Hanna Chapter 2

11 2 0
                                    

စစ်သည်တော်တစ်ယောက်ဖြစ်သလိုမင်းသမီးတစ်ပါးရဲ့ကိုယ်ရံတော်အနေနဲ့ကောသူငယ်ချင်းတစ်ယောက်အနေနဲ့ကောသူမတာဝန်မှာဘယ်သူ့ကိုမှအလွယ်တကူမယုံကြည်ရန်လဲပါသည်သို့သော်ထိုထဲတွင်ဒီမိန်းကလေးမပါဝင်ချေအနည်းဆုံးတော့သူမစိတ်ကဒီမိန်းကလေးကိုလက်ခံနေမိသည်အခုလဲသူမပြောစကားကိုနားလည်သွားလို့နဲ့တူတယ်ဘာမှန်းမသိထူးဆန်းတဲ့ယာဉ်လိုအကောင်လိုလိုကြီးထဲကိုသူမတို့ကိုဝင်စေတယ်သူမတို့ဒဏ်ရာကိုကုဖို့အတွက်ဘာရုံဆိုလားမသိခေါ်သွားမယ်ပြောတယ်ပြီးတော့အကောင်ကြီးထံမှဆူညံတဲ့အသံတစ်ခုခုကြားရတော့စိတ်ထဲအန္တာရယ်ဖြစ်မှာစိုးရိမ်ပြီး
ဟန်နာ-"မင်းရဲ့အကောင်ကငါတို့စီးတာကိုမကြိုက်လို့လားအသံကအကျယ်ကြီးပဲ"ဆိုပြီးပြောတော့ထိုမိန်းကလေးမှာသူမကိုအရန်ကောဆိုတဲ့အကြည့်နဲ့ပြန်ကြည့်တာခံလိုက်ရသေးနောက်မှထိုမိန်းကလေးပြန်ပြောချက်အရကားဟုခေါ်ကြောင်းဟန်နာသိလိုက်ရသည်
အသံထွက်ပြီးနော်ကမကြာခင်မှာပင်
သူမတ်ို့ရှေ့ကိုရွှေ့နေတာကိုခံစားမိလိုက်သည်
ဘာကောင်ကိုစီးနေသည်မှန်းမသိပေမယ့်အကောင်ထက်ယာဉ်နဲ့တော့ပိုတူသားမြင်းလှည်းတွေထက်တော့မြန်သားဟုတွေးမိသည်အရှေ့ကထိုအကောင်ကိုမောင်းနေတဲ့အမိမှာလဲသူမကိုတစ်ခုခုမေးချင်နေပေမယ့်မြိုသိပ်ထားနေသလိုလိုဟန်နာမှာလဲပုခုံးကဒဏ်ရာရယ်ပြီးတော့သူ့ပေါင်ပေါ်မှာလှဲနေတဲ့မင်းသမီးကိုစိုးရိမ်တာရယ်ကြောင့်သူမမေးလာခဲ့ရင်လဲပြန်ဖြေနိူင်ဖို့အထိလဲသက်သာမနေချေပြီးတော့ပိုပြီးအရေးကြီးတာကမင်းသမီးငယ်စဉ်ကတည်းကစစ်သည်တော်တစ်ယောက်လိုလေ့ကျင့်ပေးခံရတဲ့ဟန်နာအတွက်သူငယ်ချင်းဟုခေါင်းစဉ်တပ်လို့ရသူမှာမင်းသမီးတစ်ယောက်ပဲရိူသည်အဲ့ဒါမို့လို့ဟန်နာ ဝတီကိုအထိအခိုက်မခံနိူင်ပါသူမပုခုံးမှဒဏ်ရာသည်သွေးထွက်လွန်နေပြီးတစ်ခုခုနဲ့ဖိထားဖို့လိုအပ်တာဟန်နာသိသည်သို့သော်ကိုယ်ရံတော်တစ်ယောက်ဆိုတာကိုယ့်အသက်ထက်မင်းသမီးကိုဦးစားပေးရမည်ဖြစ်သည်အဲ့ဒါမို့လို့ဝတီရဲ့ဒဏ်ရာသွေးထွက်မလွန်စေရန်သာသူမအာရုံစိုက်နေမိသည်ထိုအချိန်တွေရုတ်တရတ်ရပ်သွားသောကြောင့်ဟန်နာဘေးဘီကိုကြည့်မိသည်သူမတို့အခုထိလမ်းတစ်ခုရဲ့အလည်မှာပင်ရိူနေတုန်းပင်မင်းသမီးရဲ့အသက်ကိုစိုးရိမ်နေတဲ့အချိန်မှာသူမတို့ကိုကုသပေးမယ်ပြောပြီးတော့ရုတ်ရက် ရပ်သွားတဲ့သူမကိုဟန်နာစိတ်တိုမိသည်
ဟန်နာ-"ဟေ့မင်းရဲ့မြင်းလားဘာလားတော့မသ်ိဘူးဘာလို့ရပ်လိုက်တာလဲမင်းပြောတော့ငါတို့ကိုကုပေးဖို့ဘာရုံဆိုလားအဲ့ကိုခေါ်သွားမှာဆို"ဟန်နာပြောတော့ထိုမိန်းကလေးမှဟန်နာကိုအလိုမကျတဲ့အကြည့်တွေနဲ့ကြည့်လာပြီးတော့ရန်တွေ့လေသည်
unknown-"ဒီမှာရှင့်ပုခုံးကသွေးထွက်လွန်နေတာကိုဒီတိုင်းထားရင်ဆေးရုံမရောက်ခင်ရှင်သေ သွားနိူင်တယ်အဲ့တော့ရှင့်ဒဏ်ရာကိုပတ်တီးအရင်စီးဖို့လိုတယ်ကျွန်မမြင်းပေါ်..အဲ...အဲ ကားပေါ်မှာအသင့်ဆောင်ထားတာရိူလို့ရှင်ကံကောင်းသွားတယ်မှတ်"
ဟန်နာmind-"နန်းတွင်းသူတွေထင်လှတယ်ဆိုပြီးချီးကျူးမိတာလေးတောင်ပျောက်ချင်တယ်စကားပြောတာကလဲမင်းသမီးတစ်ပါးရဲ့ကိုယ်ရံတော်တောင်ဒီလိုပြောရဲပါ့လားအသက်ကတော့ငါ့ထက်ငယ်မယ့်ပုံစံပဲစိတ်ထိန်းဟန်နာ...စိတ်ထိန်း"
ထိုမိန်းကလေးမှကားဟုခေါ်သောအကောင်ထဲမှထွက်ပြီးတော့ဟန်တို့ရိူရာဘက်ရောက်လာတယ်ပြီးတော့လက်ထဲမှာလဲအဖြူရောင်အဝတ်စလိုလိုနဲ့ကြည့်ရတာတကယ်ပဲဒဏ်ရာကိုစည်းပေးဖို့ထင်တယ်
ထိုမိန်းကလေးအနားကပ်လာတော့သူ့ရဲ့အင်ကျီမှတံဆိပ်လိုလိုသံပြားလေးတစ်ခုကပ်ထားတာကိုဟန်နာသတိထားမိသည်ပြီးတော့နာမည်လိုလိုထွင်းထားတာလေးကရီနာ ဘာလို့လဲမသိထိုမိန်းကလေးကိုနမ်းပြီးနောက်တကယ်ပဲသူမပြောတာကိုထိုမိန်းငလေးနားလည်လာပြီးသူပြောတာလဲဟန်နာနားလည်လာတယ်အခုလဲစာတွေကဟန်နာနားမလည်တဲ့ဘာသာစကားဆိုပေမယ့်ဟန်နာဖတ်လို့ရနေတယ်ရီနာတယ့်ကြည့်ရတာထိုမိန်းကလေးရဲ့နာမည်ဖြစ်မယ်
ဟန်နာတစ်ယောက်တွေးနေတုန်းမှာတင်
ရီနာ-"ဒီမှာပတ်တီးစည်းဖို့..ဟို..ဟို ရှင့်အဝတ်တွေ.."
