"ပြန်ကြရအောင် ရွက်စိမ်း..တော်ကြာ ဟိုလူပြန်လာရင်ဆူခံထိမယ်"
"ဟုတ်.."
"ကျွန်တော်တို့ပြန်တော့မယ်နော် အစ်ကိုနဲ့ဆံဖြူ"
ဟေသာတို့ လှည့်ပြန်ဖို့အလုပ် ဆံဖြူကောင်က ဟေသာ့လက်ကိုဆွဲလိုက်သည်။ဟေသာ့သူ့ကို ကြည့်လိုက်တော့ မျက်နှာငယ်လေးနဲ့ ဟေသာ့ကိုပြန်ကြည့်လာသည်။
"ဟို...သားကို ကိုကို့နဲ့ဆက်သွယ်ရတဲ့ နံပတ်တွေပေးထားပါလားဟင်..သားက ခုမှရောက်စမလို့ပါ"
ေဟသာ တွေဝေမိသည်။ယခုမှ တွေ့ဖူးသူကို ဖုန်းနံပတ်မပေးချင်ပေ။ပီးတော့ ဟုတ်သည်...ဟေသာသတိရကတည်းက ဖုန်းကိုတောင် မကုိင်ရသေး။နောက်ပီး ကြီးမငယ်နဲ့ သူ့ကိုယ်သူသားတဲ့... ။ဟေသာရွက်စိမ်းကို ကြည့်လိုက်တော့ ရွက်စိမ်းကလဲ ဟေသာ့ကို ခေါင်းခါပြသည်။ဟုတ်သည်လေ သူ့လို မာဖီးယားယောကျာ်းက အခြားသူကို လွယ်လွယ်နဲ့ ဆက်သွယ်ရတဲ့အရာမပေးသင့်ပေ။
"ဟို...ဒီကဆံဖြူ မင်းလိုချင်ရင် ငါ့ဖုန်းနံပတ်ယူသွား"
ဆံဖြူက ပြောလိုက်သော ရွက်စိမ်းကို မျက်မှောင်ကျုံ့ပီး ကြည့်လိုက်တော့ ရွက်စိမ်းကျောချမ်းသွားရသည်။ဒီလူသေချာပေါက် သာမာန်မဟုတ်..ဂိုဏ်းတစ်ခုခုက ဖြစ်မည်။
"ရပါတယ်..ကိုကိုမပေးချင်လဲ ဟိုအစ်ကိုဆီကဘဲ ယူလိုက်ပါမယ်.."
ထိုဆံဖြူက မျက်နှာငယ်လေးနဲ့ ပြောပီး ရွက်စိမ်းဆီ ဖုန်းနံပတ်ယူလိုက်သည်။ဟေသာတို့ အစ်ကိုမနုသာကို နှုတ်ဆက်ပီး ပြန်လာခဲ့သည်။
"ဟေသာ...ဟိုအမဲရောင်ကားက ရွက်စိမ်းတို့နောက် လိုက်လာတာ ကြာပြီနော်"
ရွက်စိမ်းစကားကြောင့် ဟေသာကားမှန်ကနေတစ်ဆင့် အနောက်ဘက်ကို ကြည့်လိုက်သည်။ဟုတ်သည် ထိုကားက ဟေသာတို့ကားနောက် လိုက်လာနေတာကို ေဟသာသတိထားမိနေတာကြာပီဖြစ်သည်။
"ဒိုင်း!!"
လူရှင်းရာလမ်းရောက်တော့ အနောက်ဘက်ကနေ ထွက်ပေါလာသော သေနတ်သံကြောင့် ဟေသာရင်တုန်သွားပီး လက်တွေအေးစက်လာသည်။ပီးတော့ ဟေသာကားကို ကျွမ်းကျင်ပိုင်နိုင်စွာ မမောင်းတတ်..