန်းက လူရဲ့ကားဆီကို
ပြေးသွားပြီး လက်ကိုလှမ်းဆွဲလိုက်သည်။

" ဟေ့ မင်း "

ထိုလူဘေးက တခြားအစောင့်တွေက ဟယ်ချန်းကိုတားဖို့
လုပ်ပင်မဲ့ ထိုလူက လက်ပြလိုက်ပြီး ဟယ်ချန်းရဲ့
အပြောကိုစောင့်နေသည်။

Markhyuck One Shot Collection Where stories live. Discover now