ဟန်နာmind-"ဘာလဲဟခုနကရန်တွေ့တုန်းကအကောင်းကြီးပါအခုမှဘာလို့စကားတွေလာထစ်နေတာပါလိမ့်ကြည့်ရတာအဝတ်ကိုဖယ်စေချင်တယ်ထင်တယ်"
ဟန်နာလဲရီနာဆိုတဲ့လူသားအဆင်ပြေစေရန်အင်ကျီမှကြိုးတစ်ချောင်းကိုဆွဲချလိုက်ပြီးအပေါ်ပိုင်းအင်ကျီမှအောက်သို့လျောကျသွားသည်စစ်သည်တစ်ယောက်ဖြစ်တာနဲ့အညီဒဏ်ရာရတာကမထူးဆန်းသလိုမိန်းကလေးအချင်းချင်းလဲဖြစ်တာမို့လို့ချွတ်ပေးလိုက်ခြင်းဖြစ်သည်ဒါပေမယ့်အဲ့လိုချွတ်တော့ထိုမိန်းကလေးမှခုနကထက်ပိုပြီးတော့တုန်နေတဲ့အသံနဲ့ပြောလာပြီးမျက်နှာလေးမှာလဲနီရဲနေကောပဲ
ရီနာ-"ရှင်...ရှင်ဘာလို့အပေါ်ပိုင်းတစ်ခုလုံးကိုချွတ်....ချွတ်လိုက်တာလဲ...လက်...လက်..နေရာနားကဟာလေးပဲဖြဲမလိုလေ"
ဟန်နာmind"ဘာလဲဟသူအဆင်ပြေအောင်လဲချွတ်ပေးရသေးတယ်မိန်းကလေးအချင်းချင်းပဲကိုအူကြောင်ကြောင်နဲ့တကယ်ကောငါတို့ကိုကုပေးနိူင်ရဲ့လားမသိဘူး"
ဟန်နာလဲခပ်တည်တည်စိုက်ကြည့်ပေးလိုက်တော့ဘာမှမပြောတော့ပဲထိုရီနာဆိုတဲ့လူသားမှာဟန်နာ့ဒဏ်ရာကိုသေချာစည်းပေးနေသည်ဒါတောင်လက်လေးတွေတုန်ပြီးတော့နာရွက်ဖျားလေးတွေကအစနီနေတယ်
ဟန်နာmind-"ဒီလိုလေးကျတော့လဲချစ်စရာကောင်းလိုက်တာ"
စည်းလို့ပြီးလဲပြီးသွားကောထိုရီနာဆိုတဲ့မိန်းကလေးကအမြန်ထွက်သွားပြီးသူ့နေရာသူ့ပြန်ထိုင်ပြီးကားဆိုတဲ့အကောင်ကြီးကိုဆက်မောင်းသွားတယ်ကျေးဇူးတင်စကားတွေတောင်မပြောလိုက်ရဘူး
နောက်သိပ်မကြာခင်မှာပဲကားဆိုတဲ့အကောင်ကြီးကအဆောက်အအုံအကြီးကြီးတစ်ခုအရှေ့မှာရပ်သွားတယ်ပုံစံကနန်းတွင်းကအဆောင်တွေထက်တောင်မြင့်ပြီးတော့လေးထောင့်တုံးကြီးနဲ့မွန်းကြပ်ပါဘိတွေးရတာနဲ့တင်
ရီနာဆိုတဲ့မိန်းကလေးကလဲကားထဲမှထွက်ပြီးသူမတို့ကိုလဲထွက်စေချင်တဲ့ပုံစံပေါက်နေတာကြောင့်ဟန်နာလဲမင်းသမီးကိုတွဲလိုက်ပြီးတော့ရီနာနောက်ကနေအဆောက်အုံထဲကိုလိုက်ဝင်ခဲ့သည်မင်းသမီးကိုဖြစ်နိူင်ရင်ချီသွားချင်သော်လဲပုခုံးကဒဏ်ရာနဲ့ကမဖြစ်ချေဟိုရီနာဆိုတဲ့သူကို ကူတွဲပေးဖို့ပြောချင်သောလဲသိပ်မယုံရသေးသဖြင့်မင်းသမီးကိုမထိစေချင်လို့သူမပဲရအောင်တွဲလာခဲ့သည်
