Hanna Chapter 1

27 2 0
                                    

"လူကြီးဘဝနဲ့ကလေးဘဝဘယ်အရာကပိုပြီးလွတ်လပ်တယ်လို့ရှင်တို့ထင်လဲကလေးဘဝလို့ဖြေတဲ့သူတွေများကြမှာပါဒါပေမယ့်ကျမအတွက်တော့မဟုတ်ခဲ့ဘူးကလေးဘဝမှာကတည်းကအဆင့်အတန်းဆိုတဲ့ရာထူးတွေကြားကခွဲခြားမူတွေကိုသင်ကြားပေးခံရပြီးတော့ကလေးဘဝမှာကတည်းကကျမရဲ့ကံကသူများဆုံးဖြတ်ပေးတာခံခဲ့ရတယ်"
အချိန်ကားအေဒီ၃ရာစုဝေသာလီယာတိုင်းပြည်တွင်ကလေးနစ်ယောက်ညသန်းခေါင်အချိန်တစ်ခုတည်းမှာမတူညီတဲ့နေရာမှာမွေးဖွားခဲ့ပြီးသူတို့ရဲ့မသိသေးခင်မှာတင်သူတို့ကံတရားကတစ်ခြားသူဆုံးဖြတ်ပေးတာခံခဲ့ရသည်တစ်ယောက်ကတော့တိုင်းပြည်ရဲ့မင်းသမီးအဖြစ်ဆုံးဖြတ်ခံခဲ့ရပြီးတစ်ယောက်ကတော့ယောက်ကျားလေးလိုချင်တဲ့သူဖခင်အတွက်ငါ့လိုစစ်သည်တစ်ယောက်ပဲဖြစ်လာရမယ်ဆုံးဖြတ်တာခံခဲ့ရသည်
နှင်းဝတီ[ဝေသာလီယာဘုရင်နဲ့ဘုရင်မရဲ့တစ်ဦးတည်းသောသမီးတော်ဖြစ်ပြီးတော့တိုင်းပြည်ရဲ့အိမ်ရှေ့စံမင်းသမီးအဖြစ်မွေးမွေးချင်းမှာတင်လျာထားခြင်းခံရသူ]
ဟန်နာ[ဝေသာလီယာဘုရင်ရဲ့စစ်သူကြီးတဖြစ်ယုံကြည်အားထားရဆုံးလူယုံရဲ့ပထမဆုံးသမီးဦးဖြစ်ပြီးယောက်ကျားလေးလိုချင်သောဖခင်ရဲ့ငါ့လိုစစ်သည်တစ်ယောက်ဖြစ်လာရမယ်လို့ဆုံးဖြတ်ချင်းခံခဲ့ရသူ]
ဝေသာလီယာတိုင်းပြည်သည်အေးချမ်းနေသောတိုင်းပြည်ဖြစ်ခဲ့သည်ဟုတ်သည်ဖြစ်ခဲ့သည်ဒါပေမယ့်အိမ်ရှေ့စံမမွေးခင်၄နစ်လောက်တွင်စုန်းမှော်ယုံကြည်သုံးစွဲမူတွေတင်အဆမတန်များပြားလာခဲ့သည်
Bloodline[သွေးဆက်-ယခင်ကမှော်ပညာဆိုသည်မှာမျိူးရိုးမြှင့်မှော်ပညာသုံးစွဲသူရဲ့မျိူးဆက်တွေသာသုံးနိူင်သည်သို့သော်မျိူးဆက်တိုင်းသည်ကောင်းတဲ့ရည်ရွယ်ချက်ဖြစ်မနေချေမကောင်းတဲ့ရည်ရွယ်ချက်နဲ့သူများလဲရိူခဲ့သည်
