"ဟဲ့ တလွဲမောင်!! မနေ့ကနင်ဘာလွဲထားပြန်ပီးလဲ"
စူးရှလှသော ပုစုံမရဲ့အသံဟာ သက္ကသိုလ်ရဲ့ ကန်တင်းတစ်ခွင်တွင် ပြန့်နှံ့သွားသောကြောင့် အားလုံးရဲ့မျက်လုံးသည် ပုစုံမတွင်သာရှိကြသည်။
"တလွဲမောင်!! ငါမေးနေတယ်လေ"
"ကြီးကြီးမားမား မဟုတ်ပါဘူး နင်မှာထားတဲ့အတိုင်း နင့်ကောင်လေးကို ပြောလိုက်တာပဲ padနဲ့ ကွန်ဒုံးနဲ့ဘဲမှားပြောလိုက်မိတာ"
"ခွေမသား..တလွဲမောင် နင်ကိုမှာမိတဲ့ ငါကိုကမှားတာ..ငါနှယ်ရှင်ချင်တယ်"
နှဖူးကို ဖတ်ကနဲရိုက်ကာ ပြောနေသော သူငယ်ချင်းဖြစ်သူကိို ဂရုမစိုက်ဘဲ စားစရာရှိတာကိုသာစားနေလိုက်သည်။
တလွဲမောင်နဲ့ ပုစုံမတို့က ငယ်ငယ်ကတည်းက ပေါင်းဖက်လာသော စိတ်သိကိုယ်သိ သူငယ်ချင်းတွေဖြစ်သည်။ပုစုံမ နံမယ်အရင်းက အိအိသွယ်ဖြစ်နေပေမဲ့ တလွဲမောင်ရဲ့ အမည်ရင်းက တလွဲမောင်ဘဲဖြစ်သည်။အဖေပြောပြပုံအရ အမေက တလွဲမောင်ကို မွေးခဲ့တုန်းက တလွဲဖြစ်ခဲ့သောကြောင့် တလွဲမောင်ဟုအမည်သွင်ခဲ့သည်။ပုစုံမသည် စိတ်ဆိုးလွယ်သည် အခုလဲဘာမဟုတ်တဲ့ ကိစ္စနဲ့ စိတ်ဆိုးနေသည်။အကြောင်းမှာ မနေ့က ပုစုံမက တလွဲမောင်ဆီ သူရည်းစားကိုpadဝယ်ပေးလို့ စာပို့လာသည်။ ဒါမဲ့တလွဲမောင်ဘက်က ကွန်ဒုံးဝယ်ထားလို့ မှားပြောမိယုံတင်...
"ဘာဖြစ်တာလဲ မဟုတ်ဘဲနဲ့"
"ထားလိုက်တော့ ဒါနဲ့စာရေးသူက အသစ်တင်ပီတဲ့"
"ဟုတ်လား ဒီနေ့ဇာတ်သိမ်းပိုင်းမလား"
"အင်း extra ပါတင်ပေထားတယ်"
"ဒါဆိုငါ့ဟေသာကို သွားဖတ်လိုက်အုံးမယ်"
ပြောပြီးထွက်သွားတဲ့ တလွဲမောင်ကို ပုစုံမစိတ်ပျက်စွာကြည့်လိုက်သည်။အဲ့ကောင်က ဘာလို့နှစ်ဖက်ခွတဲ့ ဗီလိန်ကို ကြုိက်နေတာလဲမသိ..
"ေဟ့... နင်ကြိုက်တဲ့ ဟိုဘက်လမ်းက ရေခဲမုန့် ရောက်လာပီတဲ့"
"အေး!"
တလွဲမောင် လမ်းလျှောက်ရင်း Wattpat ထဲဝင်လိုက်သည်။Autor အသစ်တင်ထားသော ဝတ္ထုအပိုင်းထဲ ဝင်လိုက်သည်။ဤဇာတ်လမ်းက သုံးပွင့်ဆိုင်ဇာတ်လမ်းဖြစ်သည်။ Mafia နှင့် သူ့မောင်လေးတို့က အိမ်မှာရှိတဲ့ အစေခံသားဖြစ်တဲ့ ရွက်စိမ်းကြွေကို တစ်ပြိုင်တည်းချစ်မိသွားသည်။ဒါပေမဲ့ ဆောင်းဟေသာဆိုတဲ့ ကောင်လေးက Mafia ကိုအတင်းအကြပ်လက်ထပ်လိုက်ရာမှ ရွက်စိမ်းကြွေက စိတ်နာပီး Mafiaရဲ့ မောင်ကိုရွေးခြယ်လိုက်သည်။ဆောင်းဟေသာက ရွက်စိမ်းကြွေကို မနာလိုလို့ အနုိင်ကျက့်သည်ကြောင့် Mafiaက ေဆာင်းဟေသာကို မုန်းသည့်အပြင် အနုိင်ကျင့်သည်။