ဒါလေးက အဆင်ပြေတဲ့အချိန်ရေးသွားမယ့် အသစ်လေးပါ။
ထွေထွေထူးထူး ဇာတ်လမ်းမျိုးတော့ မဟုတ်ဘဲ ဒီတိုင်း မြင်နေကျပုံစံကိုပဲ ဇာတ်လမ်း၊ ဇာတ်ကွက် အသားပေး ဆိုပါတော့။
လွန်ခဲ့တဲ့ ၅ နှစ်က ၄ ပိုင်း ရေးပြီး un ထားခဲ့တဲ့ တစ်ပုဒ်ကိုပဲ သေချာပြန်ပြင်ဆင်ထားတာပါ။ ထုံးစံအတိုင်း Drama ပါပဲ။
အဲဒီမှာပဲ ဆက်ရေးရင် view တက်မှာ သိပေမယ့် အဲဒီတုန်းက အတူရှိပြီး အခု မရှိတော့တဲ့သူတွေကိုအနှောင့်အယှက်မဖြစ်စေချင်တာမို့ အသစ်ပဲ လုပ်လိုက်ပါတယ်။
အပိုင်းအများကြီးမဟုတ်ဘဲခပ်ပါးပါးပါပဲ။ ထူးထူးဆန်းဆန်းလည်းမပါဘူး သာမာန်လေးပဲရယ်။
SID ကိုလည်း အနည်းဆုံး အပိုင်း ၃၅ လောက်အထိ ရေးဖို့ တွေးထားပေမယ့် အကြောင်းကြောင်းကြောင့် ၂၀ လောက်နဲ့ပဲရပ်လိုက်ပါတော့မယ်။
ဒါကြောင့်ခေါင်းထဲဆက်တိုက်ဝင်နေတဲ့ ဒီ အသစ်လေးကို ရေးဖြစ်အောင် တွန်းအားပေးတဲ့သဘောအနေနဲ့ intro ဝင်ထားတာပါ။
ဂျီကောင်တို့အနေနဲ့ အဆင်ပြေရင်လည်း ဖတ်ပေးပြီး မပြေရင်လည်း မဖတ်ကြဖို့ပဲ ပြောပါရစေ။
ဘာမှမဟုတ်ဘူး။ အားတဲ့အချိန်ခဏရတုန်း အာလာချောင်တာပါ ဟဲဟဲ။
နောက်မှတွေ့ပါမယ် ဂျီကောင်တို့ရေ။
YOU ARE READING
အခါလွန် "ကြိုး"
Romanceမင်းက ငါ့ရဲ့ အစိတ်အပိုင်းတိုင်းမှာ ကြိုးမျှင်တွေလို ရစ်ပတ်ထားခဲ့တဲ့အကြောင်း သိလိုက်ရတဲ့အခိုက်အတန့်ဟာ မင်း ငါ့ဆီကထွက်သွားခဲ့တဲ့ အချိန်ပဲဖြစ်ခဲ့တယ်