Chapter 77

600 76 0
                                    

🤚Chapter 77


ဝမ်ယွီက ရဲမဟုတ်သည့်အပြင် လျှို့ဝှက်ဆန်းကြယ်သောအရာများကို ဝါသနာပါသူ မဟုတ်သော်လည်း အချက်အလက်အားလုံးက မည်သည်ကို ဆိုလိုနေသည်အား နားလည်နေသဖြင့် ၎င်းမှာ သူလက်ခံနိုင်သည့်အရာ မဟုတ်ချေ။

သူ၏ ကိုယ်လုံးကိုယ်ပေါက်နှင့် ကြွက်သားများက သန်မာပုံရပြီး တိုက်ခိုက်ရန် အသင့်ဖြစ်နေသည်။ ခေါင်းဆောင်လော့ပင် ဝမ်ယွီက ကျွမ်းကျင်သည့် တိုက်ခိုက်ရေးသမားဖြစ်ကြောင်းကို ပြောနိုင်သည်။

ခေါင်းဆောင်လော့နှင့် သူ့အဖွဲ့၏စိတ်များ ချက်ချင်းတင်းမာလာသည်။ ရယ်မောနေသည့် သူများပင် ရဲများကို ရုတ်ချည်းတိုက်ခိုက်သည့် ဖြစ်ရပ်များစွာကို သူတို့ကြုံတွေ့ဖူးသည်။

“ရှောင်ယွီ…”

ဝမ်ကောအန်း၏အသံက ရုတ်တရက် လေးနက်လာသည်။

“စိတ်အေးအေးထားပါ…”

လက်ထောက်ဒါရိုက်တာချန်းကလည်း ထိုနေရာတွင် ရှိနေခဲ့ရာ ဝင်ပြောလေသည်။

“ရှောင်ယွီ စိတ်လိုက်မာန်ပါမလုပ်ပါနဲ့… ဦးလေးတို့ ဘာမှရှင်းရှင်းလင်းလင်း မသိရသေးပါဘူး… ပြီးတော့ စုံစမ်းစစ်ဆေးဖို့ဆိုတာကလည်း ဒီကိစ္စနဲ့ ပတ်သတ်ပြီး သံသာတွေ ရှင်းသွားအောင်ပါ…”

ဝမ်ယွီက ဝမ်ကောအန်းကိုပြန်ကြည့်လိုက်ရာ ဝမ်ကောအန်းက ‘လက်ထောက်ဒါရိုက်တာချန်းပြောတာ မှန်တယ်’ ဆိုသည့် အကြည့်နှင့် ကြည့်နေခဲ့သည်။ သို့ဖြစ်၍ ဝမ်ယွီက သူ့စိတ်ကိုထိန်းကာ နောက်ပြန်ဆုတ်လိုက်သည်။

ဝမ်ကောအန်း၊ ဝမ်ယွီ၊ မိသားစုစားဖိုမှူး၊ သန့်ရှင်းရေးဝန်ထမ်းအပြင် ကားဒါရိုက်ဘာလည်း ရဲစခန်းသို့ အမေးအမြန်းခံယူရသည်။

ဝမ်ယွီက မြန်မြန်ဆန်ဆန်နှင့် စစ်ဆေးမေးမြန်းမှုမှ လွတ်လာခဲ့သည်။ အကြောင်းမှာ သူက ယခုရက်ပိုင်းအတွင်း အိမ်သို့မပြန်ဖြစ်သောကြောင့်ပင် ဖြစ်သည်။

စစ်ကြောရေးအခန်းအပြင်သို့ ရောက်သည်နှင့် အတွင်းရေးမှူးစွန်းကို တွေ့လိုက်ရသည်။

သူ့လက်ဖဝါးထက်က ရတနာ [ Completed ]Where stories live. Discover now