19 0 0
                                    

နေပြည်တော် ရဲ့ သွားလာယဉ်သိပ်မများတဲ့ လမ်းမကြီးတွေထဲက ၈လမ်းမောင်း ရာဇဌာနီလမ်းမကြီးထက်မှာ နောက်ဆုံးပေါ်ကားအကောင်းစားတစ်စီးနဲ့အတူ ထိုကားအတွင်းထဲက သူတစ်ယောက်ကလည်း အထီးကျန်စွာနဲ့ ကားမောင်းနေရင်း....... ထိုသူရဲ့ စိတ်အစဉ်ကတော့ မိုင်ပေါင်းထောင်ချီဝေးလှတဲ့ နေရာဆီက သူတစ်ယောက်ဆီ မှာရောက်နေသည်

ကံ့ကော်ပန်းပွင့် အဝိုင်းကိုရောက်တော့ စီယာတိုင်ကို လှည့်နေရင်း နဂိုသွားစရာရှိတဲ့ နေရာကနေ ပြောင်းပြန်လမ်းဘက်ကို သူကွေ့လိုက်သည် ။ ထိုသူရဲ့ အရင်အတိုင်း မပြောင်းလဲတဲ့ စူးရှပြီးဆွဲဆောင်မှုရှိတဲ့မျက်ဝန်းတွေကတော့ တစ်ခုခုကို တွေးနေဟန် တည်ငြိမ်နေလှသည်

*ကျွီ.........*

ရာဇသဂႅဟလမ်းရဲ့ လမ်းမီးတစ်ချို့ဟာ မလင်းနေပြီး မှောင်ရိပ်ကျနေတဲ့နေရာနားလေးအရောက်မှာ အရှိန်နဲ့မောင်းနေတဲ့ထိုကားဟာ ထူးဆန်းစွာဘဲ ရပ်လိုက်သည်။ ရုတ်တရက် ကားဘရိတ်အုပ်လိုက်တာကြောင့် တိတ်ဆိတ်နေတဲ့ ကားလမ်းမကြီးက ပွတ်တိုက်သံ ထွက်ပေါ်လာသည်

ခနအကြာမှာဘဲ ထိုလူဟာ ကားပေါ်က ဆင်းသွားကာ ကားရှေ့မှာ မုဆိုးဒူးထောက်ထိုင်ချလိုက်သည် ။ မှောင်ရိပ်ကျပြီး လူမမြင် တိတ်ဆိတ်တဲ့နေရာတွေက သန်မာရင့်ကျက်ပြီး ခံစားချက်ကို ဖော်ထုတ်မပြတက်တဲ့သူတွေ ခံစားချက်ကို လူမသိ သူမသိ ဖော်ထုတ်တဲ့နေရာတဲ့.........

ဟုတ်ပါသည်...... ထိုသူဟာ ဒူးတစ်ဖက်ထောက်ထားလျက် 5မိနစ်ခန့်လောက် ငြိမ်သက်နေပြီး ထူးခြားပြီး စူးရှကာ ဆွဲဆောင်မှုရှိလှတဲ့ မျက်ဝန်းထဲကနေ အရည်ကျည်လဲ့လဲ့လေးတွေဟာ နိုင်ငံခြားသားဆန်ဆန် မျက်နှာကျနဲ့ ဖြူဖွေးနုဖတ်နေတဲ့ ပါးပြင်ကို ဖြတ်သန်းကာ ကားလမ်းပေါ်ကို တစ်ပေါက်ပြီးတစ်ပေါက် ကျလာတော့သည်

ဒီလိုလမ်းမကြီးထက်က ဒီလိုနေရာမျိုးမှာ အရင်က ဘယ်လိုအရာတွေများ ဖြစ်ပျက်ခဲ့လို့ ထိုလူဟာ ထိုသို့ဖြစ်နေတာပါလိမ့် ?

ဒီနေရာကတော့ ထိုလူအတွက် မမေ့နိုင်တဲ့ ဘယ်လို နာကျင်စရာအမှတ်တရတွေကိုများ ဖြစ်စေခဲ့လို့ပါလဲ?

You've reached the end of published parts.

⏰ Last updated: Nov 02 ⏰

Add this story to your Library to get notified about new parts!

unconditional Love Where stories live. Discover now