အဆောင်အအုံရဲ့အတွင်းဝင်ဝင်ချင်းမှာတင်လေအေးတွေတိုက်ခက်နေတာကိုခံစားရပြီးတော့စိမ်းရွှေ့ရွှေ့အနံ့တွေပါဟန်နာခံစားမိသည်
အဆာက်အအုံထဲမှအနည်းငယ်ဆက်သွားနေတုန်းတစ်ခြားမိန်းကလေးတစ်ယောက်ကိုတွေ့မိသည်ထိုမိန်းကလေးမှာရီနာလိုမျိူးအဝတ်အစားပုံစံဆိုပေမယ့်ရီနာလိုအဖြူရောင်အရှည်ကြီးမျိူးတော့ဝတ်ထားတာမျိူးမဟုတ်ပြီးတော့လှတယ်ဒါပေမယ့်သူ့ရှေ့ကရီနာဆိုတဲ့လူသားလောက်တော့မဟုတ်
ရီနာဆိုတဲ့သူမမှာထိုမိန်းကလေးကိုစကားတွေပြောနေပြီးတော့ဟန်နာတို့ကိုဘာမှန်းမသိတဲ့ခုနကထက်ပင်ပိုကျင်းတဲ့လေးထောင့်သေတ္တာလိုထဲကိုခေါ်သွာရတယ်ပြီးတော့သံပြားကြီးနစ်ချပ်ကစေ့သွားပြီးတော့သိမ့်ခနဲမြည်ကာအပေါ်ကိုတက်သွားသလိုခံစားရသည်
ဟန်နာလန့်သွားပြီရီနာကိုကြည့်တော့သူမမှာအဆင်ပြေပါတယ်ဆိုတဲ့အကြည့်တွေနဲ့ပြန်ကြည့်နေလို့စိတ်သက်သာရာရမိသည်
နည်းနည်းကြာပြီးနောက်ထိုသေတ္တာကြီးရဲ့တံခါးများပြန်ပွင့်သွားပြီးနောက်ဟန်နာတို့ကိုအခန်းတစ်ခုဆီကိုခေါ်သွားတယ်
အခန်းထဲရောက်တော့နန်းတော်ထဲကမွေ့ရာတွေထက်ကျဉ်းပြီးတစ်ယောက်လှဲစရာနေရာပဲရိူတဲ့အိပ်ယာလိုလိုကိုညွှန်ပြတော့ဟန်နာလဲမင်းသမီးကိုထိုနေရာလေးမှာလှဲချပြီးတော့သူမကတော့နေရာလွတ်တစ်ခုမှာထိုင်နေလိုက်တယ်
ထို့နောက်ထိုရီနာဆိုတဲ့လူသားကပစ္စည်းတွေဟိုရှာဒီရှာနဲ့လုပ်ပြီးတော့ချွန်ထက်နေတဲ့အရာတစ်ခုနဲ့မင်းသမီးနားကိုကပ်သွားတော့ဟန်နာကိုယ်ရံတော်တစ်ယောက်ရဲ့အသိစိတ်နဲ့အညီအလိုလိုထိုမိန်းကလေးရဲ့လည်ပင်းကိုဓားရွယ်လိုက်တယ်
ဟန်နာmind-"ဘယ်လိုပဲချစ်စရာကောင်းနေပါစေငါ့ဒဏ်ရာကိုကုပေးထားပါစေအဲ့ဒါနဲ့ပဲမင်းသမီးကိုထိခိုက်ခွင့်မပေးနိူင်ဘူးကောင်မလေးမင်းဖြစ်နေရင်တောင်ပေါ့လေ"
