1.5K 206 68
                                    

ဖုန်းမြည်သံကြားလို့ အိပ်ချင်မူးတူးနဲ့ ထကြည့်တော့ နေရောင်။

"အေး... ဘာလဲ"

"တိမ်ညို ငါ့ကို လာခေါ်ပေးပါဦး ကားမမောင်းနိုင်တော့ဘူး"

"ဘယ်မှာလဲ"

" .... မှာ။ မြန်မြန်လာနော် ငါ အရမ်းမူးနေလို့"

ဖုန်းမှာပေါ်နေတဲ့ အချိန်က ည ၂ နာရီကို ညွှန်ပြနေပေမယ့် ညည်းညူဖို့ရာမတတ်သာ။ ကုန်းရုန်းထပြီး အပေါ်အင်္ကျီ တစ်ထပ်ကောက်စွပ်ကာ သွားဖို့ပြင်ရတယ်။ ဒီကောင် တော်တော်မူးနေတဲ့အသံပဲ။

"ဟင် ... ကိုကို ဘယ်သွားမလို့လဲ"

အောက်ထပ်ရောက်တော့ ရေခဲသေတ္တာထဲမှာ ဟိုရှာဒီရှာလုပ်နေတဲ့ နှောင်းငယ်နဲ့ တန်းတိုးပါတော့တယ်။

"အင်း ... နေရောင်မူးနေလို့ သွားခေါ်မလို့"

"ည ၂ နာရီကြီးကိုလေ"

"ထုံးစံအတိုင်းပေါ့။ နှောင်းငယ်က အိပ်တော့လေ နောက်ကျနေပြီကို"

"ဟုတ်ကဲ့ အိပ်တော့မလို့။ အဲဒီ ကိုကိုနေကလည်း ငါ့ကိုကိုကိုပဲ အနိုင်ကျင့်နေတယ်"

နှောင်းငယ်က မကျေမနပ် ပြောဆိုနေတာကို ကြည့်ပြီးရယ်ချင်လာတာနဲ့ ခေါင်းကိုပုတ်လိုက်တော့ မျက်စောင်းလှမ်းထိုးတယ်။

"ကိုကို့ကို တံခါးလာပိတ်ပေးဦး နှောင်းငယ်"

"ကောင်းပါလေ့တော် တံခါးတောင် ပိတ်ပေးရဦးမတဲ့"

"ပွစိပွစိ မလုပ်စမ်းနဲ့။ လာပိတ်ပေးဦး ဟိုကောင်က ကြာရင် ပွားနေမှာ"

"ပွားပါစေပေါ့ သူခေါ်တိုင်း သွားနေရတာ ကိုကိုက တက်စီသမားလား"

နှောင်းငယ်အပြောကို ပြန်တုန့်ပြန်မနေတော့ဘဲ ကားထုတ်ပြီး ထွက်လာခဲ့ရတယ်။ ညအချိန်မတော်ဆိုတော့ လမ်းတစ်လျှောက်လုံးရှင်းနေတာပဲ ခပ်ကောင်းကောင်း။

သူပြောတဲ့နေရာရောက်တော့ ဆရာသမားက ကားပေါ်တက်ထိုင်ပြီး ခါးပတ်ပတ်ပြီးတာနဲ့ နှပ်ဖို့ပြင်တော့တာပဲ။

"တိမ်ညို ... ငါ့ဝိုင်းရှင်းပေးပါဦး"

"ငါက မင်းအဖေလား"

အခါလွန် "ကြိုး" Where stories live. Discover now