ဝေသာလီယာဘုရင်နန်းမတက်ခင်မှာတင်မှော်ပညာကိုမကောင်းတဲ့ရည်ရွယ်ချက်မှာသုံးစွဲသူများကိုရှင်းလင်းခဲ့ပြီးတော့ကောင်းတဲ့ရည်ရွယ်ချက်မှာသုံးတဲ့သူတွေကိုလဲမင်းအမိန့်နဲ့သာသုံးစွဲခွင့်ပြုခဲ့သည်သို့သော်မှော်ဆရာတစ်ယောက်ဖြစ်သလိုလမ်းမှားရောက်ခဲ့သောလူတစ်ယောက်သူသည်သူမသေခင်မှာတင်သူ့၏အသက်ကိုယစ်ပူဇော်ခဲ့ပြီးတော့မှော်ပညာကိုပစ္စည်းတွေထဲမှာထည့်သွင်းခဲ့ပြီးအနယ်အနယ်အရပ်ရပ်ကိုပို့ပစ်ခဲ့သည်ထိုမှစ၍မှော်ဝင်ပစ္စည်းများစွာပေါ်ပေါက်ခဲ့ပြီးရှာဖွေသူတွေလဲများပြားလာခဲ့သည်ပစ္စည်းတိုင်းသည်သုံးစွဲသူအပေါ်မူတည်ပြီးအကောင်းဆိုးပြောင်းသွားနိူင်သည်ထိုပစ္စည်းတွေအပေါ်မူတည်ပြီးသာမာန်လူများလဲစုန်းအဖြစ်ပြောင်းလဲသွားသူတွေလဲပေါ်ပေါက်လာခဲ့သည်ဒါ့ကြောင့်ဝေသာလီယာဘုရင်နန်းတက်သောအခါပစ္စည်းတွေကိုရှာဖွေခဲ့ပြီးတော့ဖျက်ဆီးဖို့ကြိုးစားခဲ့သည်ဒါပေမယ့်လဲယနေ့ထိတိုင်မှော်ပစ္စည်းများစွာကျန်ရစ်နေသည်]
နစ်၂၀ကြာပြီးနောက်
နှင်းဝတီ-"လုပ်ပါဟန်နာရဲ့မနက်ဖြန်ဆိုရင်ငါကမလွတ်လပ်တော့ဘူးလေဒီတစ်ရက်လေးပဲလေပြီးတော့နင်လဲပါနေတာပဲကိုဘာမှမဖြစ်ပါဘူးဟာနော်"
ဟန်နာ-"မင်းသမီးအခုတလောမြို့ထဲမှာမှော်ပစ္စည်းသုံးစွဲတဲ့လူတစ်ယောက်ရိူနေတယ်ဆိုတဲ့ကောလဟာလတွေကြားနေရပါတယ်မလုံခြုံပါဘူး"
မနက်ဖြန်သည်နှင်းဝတီရဲ့တရားဝင်ပြည်သူတွေရှေ့မှာအိမ်ရှေ့စံအဖြစ်အသိအမှတ်ပြုခံရမည့်ပွဲဖြစ်သည်တနည်းပြောရရင်မနက်ဖြန်ကနေစပြီးလွတ်လပ်ခွင့်တွေပိတ်တော့မည်ဖြစ်သည်ဒါကြောင့်မို့လို့သူမရဲ့ကိုယ်ရံတော်ဖြစ်တဲ့ဟန်နာကိုမြို့ထဲခိုးထွက်ဖို့ဆွယ်နေခြင်းဖြစ်သည်
ကလေးဘဝထဲကကံတရားသတ်မှတ်ခြင်းခံခဲ့ရသောလူနစ်ယောက်ကြီးပြင်းလာသောအခါမှာလဲသတ်မှတ်ထားခံရတဲ့အတိုင်းတစ်ဦးမှာမင်းသမီးအဖြစ်ကြီးပြင်းလာပြီးတစ်ဦးမှာစစ်သည်တစ်ယောက်အဖြစ်ကြီးပြင်းလာသည်သို့သော်ကံတရားရဲ့ဖန်တီးမူကြောင့်နစ်ယောက်မှာငယ်စဉ်ကတည်းကနန်းတော်တစ်ခုတည်းမှာကြီးပြင်းလာရတဲ့လူနစ်ဦးဖြစ်တာနဲ့အညီခင်မင်ရင်းနှီးလာခဲ့သည်
နှင်းဝတီ-"လုပ်ပါဟန်နာရဲ့ငါ့ကိုမသနားဘူးလားငါ့မှာဒီတစ်ရက်လေးပဲရတာလေ"
