မီးလာင်ပျက်ဆီးနေတဲ့ရွာတစ်ရွာမီးတောက်တွေကြားမှာပြန့်ကျဲနေတဲ့လူသေလောင်းတွေမိခင်ဖြစ်ဟန်တူသည့်အမျိူးသမီးတစ်ဦးရဲ့အလောင်းဘေးနားမှာငိုနေတဲ့ကလေးတစ်ယောက်ဟန်နာမျက်စိရှေ့မှအရာတွေကလူမဆန်မူတစ်ခုရဲ့ပန်းချီကားတစ်ချပ်လိုပဲစပ်ဆုတ်ဖွယ်ကောင်းနေသည်ဒါပေမယ့်သူမကဘာလို့ဒီလိုနေရာရောက်နေတာလဲသူမရှေ့မှာအလောင်းတွေကြားငိုနေတဲ့ကလေးသည်သူမဘက်သို့လှည့်လာသောအခါဟန်နာတစ်ယောက်အထိတ်တလန့်ပင်အနောက်ကိုဆုတ်မိသည်ထိုကလေးရဲ့မျက်လုံးတွေကမျက်ရည်တွေအပြည့်ဖြစ်နေသော်လဲသူ့ရဲ့ပါးစပ်မှာအလွန်ကျေနပ်နေသည့်ကျောချမ်းစရာအပြုံးမျိုးနဲ့ပြုံးပြနေသည်ပြီးတော့အဲ့ကလေးရဲ့လက်ထဲမှာရိူနေတဲ့အရုပ်တစ်ရုပ်ထိုအရုပ်မှာသူ့ရဲ့ပိုင်ရှင်ကလေးနဲ့တစ်ပုံစံတည်းဖြစ်နေပြီးဒါပေမယ့်အရုပ်မှာတော့ဝမ်းနည်းဖွယ်အမူအယာဖြစ်နေသည်
ဟန်နာ-"အား......."
ဝတီ-"ဟန်နာသတိရလာပြီလား...ရလာပြီလားဟန်နာ...ဟန်နာသက်သာရဲ့လား"
ဟန်နာ mind-"ဟင်ဝတိီ....ခုနကမြင်ကွင်းတွေကောဘာလဲအိမ်မက်မက်နေတာလဲအိမ်မက်ဆိုရအောင်လဲအရမ်းရင်းနှီးနေသလိုပဲအဲ့ကလေးလက်ထဲကအရုပ်ကအသက်ဝင်နေသလိုပဲမသိရင်မှော်ဝင်ပစ္စည်းလို...လို...ဟင်မှော်ဝင်ပစ္စည်းဆိုမှဟိုမိန်းကလေးရီနာကော"
ဟန်နာတစ်ယောက်ဘေးပတ်လည်ကိုကြည့်တော့ရင်းနှီးတဲ့အငွေ့အသက်တွေဖြစ်တဲ့နန်းတွင်းအဆောင်အယောင်တွေဒါပေမယ့်သူမအခန်းမဟုတ်ပါဘူးဒါမင်းသမီးရဲ့အခန်းမဟုတ်လား
ဟန်နာ-"တောင်းပန်ပါတယ်မင်းသမီး မင်းသမီးရဲ့အခန်းမင်းသမီးရဲ့အိပ်ယာမှာအိပ်နေမိခဲ့လို့"
ဝတီ-"ဘာတွေပြောနေတာလဲဟန်နာရဲ့နစ်ယောက်တည်းရိူနေချိန်မှာဝတီလို့ခေါ်ပါဆိုပြီးတော့ဟန်နာကအိပ်နေတာမဟုတ်ဘူးသတိမေ့နေတာလေ ဝတီတို့တိုက်ခိုက်ခံရတာကိုသိတယ်မလားအဲ့တုန်းကဝတီသတိမေ့သွားပြီးသတိရလာတော့ဝတီတို့ကနန်းတော်ရှေ့ကိုရောက်နေတယ်ဟန်နာကသတိမေ့နေတာမို့လို့ဝတီရဲ့အဆောင်မှာပဲဟန်နာကိုထားထားတာလေ"
ဟန်နာ-"သတိမေ့နေတယ်?"
