52 0 0
                                    

"ရိဟန်!!"

အတန်းချိန်ပြီးတော့ သူမ မှတ်စုစာအုပ်သိမ်းကာ အခန်းအပြင်ထွက်ချိန် ရင်းနှီးနေကျ ခေါ်သံကြားလိုက်တော့

"ဘာလဲ ? "

နောက်လှည့်ကြည့်လိုက်တာနဲ့ ဗူးတစ်ဗူးလက်ကမြှောက်ပြကာ ပြုံးပြနေတဲ့ သူက....? သူမတို့ TSINGHUA University ရဲ့ နိုင်ငံခြားကျောင်းသားတွေထဲက အချောဆုံး ကျောင်းသားစာရင်းဝင် ချန်ရှောင်

"ငါနင့်ကို ဘယ်နှစ်ခါပြောရမှာလဲ ငါ့နာမည် ရိဟန်မဟုတ်ဘူး ။ ရှူဟန်!!! "

သူမ စိတ်ပျက်စွာနဲ့ ပြောလိုက်တော့ ချန်ရှောင်က သူ့ရဲ့စတိုင်အတိုင်း ဆံပင်ကို လက်နဲ့ဖွသပ်လိုက်ကာ ဆွဲဆောင်မှုရှိတဲ့ ခြေတံရှည်တွေနဲ့ သူမဆီ ခပ်သွက်သွက်လျှောက်လာပြီး

"အွန့် နင်ကြိုက်တယ်မလား? "

ချန်ရှောင်က မျက်ခုံးတစ်ချက်ပင့်ကာ ပန်းရောင်ဗူးလေးကို ကမ်းပေးလာတော့ သူမ ယူလိုက်ပြီး....

"ကျေးဇူး"

"ငါလိုက်ပို့မယ်လေ "

"မလိုဘူး"

သူမပြောလိုက်တော့ ချန်ရှောင် အနောက်မှာကျန်ခဲ့ကာ သူမလည်း အဆောင်ဆီပြန်သွားတော့သည်

"ပြန်လာပြီလား? ရှူဟန် "

"အင်း"

သူမအဆောင်အခန်းထဲဝင်လိုက်တာနဲ့ သူမအခန်းဖော်တွေက မေးတော့ သူမဖြေလိုက်ပြီး ချန်ရှောင်ပေးထားတဲ့ ဖျော်ရည်ဗူးကို စာရေးခုံပေါ်က laptop ဘေးမှာချထားလိုက်သည်

"ရှူဟန်!! ဒါ ချန်ရှောင်ပေးတာမလား"

"အင်း"

သူမဖုန်းသုံးနေရင်း အခန်းဖော် ထျန်ထျန်က မေးတော့ သူမဖြေလိုက်တာနဲ့ ထျန်ထျန်မျက်နှာက ပြုံးစိစိဖြစ်သွားကာ

"နင်တို့ အခြေအနေတော်တော်တိုးတက်လာပြီဘဲ ရှူဟန် ။ ဟင်း..ဟင်း.."

"မဟုတ်တာတွေ မပြောစမ်းနဲ့ ထျန်ထျန် ။ ရှုဟန် နဲ့ ချန်ရှောင်က ဒီတိုင်း သူငယ်ချင်းတွေဘဲဆိုတာ ငါတို့လည်း သိတာဘဲ "

သူမရဲ့နောက်အခန်းဖော် တစ်ယောက်ဖြစ်သူ မင်ယွီက ဝင်ပြောတော့ ထျန်ထျန်က သက်ပြင်းချကာ

unconditional Love Where stories live. Discover now