Ch 1

34 4 0
                                    

သင်တန်းချိန်ကပ်နေလို့ စိတ်ရှုပ်စွာနဲ့ ဆံပင်ကိုထိုးဖွရင်း စက်ဘီးလေးကို သင်တန်းကို ဦးတည်၍ စတင်နင်းထွက်လာခဲ့တယ်
ဘေးကို အတင်းကပ်ကွေ့လာတဲ့ကားကြောင့် မကြည်နေတဲ့စိတ်လေး ပိုနှောက်သွားပြီ ကားထဲက လူကို ဂြိုလ်ကြည့် လှမ်းကြည့်လိုက်ချိန်မှာ သူ့ကမ္ဘာကြီး ၅စက္ကန့်လောက်ရပ်တန့်သွားသလို ခံစားလိုက်ရတယ်။

သူဟာ လောကကြီးနဲ့ အဆက်အသွယ်ပျက်သွားသလို၊ အချိန်တွေရပ်တန့်သွားသလိုမျိူး ခံစားချက်ကိုရလိုက်တယ်။ ကိုယ့်နှလုံးခုန်သံကို ပြန်နားထောင်ရင်း သတိပြန်ကပ်ပြီး ဦးတည်ရာကို ဆက်သွားခဲ့တယ်။

သင်တန်းရောက်တဲ့အထိ ထိုလူ့ရဲ့မျက်နှာကို မျက်လုံးထဲက ထုတ်မရခဲ့ပါဘူး။ ထူးခြားတဲ့ရုပ်ရည်ဟာ သူ့မျက်လုံးတွေကိုဖမ်းစားသွားတယ်။ သာမန်လူတွေကြားထဲမှာ ချောတယ် လို့ သုံးလို့ရတဲ့ အဲ့ရုပ်ရည်၊ အဲ့ဒီလို ရုပ်ရည်နဲ့ အဲ့လူကြီးက ဘယ်ကပါလိမ့်။

ဆရာမရဲ့အသံကြောင့် အတွေးထဲမှ ပြန်ရုန်းထွက်ပြီး အကြည့်တို့အား သင်ပုန်းဆီသို့ပို့လိုက်သည်။


~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~


သူ့ရဲ့ အိမ်ပြန်လမ်းဟာ ပုံမှန်အတိုင်း သူ့ရဲ့သီချင်းညည်းသံလေး‌တွေနဲ့ သာယာနေတယ်။ လမ်းထဲကို စက်ဘီးကွေ့ဝင်လာချိန်မှာ တွေ့လိုက်ရတဲ့မြင်ကွင်းကြောင့် သူ့မျက်လုံးတွေဟာ အစမတန်ပြူးကုန်တော့တယ်။

အဖြူနဲ့အနက်ကို ပနံ့သင့်စွာ ဝတ်ထားတဲ့ထိုလူသားဟာ သူ့မျက်လုံးတွေကို နောက်တစ်ခေါက် ဖမ်းစားသွားပြန်တယ်။

ထိုလူနဲ့ လူအစုအချို့က သူတို့ တစ်အိမ်ကျော်မှာ ရပ်နေကြတယ်။ သူထင်တာမမှားရင် ရောင်းတော့မယ် တစ်အိမ်ကျော်က အိမ်ကို လာကြည့်ကြတဲ့သူတွေဖြစ်မယ်။

'ဒါဆို သူတို့က အန်တီပူးတို့အိမ်ကို ဝယ်‌တော့မှာလား?' ခေါင်းထဲမှာ ဖြတ်ပြေးသွားတဲ့အတွေးတစ်ခုကြောင့် သူမျက်မှောင်ကျုံ့မိသွားတယ်။ ဒါဟာ သူနဲ့မဆိုင်တဲ့ကိစ္စပဲ သူဘာလို့ စပ်စုနေမိတာပါလိမ့်။ အတွေးကိုဖြတ်ချရင်း အိမ်စာထဲကို သူ့အာရုံအလုံးစုံကို နှစ်ချလိုက်တယ်။











အဖိုးလေးရဲ့ ခေါ်သံကြောင့် သူအိမ်ရှေ့ကို ထွက်လာခဲ့တယ်၊ ဈေးဆိုင်လေးဖွင့်ထားပေမယ့် ပုံမှန်ဈေးရောင်းတဲ့သူမဟုတ်တဲ့အဖိုးလေးက ဈေးနှုန်းတွေကိုမသိဘူး။ ဈေးနှုန်းပြောဖို့လာခဲ့ပေမယ့် မြင်လိုက်ရတဲ့ဝယ်သူကြောင့် သူ့မျက်နှာ နီရဲလာသလို ခံစားလိုက်ရတယ်။

