"ခုလောလောဆယ် ဘာအကြောင်းကြားလဲ J3"
"Rough ဂိုဏ်းက ဘာမှလှုပ်ရှားမှုမရှိပါဘူး ပီးတော့ Lionဘက်ကဘဲ ဟိုတစ်ခါက ကိစ္စကြောင့် ဒေါသထွက်နေသလိုရှိနေပါတယ်"
"အဟွန်း.."
ရဲမာန် စိတ်ကျေနပ်သည်အထိ ပြုံးလိုက်သည်။ရဲထိုက်....မင်းငါ့ကို ဘယ်တော့မှ အနုိင်မရပါဘူး...
"ပြီးတော့ Lord... Rough ဂိုဏ်းက ဂိုဏ်းငယ်လေးတွေနဲ့ ပေါင်းပြီး မြေအောက်လောက ကိုလက်ဝါးအုပ်ဖို့ ကြုိးစားနေတယ်"
"အင်း..သွားတော့"
ထို့နောက် J3က ထွက်သွားပြီး အခန်းထဲတွင် ရဲမာန်သာကျန်တော့သည်။ ဒီအချိန် ဟိုကောင်လေး ဘာလုပ်နေမလဲနော်...နိုးနေပီးလား...စားပွဲပေါရှိ ပစ္စည်းတွေကို လျှောက်ကိုင်ပစ်ရင်း ရဲမာန်စဥ်းစားနေရသည်။
မနေ့က လက်မှတ်ကိစ္စကို ရဲမာန်မနည်းရှင်းလိုက်ရသည်။ ဘယ့်နှယ် ကိုယ့်လက်မှတ်ကိုယ်မမှတ်မိတာ...။ဟေသာ ထိုးလိုက်သည့် လက်မှတ်တွေထဲတွင် တစ်ခုမျှမမှန်။ဘာကြောင့်လဲဆိုတော့...ဟေသာက သူ့နံမယ်ကိုသာထိုးထားသောကြောင့်ဖြစ်သည်။ ဟေသာမသိတာက ရဲမာန်လက်မှတ်နဲ့ ဟေသာလက်မှတ်က တစ်ထပ်တည်းပင်။ ဟေသာက ရဲမာန်လက်မှတ်ကို ကြုိက်သည်ဟူ၍ ရဲမာန်လက်မှတ်ကို သူ့လက်မှတ်လို အသုံးပြုနေခြင်းဖြစ်သည်။
ရဲမာန်အတွက် အနည်းငယ်အခက်အခဲရှိပေမဲ့ တစ်စိုက်ထိုးဆန်တတ်တဲ့ ဟေသာကိုတော့ ဘာမှမပြောလိုက်ပေ။ Janeက အတိတ်အကြောင်းကို မပြောသေးနဲ့လို့ ပြောထားသည်။တစ်ခါတည်း မှတ်မိတာထက် တစ်ဖြည်းဖြည်း မှတ်မိတာက အန္တရာယ်မဖြစ်ဘူးဟုဆိုသည်။
"ဟင်းးးး...လူဆိုးလေး မောင့်ကိုမေ့ပြစ်တယ် မောင်စိတ်မကောင်းလိုက်တာ..."
____
"မောင်...မောင်လုပ်ရက်တယ် ဟေသာမောင့်ကို ဒီလောက်ချစ်တာ မောင်ဟေသာ့အပေါလုပ်ရက်တယ်..."
ဟေသာ ကားမောင်းရင်း မျက်ရည်ကျလာသည်။ ဟေသာ ေမာင့်ဆီ ေရာက်ရင် ပေါက်ကွဲပြစ်မည်။ ဘာလို့ ဟေသာ့အပေါ ဒီလို လုပ်ရတာလဲလို့မေးချင်သည်။ ဟေသာမောင့်ကိုချစ်သည်။ အဖေအမေ တားနေတဲ့ကြားက အဖေနဲ့အမေကို အဆက်အသွယ် ဖြတ်ပြီး မောင့်ကို ရအောင်ယူခဲ့သည်။..မောင်ဘာလို့..ဟေသာအပေါ ဒီလိုလုပ်ရက်တာလဲ....