ဝတီ-"ဟုတ်တယ်လေဟန်နာရဲ့၃ရက်တောင်မှသတိမေ့နေတာ"
ဟန်နာmind-"ဟမ်သုံးရက်တောင်လားအဲ့လောက်ထိသတိမေ့သွားတာလားပြီးတော့ငါကဘာလို့သတိမေ့သွားတာလဲမှော်ဝင်ပစ္စည်းကြောင့်လား..ဟင်မှော်ဝင်ပစ္စည်းကောရိူသေးလား"
ဟန်နာလဲအခုမှသတိရပြီးသူမလက်ကိုကြည့်မှလက်ပတ်လေးတစ်ခုရိူနေတာကြောင့်ဖြစ်ခဲ့တာတွေကတကယ်မှန်းပိုသေချာသွားသည်သူမတကယ်ပဲတစ်ခြားကမ္ဘာတစ်ခုကိုရောက်သွားခဲ့တယ်ပြီးတော့ရီနာသူ့ကိုနမ်းခဲ့မိတယ်
ဟန်နာအခုမှပဲအဲ့ဒါကိုပြန်တွေးမိပြီးရင်ခုန်သံတွေမြန်လာပြီးခန္ဓာကိုယ်တစ်ခုလုံးအပူငွေ့ပြန်သလိုပင်ခံစားနေရတယ်
ဝတီ-"ဟန်နာဝတီတို့ကဟိုရာဇဝတ်သားတွေလက်ကနေဘယ်လိုလွတ်သွားတာလဲဝတီသတိမေ့သွားပေမယ့်လေအရမ်းကောင်းတဲ့အိမ်မက်တစ််ခုကိုမက်တယ်သိလားနန်းတွင်းသူတွေထက်တောင်လှတဲ့ကောင်မလေးတစ်ယောက်ကလေဝတီကိုကုပေးနေတာတဲ့အဲ့မတိုင်ခင်ကဝတီအရမ်းနာကြင်နေခဲ့တာသူလဲကုပြီးကောဝတီသက်သာသွားကောတဲ့ဟန်နာတစ်ခုခုသိသေးလားဘာတွေဖြစ်ခဲ့တယ်ဆိုတာ"
ဟန်-"ဘာမှမဖြစ်ခဲ့ပါဘူးဝတီရဲ့ဝတီအိမ်မက်မက်နေတာနေမှာပါဝတီသတိမေ့တော့တစ်ခြားအနားကရွာသားတွေရောက်လာတယ်လေသူတို့ရောက်တော့ရာဇဝတ်သားတွေကထွက်ပြေးသွားကောဟန်နာလဲဝတီကမင်းသမီးဆိုတာပေးသိလို့မရလို့ဝတီကိုနန်းတွင်းထဲကိုတွဲလာပြီးမေ့သွားတာဖြစ်မယ်"
ဝတီ-"ဟုတ်လားဒါပေမယ့်နန်းတွင်းသမားတော်တွေပြောတာကဟန်နာနဲ့ဝတီတို့ရဲ့ဒဏ်ရာတွေက တစ်ယောက်ယောက်ကုထားပေးထားတယ်တဲ့ပြီးတော့နန်းတွင်းသမားတော်တစ်ယောက်ထက်တောင်သေသပ်တဲ့လက်ရာတဲ့"
ဟန်နာ-"အော်...အဲ့...အဲ့ဒါလားအဲ့ဒါကဝတီသွေးထွက်လွန်နေလို့ဟန်..ဟန်နာက ကုပေးခဲ့တာအဆင်ပြေအောင်
ဝတီ-"ဟန်နာကဆေးလဲကုတက်တာလားတော်လိုက်တာ"
ဘာလို့မှန်းမသ်ိသူ့တစ်သက်ခင်မင်ရင်းနှီးလာခဲ့သည့်မင်းသမီးသူမရဲ့ငယ်သူငယ်ချင်းတစ်ဖြစ်ကို ဟန်နာလိမ်လည်မိခဲ့သည်ဘာလို့လဲမသ်ိဝတီပြောနေတဲ့မိန်းကလေးမှာရီနာဆိုတာခံစားနေရပြီးတော့ဝတီသဘောကျသလိုလိုပြောနေတာကိုဟန်နာမကြိုက်ပါ
