part 9

2.4K 139 3
                                    

"ဘာဖြစ်လာတာလဲ အသက်"

"မေမေ ဆေး...ဆေး"

အသက်ပြောမှ မေမေဟာ အဓိပ္ပါယ် သိသည့်နှယ် အခန်းထဲ အမြန်သွား၍ ဆေးဗူးသွားယူလေသည်။ မေမေပြန်လာတော့ အသက်ကို ပေးတဲ့ ဆေးဗူးဟာ လေထဲတင် လုယူခံလိုက်ရသည်လေ။အသက်ရော မေမေပါ မော့ကြည့်မိတော့ တွေ့လိုက်ရတာဟာ မမရဲ့ ဖေဖေ ဦးမင်းနိုင်။

"ဒီမှာ ရှင်ဘာလုပ်တာလဲ ဆေးဗူးပြန်ပေးပါ"

ဦးမင်းနိုင်ကတော့ မေမေပြောတာကို လျစ်လျူရှု့ကာ အသက်ကို ကြည့်ပြီး

"အော် ခတ်ခတ်ဆူး အရူးအမူးဖြစ်နေတဲ့ မိန်းကလေးက မင်းကို"

"ဒီမှာ ပြန်ပေးပါရှင် သမီးလေး သေသွားလိမ့်မယ်ရှင့်"

ဦးမင်နိုင်ဆီက ပြန်လုတဲ့ မေမေ့ကို သူ့လူတွေက ဖမ်းထားသည်လေ။အသက်ကတော့ ရင်ဖက်ကို အသာဖိလို့ ကြမ်းပြင်ထက် လဲကျနေသည်။

"မင်း....ငါ့သီမီးဘဝထဲကရော ဒီပတ်ဝန်းကျင်ကပါ ပျောက်ကွယ်သွားပေး။ဘယ်တော့မှ နှောင်းခတ်ခတ်ဆူးဆိုတဲ့ မိန်းကလေးဘဝထဲ ပြန်မလာနဲ့။"

"အဲ့လိုရကြေးလား ဦးလေး....အခုဟာက.....အခုဟာကလည်း ဦးလေး လုပ်တာမလား"

"မင်းသိပြီပဲ ဟုတ်တယ် ငါလုပ်တာ ငါတို့အသိုင်းအဝိုင်းမှာ အဲ့လိုရှက်စရာ ကောင်းတဲ့ အရာမျိုး မရှိဘူး။နောင်လည်း မရှိစေရဘူး။မင်းသာ ပျောက်ကွယ်သွားရင် ခတ်ခတ်ဆူးဆိုတဲ့ မိန်းကလေးလည်း နဂိုအတိုင်းပြန်ဖြစ်သွားမှာပဲ"

"ဟာ့......အသက်ဆိုတဲ့ ကျွန်မပျောက်ကွယ်သွားရင် မမကရော နေနိုင်မယ် ထင်သလား ဦးမင်းနိုင်"

"မင်းသာ ပျောက်ကွယ်သွားပေး ကျန်တာ ငါလုပ်လို့ရပါတယ် အသက်"

အသက်အရမ်း ခံရခတ်လာတာမို့ ကြမ်းပြင်ထက် ထိုက်လျက်ကနေ လုံးဝ လဲကျသွားသည်။မေမေကတော့ ငိုယိုပြီး

"ကျွန်မတို့ သားမိ ဒီပတ်ဝန်းကျင်ကရော ရှင့်သမီး ဘဝထဲကပါ ပျောက်ကွယ်သွားမှာမို့ ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး သမီးလေးကို အသက်ရှင်ခွင့်ပေးပါ။ဆေးလေးပြန်ပေးပါ ဦးမင်းနိုင် သမီးလေး သေသွားလိမ့်မယ်ရှင့်။တောင်းပန်ပါတယ် တောင်းပန်တာမို့ ပြန်ပေးပါ။"

နှောင်း ( COMPLETE) Where stories live. Discover now