ဟန်နာသက်ပျင်းချမိသည်ဟုတ်လဲဟုတ်ပါတယ်မင်းသမီးတစ်ယောက်ရဲ့တာဝန်ကိုထမ်းဆောင်ရမယ်ဆိုတာကမည်မျှပင်တာဝန်ကြီးလဲသူမနားလည်နိူင်သည်
ဟန်နာ-"ဟုတ်ပြီအဲ့ဒါဆိုရင်သွားကြတာပေါ့မင်းသမီးက ကျမအနားပဲနေပါဘယ်မှမခွါပါနဲ့"
ဒီလိုနဲ့မင်းသမီးနဲ့ကိုယ်ရံတော်နစ်ယောက်ပေါင်းပြီးမြို့ထဲကိုခိုးထွက်လာခဲ့သည်လွတ်လွတ်လပ်လပ်ရိူချင်တယ့်မင်းသမီးရဲ့ဆနဒ္ဒကြောင့်တော်ဝင်အဝတ်အစားမင်းသမီးတစ်ပါးလိုအဝတ်အစားတွေမဝတ်ပဲပြည်သူအဝတ်အစားပဲဝတ်မယ်လုပ်နေလို့အနည်းဆုံးတော့အထက်တန်းစားပုံစံလေးဝတ်ဖို့မနည်းနားချလိုက်ရသည်ဟန်နာကတော့ရုတ်တရတ်ပေါ်လာမည့်အရာတွေကိုကာကွယ်ရန်စစ်သည်သာမာန်ရဲမတ်အဝတ်အစားဝတ်ထားသည်
မြို့ထဲရောက်သည်နဲ့မင်းသမီးဆိုတာကိုဖုံးကွယ်ထားတာတောင်သာမာန်အထက်တန်းစားလူတစ်ယောက်အနေနဲ့တောင်ပြည်သူတွေကိုပိုက်ဆံလေးတွေပေးပြီးကူညီလိုက်လုပ်နေတာဝတီပါလေ
နန်းတွင်းထဲမှာတော့မင်းသမီးလေးသည်အေးစက်သည့်ရေခဲမင်းသမီးဆိုပြီးပြောခံရတာတွေရိူသော်လဲဟန်နာအတွက်မင်းသမီးသည်မင်းသမီးဖြစ်နေတာတောင်သူမကိုသူငယ်ချင်းတစ်ယောက်လိုပြောဆိုရင်းနှီးပေးသောသူတစ်ယောက်ဖြစ်သည်သူမဆီကနေလဲဓားသိုင်းကိုလဲခိုးသင်ခိုင်းသေးသည်
ဒီလိုနဲ့သူတို့နစ်ယောက်မြို့လဲမှာလျှောက်လည်နေကြရင်းရုတ်တရတ်ပတ်ဝန်းကျင်မှာမြို့ထဲလူစည်ကားရာကနေတောအုပ်အဖြစ်ပြောင်းလဲသွားသည်
ဟန်နာ-"ငါတို့ဘယ်ရောက်သွားတာလဲခုနကတင်မြို့ထဲမှာရိူနေတာလေ"
ဟန်နာ-"ဝတီငါ့နားမှာနေနေဒါမှော်ပစ္စည်းသုံးတဲ့သူဖြစ်မယ်"
နှင်းဝတီ-"ရတယ်ဟန်နာငါအရင်လိုမျိူးနောက်မှာကာကွယ်ခံရမယ့်သူမဟုတ်ဘူးနင်နဲ့ဘေးချင်းယှဉ်ပြီးတူတူတိုက်မယ့်သူပဲ"
Unknown-"ဟ...ဟ...ဟ တိုက်ဆိုင်ချင်တော့လဲမင်းသမီးကငါတို့ရှေ့ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာကောပဲ"
စကားသံနဲ့အတူတောအုပ်သစ်ပင်များနောက်ကွယ်မှလူတစ်စုထွက်ပေါ်လာသည်ထိုထဲမှာတစ်ယောက်ရဲ့လက်ထဲတွင်လက်ပတ်လိုဟာလေးရိူနေသည်
