viii. my love mine all mine

269 52 5
                                    

my live mine all mine
- Mitsuki


• hi, bye, I love you •


"ငါလည်း ခခယယကိုတောင်းပန်ခဲ့ပါတယ်။ ငါအော်ခဲ့မိတာတွေအတွက်လည်း တောင်းပန်ကြောင်း၊ စိုက်ပေးထားတဲ့ထမင်းကြော်ဖိုးတွေအတွက်လည်း အားနာကြောင်း၊ ကျေးဇူးတင်ကြောင်း။ ဆဲချင်ရင်လည်း ဆဲလိုက်လို့ရတဲ့အကြောင်း"

"အဲ့တော့"

"ဒါပေမယ့် ငါးရက်လုံးစကားပြန်မပြောဘူးကွာ။ ငါလည်း အတတ်နိုင်ဆုံးတောင်းပန်ခဲ့တာပဲ"

"အဲ့တာနဲ့ လမ်းခွဲချင်ရင်ခွဲကြရအောင်လို့ ပြောတယ်ပေါ့"

ဆောင်းဟွန်းကပဲ ဂျုံဆောင်းကို ခပ်ဖွဖွလှမ်းရိုက်လိုက်ရပါတယ်။ နှစ်ပတ်တာရည်းစားနဲ့လမ်းခွဲခဲ့ရတဲ့မင်ဟျောင်းက ဆောင်းဟွန်းတို့အခန်းထဲရောက်နေခဲ့ပြီး ဂျုံဆောင်းရဲ့ကုတင်ပေါ်မှာ ဂျုံဆောင်းရဲ့အရုပ်ကိုဖက်ရင်း ရင်ဖွင့်ပြနေခဲ့တာပဲဖြစ်တယ်။ တတိယနှစ်မှရသည့် ရည်းစားမို့ထင်။ မင်ဟျောင်းရဲ့အကြောင်းတွေကို ဆောင်းဟွန်းတို့ထိုင်နားထောင်ပေးနေခဲ့ရတာ မနက်ကတည်းပင်။

"အင်း အဲ့တာနဲ့ သူကလည်းလမ်းခွဲမယ်တဲ့"

"ပါးရိုက်မသွားဘူးလား မင်းကို။ ငါသာဆို ဆံပင်ပါဆွဲတယ်"

အခုရက်ပိုင်း ဂျုံဆောင်းကပဲ ဆောင်းဟွန်းရဲ့အကျင့်တွေကူသွားတာလားမပြောတတ်ပေမယ့် ပါးစပ်ကထွက်သမျှဘုဘောက်နဲ့မို့ ဆောင်းဟွန်းကပဲလိုက်ထိန်းရတာအကြိမ်ကြိမ်။

"ဘယ်လိုလုပ်ရမလဲ။ ငါလမ်းမခွဲပေးနိုင်သေးဘူး။ ငါ ဘယ်လိုတောင်လိုက်ခဲ့ရတဲ့ကောင်မလေးမို့လို့လဲ"

"တောင်းပန်လိုက်လေ"

"ငါ တောင်းပန်တာပဲ။ ဘာကိုတောင်းပန်ရမယ်မှန်းမှမသိတာ။ စဉ်းစားမိသမျှ အကုန်တောင်းပန်တာပဲ"

"ပါးစပ်နဲ့တောင်းပန်တာမဟုတ်ဘဲ ဝမ်းလျားမှောက်ပြီးတောင်းပန်တာဖြစ်ဖြစ်..."

စားပွဲပေါ်ကနေ တဂျီဂျီမြည်လာတဲ့ ဆောင်းဟွန်းရဲ့ဖုန်းသံက စကားဝိုင်းကို တိတ်ဆိတ်သွားစေခဲ့သည်။ ဖုန်းချလိုက်ခဲ့တာတောင် ထပ်ကာထပ်ကာအဆက်မပြတ် ဖုန်းဝင်လာနေဆဲမို့ ဆောင်းဟွန်းကပဲ ဖုန်းကိုအုပ်ကိုင်ကာ စကားဝိုင်းထဲကနေထွက်လာခဲ့ရသည်။
စကားဝိုင်းထဲမှာကိုယ်တိုင်ပါနေခဲ့တာကြောင့် ဂျုံဆောင်းနဲ့ မင်ဟျောင်းက ဘယ်လောက်အသံကျယ်မှန်း ဆောင်းဟွန်းမတွေးခဲ့မိတာသဘာဝကျပါသည်။ ကျန်အခန်းကလူတွေဘယ်လိုဖြစ်နေခဲ့မလဲမသိပေမယ့် အခန်းတံခါးကို ပိတ်လိုက်ပြီးတဲ့အထိတောင် နှစ်ယောက်သားရဲ့စကားသံကို ဆောင်းဟွန်းက ရှင်းရှင်းလင်းလင်းကြားနေရဆဲ။

hi, bye, I love you | psh•pjsWhere stories live. Discover now