ဟန်နာ-"မင်းဘယ်သူလဲဆိုတာငါမသိဘူးငါ့ဒဏ်ရာကိုသက်သာအောင်စည်းပေးတာလဲငါအသိအမှတ်ပြုတယ်ဒါပေမယ့်မင်းလက်ထဲကလက်နက်နဲ့ဒီတစ်ယောက်ကိုထိခိုက်အောင်လုပ်ဖို့ဆိုရင်ငါခွင့်လွတ်မှာမဟုတ်ဘူးမင်းလက်ထဲကလက်နက်ကိုချလိုက်ပါ"
ဟန်နာပြောလိုက်တော့ကြောက်သွားမယ်ထင်ပေမယ့်ထင်ထားတာနဲ့မတူပဲဒေါသထွက်သလိုအကြည့်တွေနဲ့ပြန်ကြည့်နေတဲ့မိန်းကလေး
ဟန်နာmind-"ဘာတုန်းဟဓားကိုမကြောက်ဘူးလားဟထိုးရင်သေတာမသိတာလား....လား..လား
"ဂွတ်"
"ဂွတ်"
"ဂွတ်"
ဟန်နာတွေးလို့ပင်မဆုံးသေးခေါင်းပေါ်သို့ကျလာတဲ့အရာရှောင်ချိန်ပင်မရလိုက်ထို့နောက်နာကျဉ်လွန်းလို့ဓားကိုပင်လွတ်ချကာခေါင်းကိုပွတ်နေမိသည်
ဟန်နာကြည့်လိုက်တော့ရီနာဆိုတဲ့သူက
ရီနာ-""ဒီမှာ...ရှင်ဘယ်သူလဲဘယ်ကလဲကျွန်မမသိဘူး ကျွန်မကဆရာဝန်ဒီလူနာကိုကောရှင့်ကိုကော ကယ်ဖို့လုပ်နေတာအဲ့ဒါကိုဒီလောက်ဖြစ်ပျက်မနေနဲ့ငြိမ်ငြိမ်ထိုင်နေအသံတစ်ခုထပ်ထွက်လာမယ်ဆိုရင်ဒီထက်ပိုနာမယ်"
ပြောလဲပြောသူ့လက်ထဲမှာလဲဟန်နာရဲ့ခေါင်းကိုသုံးချက်လောက်ထုသွားတဲ့သံဘူးလိုလိုဟာကြီးလဲကိုင်ထားတာမြင်တော့ဟန်နာရန်တောင်မတွေ့နိူင်အလိုလိုငြိမ်မိသွားသည်
ဒါပေမယ့်မင်းသမီးကိုအန္တရယ်ပေးမှာဆိုရင်တော့ထိုမိန်းကလေးအတွက်ဒီတစ်ခါတော့သူမဓားကသတိပေးတာမဟုတ်ကဲအတည်ဖြစ်တော့မည်ဖြစ်သည်အဲ့ဒီအတွက်လဲဓားကိုအဆင်သင့်အနေထားနဲ့ကိုင်ထားလိုက်တယ်
နောက်မှထိုရီနာဆိုတဲ့မိန်းကလေးမှာမင်းသမီးရဲ့ဒဏ်ရာတွေကိုသေချာဂရုစိုက်နေမှန်းသိမှဟန်နာစိတ်ချသွားရသည်မင်းသမီးရဲ့ဒဏ်ရာတွေကိုပြုစုပြီးထိုမိန်းကလေးကဟန်နာဘက်ကိုလှည့်သူမနားရောက်လာပြီးတော့
ရီနာ-"ဒီမှာသူ့ဒဏ်ကိုသေချာကျွန်မချူပ်ပြီးပြီပိုးလဲသတ်ပြီးပြီနောက်အချိန်တစ်ခုကြာရင်သူသတိရလာလောက်တယ်အခုရှင့်အလှည့်ရှင့်ဒဏ်ရာကိုချူပ်ပေးမယ်ပုခုံးထိပဲဖြဲလိုက်အင်ကျီကိုအကုန်ချွတ်စရာမလိုဘူး"
ဟန်နာmind-"ဘာလဲဟဒီလောက်အတိအကျပြောစရာမလိုပါဘူးငါလဲနားလည်ပါတယ်ဟအရှေ့မှာတစ်ခါလုပ်ပြီးပြီပဲကို"
