Part 11

415 51 3
                                    


အပိုင်း 11 : မင်းရှိနေတာနဲ့တင် လုံလောက်ပါပြီကွာ

ရုတ်တရတ် ကုယွင်ကျွယ်က ယွဲ့မင်းကျယ်ကို လှမ်းခေါ်သည်။

"ဂိုဏ်းချုပ်အစ်ကိုကြီး မသွားပါနဲ့ဦး။ အစက အဲဒီကိစ္စကို ရှစ်ဇွင်းကို ပြောဖို့ မစီစဉ်ထားဘူးလို့ အစ်ကိုကြီး ပြောတယ်လေ။ အဲဒါ ဘာကများ အစ်ကိုကြီးကို စိတ်ပြောင်း သွားစေတာလဲဗျ"

ယွဲ့မင်းကျယ်က ကုယွင်ကျွယ်၏ မျက်လုံးများကို လှည့်ကြည့်ရင်း တောင့်တင်း သွားသည်။ ထိုမျက်ဝန်းများထဲတွင် သဲလွန်စအချို့ တွေ့လို တွေ့ငြား ရှာချင်မိသည်။ နှမြောစရာကောင်းသည်မှာ ကလေးဆန်သော သိလိုစိတ် ပြင်းပြနေမှုမှအပ မကောင်းသော ကောက်ကျစ်သော အရိပ်အယောင် ဟူ၍ ဘာမှ မတွေ့ရပေ။ သူက အသာပြုံးပြီး ညင်သာစွာ ဖြေလိုက်သည်။

"အဲဒါ အကြီးအကဲ ကျန်း ပါ။ သူက ဦးရီးတော်နဲ့ အတူတူ ဆရာတစ်ဦးတည်းဆီမှာ အတူတူ သင်ယူခဲ့ကြတဲ့ ဦးရီးတော်ရဲ့ ဂိုဏ်းတူ အစ်ကိုကြီးပါ"

မုချန်က နှာတစ်ချက် မှုတ်လိုက်ပြီး ယွဲ့မင်းကျယ်ကို မျက်ခုံးပင့်ကာ ကြည့်သည်။ ဆော်ပလော် တီးလိုက်ခြင်းက ယွဲ့မင်းကျယ်၏ အားနာတတ်သော စိတ်ကို ပျောက်စေနိုင်မလားဟု မုချန် တွေးနေမိသည်။

ယွဲ့မင်းကျယ်က အခြေအနေ မကောင်းတော့သည်ကို ခံစားမိသောကြောင့် ချက်ချင်း လစ်ထွက်လာခဲ့သည်။

နန်းတော် ပြန်ရောက်သည်နှင့် ယွဲ့မင်းကျယ်က ဓားတစ်သောင်းဂိုဏ်းကို မည်သို့ ပြန်စာရေးသင့်သလဲဆိုတာ တွေးရပြန်သည်။

အပြန်ပြန် အလှန်လှန် တွေးတောပြီးနောက် ယွဲ့ဂိုဏ်းချုပ်ခမျာ ဟန်ပင် မဆောင်နိုင်တော့ဘဲ သူ့ဆံပင်သူ အုံလိုက် ကျွတ်ထွက်မတတ် ဆွဲဆောင့် မိတော့သည်။ တွေးနေစဉ် တစ်လျှောက်လုံး နံရံနှင့် ခေါင်းနှင့်သာ ပြေးဆောင့်ချင်နေခဲ့သည်။

ဦးရီးတော် ပေးလိုက်သော အကြောင်းပြချက်က လုံးဝ သုံးစားမရပေ။ ပြဿနာမတက်ဘဲ ငြင်းဆန်ရန် ဘယ်လိုအကြောင်းပြချက် သုံးရပါ့မည်နည်း။

ယွဲ့မင်းကျယ်က ရုတ်တရတ် လောလောလတ်လတ် မြင်ခဲ့သော ကုယွင်ကျွယ်၏ မျက်လုံးများကို ပြန်သတိရသွားသည်။ သူ့စိတ်ထဲ အလျင်အမြန် တွက်ချက်လိုက်သည်။ သူအကြံတစ်ခု ရသွားခဲ့လေပြီ။

ငါ့တပည့်လေး မမည်းသွားအောင် နေ့စဉ်တာဝန်များ။Where stories live. Discover now