i. lost stars

256 47 0
                                    

lost stars
- Adam Levine

• hi, bye, I love you •

ဆောင်းဟွန်းအတွက် ခုနှစ်တွေနဲ့ပက်သက်တဲ့ကိစ္စမျိုးတွေဆိုတာ မှတ်မိနိုင်ဖို့ဆိုတာခဲယဉ်းတဲ့အလုပ်ပဲ။
ခန့်မှန်းခြေအရ နှစ်ထောင်ခုနှစ်ရဲ့ အစပိုင်းအချိန်တွေဖြစ်နိုင်ကောင်းပါတယ်။
လမ်းသွယ်လေးပေါ် အပြိုင်အဆိုင်ကျနေတဲ့နှင်းပွင့်တွေကြား ဆောင်းဟွန်းရဲ့ နားရွက်ဖျားတွေက အအေးဒဏ်ကြောင့်နီရဲလို့နေတယ်။ ဒါပေမယ့် လွယ်အိတ်ကြိုးကိုတင်းတင်းဆုပ်ကိုင်ထားရင်း ခပ်သွက်သွက်ခြေလှမ်းတွေနဲ့အတူ အိမ်ကိုအမြန်ပြန်ရောက်ဖို့အတွက်ပဲ ဆောင်းဟွန်းက တာဆူနေခဲ့မိတယ်။

တစ်ထစ်
နှစ်ထစ်
လှေကားထစ်တွေကိုရေတွက်ရင်း ဆောင်းဟွန်းဦးတည်တဲ့နေရာက ဆင်ခြေဖုံးရပ်ကွက်ထဲက ခပ်အိုအိုတိုက်တစ်လုံးရဲ့ခေါင်မိုးထပ်အခန်းကျဉ်းလေး။ ဆောင်းဟွန်းအလွတ်ရနေတဲ့ လှေကားထစ်အရေအတွက်ကိုကျော်ဖြတ်လာပြီးတဲ့အခါ ခပ်ညစ်ညစ်အဖြူရောင်တံခါးရှေ့ ခြေစုံရပ်ရင်း အခြားဖိနပ်တစ်ရံရှိလိုရှိငြား ဟိုဟိုဒီဒီလိုက်ကြည့်မိတယ်။ ဆောင်းဟွန်းရဲ့အခုပုံစံကို မေမေမြင်လို့မဖြစ်တဲ့အပြင် မေမေစိတ်ဆိုးလောက်မယ့်အရာတစ်ခုကို ဆောင်းဟွန်းလုပ်လာခဲ့တာကြောင့်ပါပဲ။

အိမ်ထဲမှာ မေမေမရှိမှန်းသေချာသွားတဲ့အခါမှ ဆောင်းဟွန်း အသက်ဝဝရှူလိုက်နိုင်မိတယ်လို့ ထင်ပါတယ်။ တံခါးအဖြူလေးကိုတွန်းဖွင့်လိုက်တဲ့အခါ အိမ်အပြင်ဘက်နဲ့သိပ်ကွာခြားမနေတဲ့အပူချိန်က ဆောင်းဟွန်းကိုရိုက်ခတ်တယ်။ ဒါပေမယ့် ဆောင်းဟွန်းက အေးအေးစက်စက်ကြမ်းပြင်တွေ၊ ခပ်ပါးပါးနံရံတွေနဲ့ နေသားကျနှင့်နေခဲ့ပြီးသားပဲဖြစ်တယ်။

အိမ်ထဲကိုဝင်ဝင်လိုက်ချင်း အရောင်ပြောင်းလုနီးနီး နို့နှစ်ရောင်နံရံကပ်စာရွက်ပေါ်ကနာရီလေးထဲ ညွှန်ပြနေတဲ့အချိန်က ညနေ၄နာရီနဲ့မိနစ်၅၀။ မေမေရဲ့အိမ်ပြန်ရောက်ချိန်က ၅နာရီကျော်ကျော်။ မျက်စိတစ်ဆုံးစာပဲရှိတဲ့ အခန်းကျဉ်လေးထဲ ဖွက်စရာတစ်နေရာကို ဆောင်းဟွန်းအမြန်ရှာရတယ်။

ရင်တမမနဲ့ဖုံးဝှက်လာခဲ့ရတဲ့ပစ္စည်းကို ဆွဲထုတ်လိုက်တဲ့အခါ ဆောင်းဟွန်းရဲ့လက်ထဲပါလာခဲ့တာက ရောင်စုံခြယ်ခဲတံဘူးလေးတစ်ဘူး။
မူလတန်းကျောင်းသားတစ်ယောက်အတွက်ကတော့ အရောင်နှစ်ဆယ့်လေးမျိုးပါတဲ့ အရောင်ခြယ်ခဲတံဘူးက ဇိမ်ခံပစ္စည်းတစ်မျိုးပဲ။ ဒါကိုဝယ်နိုင်ဖို့ ဘယ်နှစ်ရက်လောက်အထိ သူများတွေရဲ့အိမ်စာ စာအုပ်တွေထဲ စာဖြည့်ပေးခဲ့ရမှန်း ဆောင်းဟွန်းကိုယ်တိုင်ပဲ သိပါတယ်။

hi, bye, I love you | psh•pjsWhere stories live. Discover now