ဟန်နာအထွန့်တက်ချင်သောလဲထိုရီနာဆိုတဲ့မိန်းကလေးလက်ထဲမှာကိုင်ထားတဲ့အရာကြောင့်ငြိမ်နေလိုက်ရတယ်
ဟန်နာဒဏ်ရာတွေကိုသေချာချူပ်နေတဲ့မိန်းကလေးဟန်နာ နာလားဆိုတဲ့အကြည့်နဲ့ကြည့်နေတဲ့မိန်းကလေးစစ်သည်တစ်ယောက်ဖြစ်တဲ့ဟန်နာအတွင်ဒီလောက်လေးနဲ့တော့မနာကျင်ပါအဲ့အစားထိုမိန်းကလေးနဲ့အနီးကပ်ရိူနေရခြင်းကဟန်နာရင်ခုန်သံတွေကိုမြန်စေပြီးမောပန်းတဲ့ခံစားချက်မျိူးကိုဖြစ်စေတယ်
ထိုမိန်းကလေးကဟန်နာ့ဒဏ်ရာကိုဂရုစိုက်ပြီးဆေးယူမယ်လို့ပြောပြီးအခန်းထဲမှထွက်သွားတယ်မင်းသမီးလဲသတိရလာလိမ့်မယ်လို့ပြောသွားတော့ဟန်နာလဲအခုမှသက်ပြင်းချနိူင်တော့တယ်
ထိုမိန်းကလေးထွက်သွားတော့ဟန်နာလဲသူဖွတ်ထားတဲ့လက်ပတ်ကိုထုတ်ကြည့်သည်ဟုတ်တယ်ထိုရီနာဆိုတဲ့မိန်းကလေးကားဆိုတဲ့အရာပေါ်ကမဆင်းလာခင်မှာတင်အမြန်ချွတ်ပြီးဖွက်ထားလိုက်ခြင်းဖြစ်သည်ဟန်နာလက်ပတ်ကိုကြည့်နေတုန်းမှာတင်
unknown-"ဘယ်လိုလဲငါ့ရဲ့အစွမ်းတွေကိုသဘောကျရဲ့လား"
ဟန်နာ့ခေါင်းထဲမှာပေါ်လာတဲ့အသံတစ်ခုဟန်နာကိုသူမကိုနမ်းလိုက်ဆိုပြီးပြောတဲ့အသံနဲ့တူတူပင်
ဟန်နာmind-"ဘယ်သူလဲငါပုခုံးထိတာလေခေါင်းပါထိပြီးရူးသွားတာလားဟ"
unknown-"မင်းဘာမှမဖြစ်ပါဘူးမင်းကအခုလက်ပတ်ရဲ့အသုံးပြုသူအသစ်မို့လို့ငါပြောတာတွေကြားနေရတာဒီလက်ပက်ကနေရာတစ်ခုကိုရွှေ့နိူင်တာမင်းသိလောက်ရောပေါ့ဒါပေမယ့်အဲ့ထက်ပိုတယ်မင်းအခုရောက်နေတာကနေရာဆိုတာထက်တစ်ခြားကမ္ဘာတစ်ခုပဲပြောရရင်အနာဂတ်ရှေ့ပေါင်းများစွာပြေးနေတဲ့ကမ္ဘာတစ်ခုပေါ့ဒီကမ္ဘာမှာလူတွေအတွက်ကမှော်ပညာဆိုတာအိပ်ယာဝင်ပုံပြင်သာသာပဲ"
ဟန်နာmind-"ဘာလို့ကျမတို့ကိုဒီကမ္ဘာကိုပို့လိုက်တာလဲပြီးတော့ပြန်သွားလို့မရဘူးလို့ကျမတို့ရဲ့နေရာကို"
unknown-"ဘာလို့ပို့တာလဲဆိုတာတော့ငါရှင်းပြလို့မရသေးဘူးလောလောဆယ်မှာဒါပေမယ့်မင်းတို့နေတဲ့နေရာတော့ပြန်ပို့နိူင်ပါတယ်ပြန်ပို့နိူင်တယ်ဆိုတာထက်ငါ့ရဲ့စွမ်းအားကနေရာပြောင်းဖို့မဟုတ်ပဲကမ္ဘာနစ်ခုချိတ်တဲ့အခါမှာကြာကြာမထိနိးထားနိူင်ဘူးအချိန်တစ်ခုကြာတာနဲ့မင်းတို့နေတဲ့မူလကမ္ဘာဆီပြန်ပို့ခံရမယ်"