unknown-"ဟေ့ကောင်တွေအရှေ့ကလူနစ်ယောက်ရဲ့ခေါင်းတွေကိုယူလာနိူင်တဲ့သူကိုငါတစ်သက်စားမကုန်တဲ့ရွှေတွေပေးမယ်"
ဟန်နာ-"မောင်မင်းတို့တွေတိုင်းပြည်ရဲ့အသက်မင်းသမီးနဲ့သူမရဲ့ကိုယ်ရံတော်ကိုမြင်တာတောင်ဘာတွေလုပ်နေကြတာလဲအခုချက်ချင်းမသေချင်ရင်ဓားတွေချကြစမ်း"
unknown-"ဟုတ်သားပဲမင်းသမီးနဲ့ကိုယ်ရံတော်ဆိုတော့ဒီထက်ပိုပေးသင့်တာပေါ့ဟေ့ကောင်တွေမင်းတို့နစ်သက်စာရွှေတွေပေးမယ်ကွာဟားဟား"
ထိုလူတစ်စုရဲ့အကြည့်တွေမှာမင်းသမီးဆိုတဲ့လေးစားမူတွေမရိူနေတာကိုသတိထားမိပြီးဟန်နာဝတီကိုမျက်စပစ်ပြီးကျောချင်းကပ်လိုက်သည်ထို့နောက်ဟန်နာသူယူလာသည့်ဓားအပိုတစ်စုံကိုဝတီကိုပေးပြီးတော့နစ်ဦးသားကျရောက်လာတော့မယ့်တိုက်ပွဲအတွက်အဆင်သင့်ပြင်ထားကြသည်
မိနစ်၃၀ခန့်ကြာသော...
တိုက်ပွဲမှာပြင်းထန်ပြီးလူအရေအတွက်မမျှသောကြောင့်ဟန်နာတို့နစ်ယောက်အရေးန်ိမ့်နေသည်ဟန်နာတစ်ယောက်ဒီတိုင်းဆိုရင်မင်းသမီးအတွက်အသက်စိုးရိမ်ရမှန်းသိတော့ပထမဆုံးသူမတွေးမိသည်ကခေါင်းဆောင်ဟုထင်ရတဲ့သူလက်ကလက်ပတ်မှော်ဝင်ပစ္စည်းအဲ့ပစ္စည်းကသူမတို့ကိုဒီခေါ်လာတာဆိုရင်ပြန်လဲပို့နိူင်လောက်မှာပဲ
ဟန်နာ-"ဝတီဒီလိုပြောရတဲ့အတွက်ငါတောင်းပန်ပါတယ်ငါ့ကိုခနလောက်အချိန်ဆွဲပေးနိူင်မလားငါခေါင်းဆောင်ကောင်ရဲ့မှော်ဝင်ပစ္စည်းကိုရရင်ငါတို့လွတ်လောက်တယ်"
နှင်းဝတီ"ရတယ်ဟန်နာငါထိန်းပေးထားမယ်"
ဟန်နာတစ်ယောက်ဝတီဆီကစကားကိုရတာနဲ့လက်ကျန်အင်အားတွေကိုစုပြီးတော့ခေါင်းဆောင်ဆိုသူဆီအရှိန်ဖြင့်ဖောက်ထွက်သွားသည်
ကျန်ခဲ့တဲ့လူတွေကိုတော့ဝတီတစ်ယောက်ဟန်နာဆီကပ်မလာနိူင်အောင်ထိန်းပေးနေသည်
ရုတ်တရက်ဖြစ်သွားသောအခြေအနေကြောင့်ခေါင်းဆောင်ဆိုသူတစ်ယောက်ဓားတောင်ထုတ်ချိန်မရသူ့လည်ပင်းနားကိုကပ်လာကောဓားတစ်စုံ
ဟန်နာ-"ငါတို့ကိုမူလနေရာကိုပြန်ပို့ပေးပါမဟုတ်ရင်ငါ့ဓားကမင်းလည်ပင်းဆီပဲ"