ဟန်နာmind-"မင်းသမီးကတိုင်းပြည်ရဲ့ဘုရင်မဖြစ်လာမှာဒီလိုကိစ္စတွေကနေကာကွယ်မှဖြစ်မယ်ဟုတ်တယ်ငါအခုလိမ်လိုက်တာကမင်းသမီးကိုကာကွယ်ဖို့
ဟန်နာတစ်ယောက်သက်သာနေသော်လဲဝတီတိုက်တွန်းတာကြောင့်တစ်ရက်လောက်နားလိုက်ရသေးသည်နောက်နေ့ရောက်သည်နဲ့လေ့ကျင့်ရေးပြန်ဆင်းကာတိုင်းပြည်ရဲ့မင်းသမီးတစ်ပါးကိုသေချာမကာကွယ်ပေးနိူင်လို့ဟန်နာအရင်ကထက်ပင်နစ်ဆပိုပြီးကြိုးစားနေသည်
တစ်ခြားစစ်သည်တွေနဲ့ဓားရေးချင်းယှဉ်လိုက်တစ်ယောက်တည်းဓားရေးလေ့ကျင့်လိုက်နဲ့ဟန်နာတစ်ယောက်အားလပ်ချိန်မရိူအောင်ပင်လေ့ကျင့်မိနေသည်ဒါပေမယ့်အားလပ်ချိန်မရိူတဲ့ကြားထဲမှာပင်ခေါင်းထဲအမြဲမဖိတ်ခေါ်ပဲရောက်ရောက်လာတဲ့လူတစ်ယောက်ထိုလူသားရဲ့အနမ်းထိုလူသားပေးခဲ့တဲ့ချူပ်ရာလေးကိုစမ်းမိတိုင်းဟန်နာတစ်ယောက်ပြုံးမိသည်နန်းတော်ထဲမှာသူမကိုစစ်သည်တွေကအစကြောက်ကြတယ်သူမ မရင်းနှီးတဲ့လူတွေရှေ့ဆိုရင်ခံစားချက်မဲ့တဲ့မျက်နှာနဲ့သာအမြဲနေတဲ့သူမို့လို့ဒါပေမယ့်ထိုလူသားရီနာကမိမိကိုမကြောက်တဲ့အပြင်ပြန်တောင်ဒဏ်ရာလေးပေးလိုက်သေးတယ်
အဲ့လိုချိန်ကြရင်အနားကဖြတ်သွားတဲ့စစ်သည်တွေကတော့ဓားရေးလေ့ကျင့်ရင်းပြုံးနေတဲ့ဟန်နာကိုတွေ့ပြီးစစ်သည်တွေကြားစကားတစ်ခုပေါ်လာခဲ့သည်
မင်းသမီးရဲ့ကိုယ်ရံတော်ကလူစားလဲခံရတယ်ဆိုပြီး
ဟန်နာဒီတောအတွင်းမှော်ဝင်ပစ္စည်းကိုစကားပြောကြည့်ဖို့ကြိုးစားသေးသည်ဒါပေမယ့်ဘာမှတုန့်ပြန်တာကိုမကြားရ
ဒီလိုနဲ့ရက်အနည်းငယ်ကြာတော့တစ်ခြားနိူင်ငံတစ်ခုမှသံတမာန်ရေးရာအဖြစ်ရောက်လာမည့်မင်းသမီးတစ်ပါးကိုသွားကြိုရန်တာဝန်ပေးခြင်းခံခဲ့ရသည်
ဝတီကသူကပါအတင်းလိုက်မယ်လုပ်နေသောကြောင့်အရင်ကလိုထပ်မဖြစ်စေရန်နေခဲ့ဖို့မနည်းနားချခဲ့ရတယ်