ဟန်နာmind-"ပြန်ရောက်နိူင်တာလားကျမတို့မူလကမ္ဘာဆီအဲ့ဒါဆိုရင်ဘယ်အချိန်ပြန်ရောက်နိူင်မှာလဲပြီးတော့...ပြီးတော့"
unknown-"အာ...ငါပြောဖို့မေ့သွားတယ်မင်းတို့ပြန်ရောက်သွားတဲ့အခါကြရင်ကဒီကမ္ဘာကြီးမှာမင်းတို့မရိူခဲ့သလိုဖြစ်သွားမယ်မင်းတို့ကိုမြင်ခဲ့မင်းတို့နဲ့သိခဲ့တဲ့လူတွေရဲ့မှတ်ဥာဏ်မှာမင်းတို့ကိုမတွေ့ခဲ့သလိုမသိခဲ့သလိုအဖြစ်အကုန်ဖြစ်သွားမယ်လူတွေတင်မကပဲအရာရာမှာကောပေါ့ဒါပေမယ့်ရီနာဆိုတဲ့သူမကတော့မင်းနဲ့ချိတ်ဆက်နေတဲ့အတွက်ကြောင့်သူမမှတ်ဥာဏ်တွေကတော့ပြင်ခံရတာမျိူးမရိူပဲကျန်ခဲ့လိမ့်မယ်"
ဟန်နာmind-"မှတ်ဥာဏ်ပြင်ရေးခံရမယ်?...ချိတ်ဆက်နေတယ်ဘာတွေချိတ်ဆက်နေလို့လဲ?"
"အာ......"
ဟန်နာတွေးရင်းနဲ့မှရီနာဆိုတဲ့လူသားကိုနမ်းခဲ့တာတွေအတွေးထဲပြန်ပေါ်လာပြီးထိုဆိုလိုရင်းကိုနားလည်သွားသည်
ထိုအခါကြမှပဲထိုအနမ်းကိုတွေးမိပြီးသူမရင်ဘက်ကအကောင်လေးမှာအငြိမ်မနေပဲအခုန်မြန်လာပြန်ပြီ
unknown-"အာ..မင်းတို့ပြန်ရောက်တော့မယ့်အချိန်က.....အခုပဲ"
ဟန်နာ-"ဟမ်....."
လက်ပတ်မှအလင်းတန်းတစ်ခုထွက်လာပြီးတော့အခန်းတစ်ခုလုံးကိုလွှမ်းခြုံသွားသည်

Author note အပိုင်း1ကnoteလေးလိုပဲဒီမျဉ်းပြိုင်နစ်ခုရဲ့ချစ်ခြင်းနဲ့အေဒီ၃ရာစုမှအချစ်ကstoryတစ်ခုတည်းကိုမှpovပဲကွဲသွားတာပါအဲ့ဒါမို့လို့စာဖတ်သူအနေနဲ့မျဉ်းပြိုင်နစ်ခုရဲ့ချစ်ခြင်းကိုတစ်ပိုင်းဖတ်လိုက်အေဒီ၃ရာစုမှအချစ်ကိုတစ်ပိုင်းဖတ်လိုက်လုပ်ပြီးthird personအနေနဲ့storyတစ်ခုလုံးကိုအကုန်ဖတ်နိူင်သလိုရီနာ povကိုပဲရွှေးဖတ်တာပဲဖြစ်ဖြစ်ဟန်နာpovကိုပဲရွှေးဖတ်တာဖြစ်ဖြစ်လုပ်ပြီးfirst personအနေနဲ့ပဲဟန်နာသို့မဟုတ်ရီနာရဲ့အတွေးတွေကိုအတူလိုက်ပါခံစားသွားလို့ရပါတယ်

မျဉ်းပြိုင်နစ်ခုရဲ့ချစ်ခြင်းWhere stories live. Discover now