unknown-"ဟ...ဟ ဘာလဲမင်းငါ့ကိုဓားထောက်ထားရုံနဲ့ငါ့လူတွေကလက်နက်ချမယ်ထင်လို့လားမင်းအနောက်ကိုလှည့်ကြည့်သင့်တယ်"
ဟန်နာတစ်ယောက်အနောက်ကိုကြည့်လိုက်သောအခါဝတီ
ဝတီရဲ့ဗိုက်မှာသွေးတွေနဲ့လဲကျနေသည်
ဟန်နာဒေါသတကြီးနဲ့အရှေ့ပြန်လှည့်ချိန်မှာစူးခနဲနာကျင်သွားသောပုခုံးတစ်ဖက်တောအုပ်ထဲမှာချောင်းမြောင်းပစ်ခံရသောမြားတစ်ချောင်းမှာဟန်နာပုခုံးကိုစိုက်ဝင်သွားသည်
unknown-"ဘယ်လိုလဲမကြာခင်သေရတော့မှာဆိုတော့ဘာများပြောခဲ့ချင်သေးလဲ"
ဟန်နာတစ်ယောက်နာကျင်မူများကြားမှတင်ပြုံးလိုက်ကာ
ဟန်နာ-"လက်တစ်ဖက်မရိူပဲမင်းဘယ်လိုနေမလဲငါသိချင်တယ်"
Unknown-"ဟမ်....အားးးးးးးး"
ဖွာခနဲဖြစ်သောသွေးများနဲ့အတူ့ပြတ်ထွက်သွားသောလက်တစ်စုံ
ဟန်နာသည်မှော်ဝင်ပစ္စည်းကိုဝတ်ထားသောလူရဲ့လက်ကိုဖြတ်ပြီးတော့ထိုလက်မှပစ္စည်းကိုယူကာဝတီအနားဆီကိုပြေးသွားခဲ့သည်
ဝတီမှာနူတ်ခမ်းလေးတွေမှာဖြူဖျော့နေပြီးသတိလစ်နေသည်
unkown-"ဟေ့ကောင်တွေဘာကြည့်နေတာလဲအဲ့ကောင်မနစ်ကောင်ကိုသတ်ပြီးငါ့ပစ္စည်းပြန်ယူလာခဲ့"
ဓားတွေအပြည့်နဲ့လူများသည်ဟန်နာတို့နားကပ်လာကြသည်
ဟန်နာသည်မှော်ဝင်ပစ္စည်းကိုလက်မှာစွပ်ပြီးတော့
ဟန်နာ-"မှော်ဝင်ပစ္စည်းတွေဆိုတာအသက်ရိူနေတဲ့ပစ္စည်းတွေလို့ငါသိထားတယ်ဒါကတကယ်ဆိုမင်းဘယ်လိုအလုပ်လုပ်လဲငါမသိဘူးဒါပေမယ့်အခုချိန်မှာငါတောင်းဆိုချင်တာကကျေးဇူးပြုပြီးငါတို့ကိုဒီနေရာမဟုတ်တဲ့နေရာဝတီကိုကယ်တင်နိူင်တဲ့နေရာကယ်တင်နိူင်တဲ့သူရှေ့ကိုခေါ်ပေးပါ"ဟန်နာစိတ်ထဲရေရွတ်လိုက်တာနဲ့ပစ္စည်းမှာလင်းလက်သွားပြီးနောက်ဟန်နာသတိထားမိသည်မှာသူမမာတဲ့အရာတစ်ခုခုအပေါ်ပြုတ်ကျတာခံစားလိုက်ရသည်ပြီးတော့အရှိန်နဲ့အတူလှိမ့်ကျသွားသည်ဘာလဲဆိုတာသူမအရေးမစိုက်နိူင်မင်းသမီးဝတီကိုသာသူမအာရုံစိုက်နိူင်သည်
ထိုစဉ်မှာတင်သူမအသံတစ်ခုကြားတော့မော့ကြည့်လိုက်တဲ့အခါ