မြို့ထဲကနေထွက်တဲ့ထိတော့ဘာပြသနာမှမပေါ်ခဲ့
ပေမယ့်မြို့ထဲကထွက်ပြီးအနည်းငယ်ကြာတော့တစ်ယောက်ယောက်ကအနောက်ကနေလိုက်ချောင်းနေသည်ကိုဟန်နာခံစားမိတယ်ဒါပေမယ့်အဲ့လိုခံစားမိချိန်မှာပဲသူမနဲ့အတူပါလာတဲ့စစ်သည်တော်တွေတစ်ယောက်ပြီးတစ်ယောက်လဲကျကုန်သည်ဟန်နာသတိကြီးကြီးထားပြီးစစ်သည်တစ်ယောက်ရဲ့လည်ပင်းကိုစမ်းကြရာအိပ်သွားကြမှန်းသိလိုက်ရသည်
ဟန်နာmind-"မှားစရာမရိူဘူးဒါမှော်ဝင်ပစ္စည်းအစွမ်းပဲအသုံးပြုတဲ့သူကအနားမှာပဲရိူရမယ်"
ဟန်နာ-"မင်းတို့တွေဘယ်သူတွေမှန်းငါမသိဘူးဒါပေမယ့်သွေးကြောင်မနေနဲ့သတ္တိရိူရင်ငါနဲ့ထိပ်တိုက်ရင်ဆိုင်"
ဟန်နာပြောလိုက်တော့တောအုပ်ထဲမှအဝတ်အမည်းနဲ့လူတွေလေးငါးယောက်ထွက်လာကြသည်အဲ့ထဲမှခေါင်းဆောင်ဖြစ်ဟန်တူတဲ့လူတစ်ယောက်ကလက်ထဲတွင်အိုးသေးသေးလေးတစ်လုံးကိုကိုင်ထားသည်
unknown-"မင်းငါ့ကိုမှတ်မိသေးလားမင်းကငါပိုင်တဲ့တစ်ခုကိုယူသွားတယ်လေအဲ့ဒါငါပြန်ယူရလိမ့်မယ်"
ထိုလူကပြောပြောဆိုနဲ့သူ့ရဲ့ပြတ်နေတဲ့လက်နေရာကိုအကြည့်ဖြင့်ညွှန်ပြသည်
ဟန်နာmind-"ဒီနေရာမှာတိုက်ခိုက်ရင်စစ်သည်တွေရဲ့အသက်ကိုစိုးရိမ်ရတယ်သူတို့ကိုဒီနဲ့ဝေးတဲ့နေရာကိုခေါ်သွားဖို့လိုမယ်"
ဟန်နာ-"မှတ်မိတာပေါ့မှတ်မိနေတဲ့အနေနဲ့လက်ဆွဲနူတ်ဆက်ပရစေအာ....ငါကညာသန်ကွမင်းရဲ့ဘယ်လက်ကနူတ်ဆက်ဖို့မရိူနေဘူးပဲ"
unknown-"မင်း....မင်း...ဟေ့ကောင်တွေအဲ့ကောင်မကိုသတ်ပြီးငါ့ပစ္စည်းယူလာခဲ့စမ်း"
ဟန်နာလဲသူ့ဆီကိုဝိုင်းလာတာကိုတွေ့တာနဲ့တောနက်ထဲစစ်သည်တွေရဲ့ဝေးရာကိုပြေးသည်
စ်ိတ်ချရသည့်နေရာရောက်မှလှည့်ပြီးရင်ဆိုင်ဖို့ပြင်သည်
unknown-"ဘယ်လိုလဲပြေးစရာနေရာမရိူတော့ဘူးလား"
ဟန်နာ-"မင်းကဘာလို့ငါ့ကိုပါအိပ်ပျော်အောင်မလုပ်တာလဲအဲ့ဒါဆိုမင်းအတွက်ပိုလွယ်မယ်မဟုတ်ဘူးလား"
