အပိုင်း ၂၆: အားလုံးကို အံ့ဩဆွံ့အသွားစေသည့် ဂုဏ်သရေရှိ လူငယ်လေး
မုချန်၏ မျက်နှာက အေးစက်တင်းမာသွားပြီး စိတ်ထဲ တွင်တွေးမိသည်။
ထင်တဲ့အတိုင်းပဲ။ ငါ့တပည့်လေးကို မျက်စိအောက်က အပျောက်ခံလို့ကို မဖြစ်တာ။ တစ်ချက်လေး သတိမထားမိလိုက်တာနဲ့ လမ်းမှား ရောက်ပြီ။ အဲ့ဒီ ကျင်းမင် နဲ့ ရှောင်လျို့ ကောင်စုတ်လေး နှစ်ကောင်သာ ခေါ်မသွားခဲ့ရင် ငါ့တပည့်လေးက ဘယ်လိုလုပ် ပြသနာရှာတာမျိုး လုပ်နိုင်မှာလဲ
"ကျင်းမင်၊ ဂိုဏ်းကို အပတ်တစ်ရာ ပတ်ပြေး"
"တစ်ရာ။!" ကျင်းမင်က မခံမရပ်နိုင်ဖြစ်သွားပြီး
ကုယွင်ကျွယ်ကို မကျေမနပ် လက်ညှိုးထိုးသည်။
"အဲဒါ သူ့ကြောင့်! သူ.... သူ...."
ကုယွင်ကျွယ်က ခေါင်းလေးစောင်းပြီး အူကြောင်ကြောင်ရုပ်လေး လုပ်နေသည်။
"ဟင်"
ကျင်းမင်က ကုယွင်ကျွယ်၏ နှာခေါင်းလေး၊ မျက်လုံးလေးများနှင့် ပဲစေ့လုံးလေးလို မျက်နှာလေးကို ခဏတာ စိုက်ကြည့်လိုက်ပြီးမှ ဒေါသတကြီး ခြေကိုဆောင့်ကာ နှာမှုတ်ပြီး ထွက်သွားတော့သည်။ သူက လမ်းလျှောက်ရင်း ပွစိပွစိ ရေရွတ်နေသည်။
"တိမ်လွှာမြင့်မိုရ်ဂိုဏ်းက အဲ့လောက်ကျယ်တာ။ အပတ်တစ်ရာ ပြေးဖို့ဆို နှစ်လလောက်ကြာမှာ။
ဪ နန်းတော်သခင်.... ပြောင်းလဲသွားပြီပဲ။
အရင်က ကျွန်တော့်ကို ဒီလိုမဆက်ဆံဖူးဘူး။ အခုတော့ အသစ်တွေ့...."
ကျင်းထင်က ခြေထောက်ကို မြှောက်ကာ သူ့ညီ ဖင်ကို ကန်လိုက်ရာ သစ်ပင်ပေါ်က ပြုတ်ကျသော ရှဉ့်ကဲ့သို့ လုံးထွေး လွင့်ထွက်သွားတော့သည်။ အရင်တစ်ခါ ကုယွင်ကျွယ်ကို သူ့ညီငတုံး ခေါ်သွားတုန်းကလည်း လမ်းပျောက်သွားသေးသည်။ ဒီတစ်ခါကတော့ လက်ခံနိုင်စရာပင် မရှိအောင်ပင်။ ငါးသွားခိုးသည်တဲ့။
ကျင်းထင်က ဒေါသထွက်လွန်းသဖြင့် ရူးမတတ်ဖြစ်နေသည်။ အရှုပ်ထုပ် ညီ တစ်ကောင်ကို ပိုင်ဆိုင်ထားရတဲ့ ဘဝ။
YOU ARE READING
ငါ့တပည့်လေး မမည်းသွားအောင် နေ့စဉ်တာဝန်များ။
Historical Fictionဘာသာပြန်သူ စွဲညို့အသင်း။