"လှသည်နန်းတွင်းကမိန်းကလေးတွေလှသည်ဆိုသည်မှာထိုမိန်းကလေးကိုမမှီနိူင်အဝတ်အစားမှာလဲထူးထူးဆန်းဆန်းအဖြူရောင်ကိုမှအရှည်ကြီးနဲ့ဒီအဝတ်အစားကပဲထိုမိန်းကလေးကိုဆွဲဆောင်မူပိုရိူနေစေသည်ထိုမိန်းကလေးရဲ့အကြည့်တွေမှာသူမကိုစိုးရိမ်နေသယောင်ယောင်"
လူဆိုးလားလူကောင်းလားဟန်နာဆုံးဖြတ်နေစဉ်မှာတင်ထိုမိန်းကလေးမှဟန်နာနားမလည်သောစကားတွေလာပြောနေသည်
ဟန်နာ-"ဘာတွေလာပြောနေတာလဲမင်းဘယ်သူလဲခုနကလူတွေနဲ့တူတူလားဒါမှမဟုတ်မင်းကငါတို့ကိုကူညီနိူင်တဲ့သူလား"
ဟန်နာပြန်ပြောတော့ဟန်နာတို့ကိုနားမလည်တဲ့အကြည့်တွေနဲ့ပြန်ကြည့်လာသည့်မိန်းကလေးထို့နောက်ထိုမိန်းကလေးမှာအိတ်ထဲတစ်ခုခုရှာနေပြီးနောက်ဘာတွေမှန်းမသိပြောပြီးလှည့်ထွက်ဖို့လုပ်နေသည်
ထိုအချိန်တွင်
"သူမကိုနမ်းလိုက်ရင်သူမစကားတွေကိုနားလည်ပြီးမင်းစကားတွေလဲသူနားလည်လာလိမ့်မယ်"
ဟန်နာခေါင်းထဲကြားလိုက်ရသောအသံတစ်ခုမှန်လားမှားလားမဆုံးဖြတ်နိူင်ခင်မှာတင်ဟန်နာထိုမိန်းကလေးရဲ့လက်ကိုဆွဲယူခဲ့ပြီးတော့ထိုမိန်းကလေးပြန်အလှည့်မှာနမ်းလိုက်မိသည်
ဟန်နာ mind-"ငါသူ့ကိုနမ်းလိုက်မိတာလားဒါကအနမ်းဆိုတာလားချိူမြိန်လိုက်တာငါ့ကိုဘယ်သူပြောတာလဲမသိပေမယ့်ငါနမ်းရင်သူတို့စကားနားလည်လာလိမ့်မယ်ဟုတ်တယ်သူတို့စကားနားလည်ဖို့ပဲငါနမ်းတာတစ်ခြားဘာစိတ်မှမရိူဘူးဟုတ်တယ်"
ဟန်နာပြန်ခွါလိုက်တော့သူမကိုပြူးကြောင်ကြောင်လေးကြည့်နေသည့်လူသားထိုမိန်းကလေးဘာမှမတုန့်ပြန်မှာခင်ဟန်နာစိတ်ထဲသူနားလည်ပါစေဆုတောင်းပြီးပြောလိုက်သည်
ဟန်နာ-"သူမကိုကယ်တင်ပေးပါကျေးဇူးပြုပြီးငါတောင်းဆိုပါတယ်"

Arthur ဒါကိုအရင်ဖတ်မိတဲ့သူတွေဆိုရင်လဲကျနော်wallမှာတင်ထားတဲ့အေဒီ၃ရာစုမှအချစ်အပိုင်း၁တင်ထားတာလေးဖတ်ပေးပါဗျအဲ့ဒါဆိုကျွန်တော်ရေးချင်တဲ့ပုံစံကိုသိပြီးpov teamရွှေးတာဖြစ်ဖြစ်ဆုံးဖြတ်နိူင်ပါတယ်ဗျ🩵🩵🩵

မျဉ်းပြိုင်နစ်ခုရဲ့ချစ်ခြင်းWhere stories live. Discover now