unknown-"မင်းကဘယ်လိုပဲဖြစ်ဖြစ်သေလူဆိုတော့လဲပြောပြလိုက်ပါမယ်မှော်ဝင်ပစ္စည်းတွေကအသုံးပြုဖို့သပ်သပ်ပဲရိူနေတာမဟုတ်ဘူးအသုံးမပြုနေရင်တောင်တစ်ခြားမှော်ဝင်ပစ္စည်းရဲ့တိုက်ခိုက်မူတွေကိုအထိုက်အလျောက်ကာကွယ်ပေးကြတယ်အဲ့ဒါမို့လို့မင်းကအိပ်မပျော်သွားတာစိတ်မပူပါနဲ့မင်းအခုအိပ်ပျော်တော့မှာပါထာဝရပေါ့...ဟား..'ဟား...ဟား"
ဟန်နာmind-"လက်ပတ်ရေမင်းကငါ့ကိုဆက်သွယ်နိူင်တာငါသိတယ်ငါပြောတာတွေမင်းကြားရတယ်ဆိုရင်အခုချိန်မှာအကြောင်းပြန်ဖို့အကောင်းဆုံးပဲငါ့ကိုနန်းတော်ကိုပြန်ပို့ပေး"
ဟန်နာလက်ပတ်အစွမ်းကိုအသုံးပြုဖို့ကြိုးစားကြည့်သော်လဲဘာမှတုန့်ပြန်တာမတွေ့ရအရှေ့မှာသူမကိုသတ်မယ့်သူတွေကတစ်ဖြည်းဖြည်းနီးလာပြီ
ဟန်နာmind-"လက်ပတ်ရေတစ်ခုခုတော့လုပ်ပါဟငါ့နန်းတော်မပို့နိူင်ရင်တောင်ငါထွက်ပြေးလို့ရနိူင်မယ့်တစ်ခုခုအခွင့်အရေးလေးတော့ပေးပါဟ"
ဒီတစ်ခေါက်တော့လက်ပတ်လေးမှာလင်းသွားပြီးတော့ထိုအလင်းကသူမကောသူမကိုသတ်မယ်ဆိုတဲ့သူတွေပါလွှမ်းခြုံသွားသည်
"ဒုန်း"
စူးရှတဲ့အလင်းကြောင့်ဘာတွေဖြစ်လဲမသိနိူင်ပေမယ့်ကျယ်လောင်တဲ့အသံတစ်ခုကိုဟန်နာကြားလိုက်ရသည်အလင်းတွေပျောက်သွားတဲ့အချိန်ကြမှဟန်နာမျက်လုံးဖွင့်ကြည့်လိုက်တော့သူမကိုသတ်မယ်ဆိုတဲ့ခေါင်းဆောင်မှာလဲနေပြီးတော့သူ့အနောက်မှာတွေ့ရတဲ့အရာက
ဟုတ်တယ်သူဘယ်တော့မှမမေ့နိူင်တဲ့ရီနာရဲ့ကားဟုခေါ်တဲ့အကောင်အဲ့အကောင်ထဲမှာသူမမေ့နိူင်မှာမဟုတ်တဲ့အမျိူးသမီးတစ်ဦးလဲရိူနေသည်ဟန်နာလိုပဲတစ်ခြားသူတွေလဲဘာတွေဖြစ်သွားမှန်းမသိတော့ကြောင်ကြည့်နေမိသည်
ဟန်နာထိုကားဟုခေါ်တဲ့အကောင်ထဲမှာမိန်းကလေးကိုကြည့်ပြီးရေရွှတ်မိသည်
ဟန်နာ-"ရီနာ"
Author Note-ဘာမှမပြောတော့ပါဘူးအရှေ့ကnoteအတိုင်းပဲ😁
YOU ARE READING
မျဉ်းပြိုင်နစ်ခုရဲ့ချစ်ခြင်း
Fantasyမှော်ပစ္စည်းတစ်ခုရဲ့ခေါ်ဆောင်မူကနေစတင်ခဲ့တဲ့အရာတွေအားလုံးအဆုံးသတ်မှာကောဘာတွေစောင့်နေမလဲ