ညဦးပိုင်းရောက်တဲ့အထိ သူဟာ ညနေက အဖြစ်အပျက်ကို ခေါင်းထဲက ထုတ်လို့မရခဲ့ပါဘူး။ သူကိုယ်တိုင်ကလဲ ဈေးရောင်းနေကျသူမဟုတ်တဲ့အတွက် ‌ဈေးနှုန်းတွေမသိဘူးဟုပြောသည်ကို ထိုလူကြီးက ရီသည်။ သူ့အားကြည့်ပြီး ရီသည်။ သူ့နားထဲမှာ ထိုလူကြီး၏ ရီသံအား ကြားယောင်နေတုန်းပင်ဖြစ်သည်။







ရက်သတ္တပတ်တွေကုန်လွန်ပြီးနောက်မှာတော့ သူတို့ တစ်အိမ်ကျော်က အန်တီပူးတို့က အိမ်ပြောင်းသွားပြီး အိမ်နီးချင်းအသစ်တွေရောက်လာခဲ့သည်။ သူထင်ထားတဲ့အတိုင်းပါပဲ။ Angrybirdရုပ်နဲ့လူကြီးက သူတို့တစ်အိမ်ကျော်ကို ပြောင်းလာခဲ့တယ်။

အဲ့လူကြီးက သူတို့ရပ်ကွက်ထဲက စီစီတီဗီအန်တီကြီးနဲ့ အမျိုးတော်တယ်တဲ့။ အဲ့လူကြီးမေမေက စီစီတီဗီကြီးနဲ့ညီမဝမ်းကွဲတဲ့။ သူဒီသတင်းတွေကို သူ့အဖွားဆီက ကြားခဲ့ခြင်းဖြစ်သည်။ အဖွားက အိမ်ပြောင်းလာတဲ့လူသစ်တွေအကြောင်း သဘောရိုးပြောပေမယ့် မရိုးသားတဲ့သူကတော့ နားရွက်တွေရဲလာသလို ခံစားရသည်။








အဖွားရဲ့စေ့ဆော်မှုကြောင့် သူဟာ ပိတ်ရက်မို့ လျှောက်လုပ်ကြည့်ထားတဲ့ ကိတ်မုန့်လေးကို ကိုင်ရင်း ထိုလူကြီးတို့အိမ်ရှေ့ရောက်ခဲ့ရသည်။ လူခေါ်ဘဲလ် နှိပ်ရမလား တွေဝေနေတုန်း ခြံတံခါးဟာ ပွင့်လာတာကြောင့် သူလန့်ဖြန့်ပြီး အော်မိသွားသည်။ ခြံတံခါးဖွင့်လိုက်တဲ့သူကိုတွေ့လိုက်ရချိန်မှာ သူ့တစ်ကိုယ်လုံးအေးစက်သွားခဲ့သည်။ သူမမျှော်လင့်ခဲ့ဘူး ဒီလူကြီးကိုတွေ့ရဖို့။

'ဟို..ဟို မုန့်လာပို့တာပါဗျ'။ သူဟာ စကားတွေထစ်နေခဲ့သည်။ တစ်ကိုယ်လုံးလဲ ပူထူပြီး အငွေ့ပျံသွားချင်စိတ်ပေါက်နေခဲ့သည်။

'ကျေးဇူးပဲ ချာတိတ်..ဒါနဲ့ ချာတိတ်က ဘယ်အိမ်ကလဲ?'

'ဗျာ!?'

ချာတိတ်!? ဒီလူ သူ့ကို ချာတိတ်လို့ခေါ်လိုက်တယ်! ဘယ်လိုတောင်!?

'အာ..ဟို..တစ်အိမ်ကျော်က မုန့်ရောင်းတဲ့အိမ်ကပါဗျ'

'ဟုတ်ပြီ။ ကျေးဇူးပဲ ချာတိတ်လေး'

'ဟုတ်..ဟုတ် ရပါတယ်ဗျ.. သွားလိုက်ပါအုန်းမယ်'

ထိုလူ့ရဲ့ အိမ်ရှေ့ကနေ သူအမြန် ပြေးထွက်လာခဲ့သည်.. ထိုလူ့ရဲ့ ရီသံဟာတော့ သူ့အိပ်ခန်းထဲထိ ပါလာခဲ့သည်။

Aurora. P

You've reached the end of published parts.

⏰ Last updated: Aug 02 ⏰

Add this story to your Library to get notified about new parts!

Mr. Angrybird'sWhere stories live. Discover now