"အဲ့တော့ မောင်တို့က ဒီကိုပြောင်းလာတယ်ပေါ့ ဖေဖေကြောင့်လေ"
မောင်ပြောပြတာတွေ နားထောင်ပြီးတော့ မမဟာ မအံ့သြသလို ၊မည်သည့်အမူအရာမျှမပြပေ။မောင့်ကိုသာ စားပွဲထက် လက်ထောက်လို့ ငေးကြည့်နေသည်။ထို့နောက် အသက်မဲ့နေတဲ့ အကြည့်တွေဟာ တစ်ခြားတစ်ဖက်သို့ ပြောင်းသွားပြီး သက်ပြင်းရှည်ကို ချလို့
"မောင် တို့ကို မုန်းလား"
"နှောင်း....."
မောင်ခေါ်တာတောင် လှည့်ကြည့်မလားတဲ့ နှောင်းဟာ လေးလံစွာ ပြောလာခဲ့သည်။
"တို့လေ....တို့ ရုတ်တရက် ပြေးထွက်သွားတဲ့ မောင့်နောက်ကို လိုက်ခဲ့တယ် ။တို့ မောင်တို့ အိမ်နားရောက်တော့ မောင်ဟာ ကြမ်းပြင်ထက်လဲကျနေတယ်လေ။တို့လာမလို့ပါပဲ တို့...ဒယ်ဒီ......"
"........"
နှစ်စက္ကန့်လောက် တိတ်သွားပြီးနောက် နှောင်းက ဆက်ပြောလာတယ်။
"ဒယ်ဒီ့ကို တွေ့လိုက်လို့.....တို့.....တို့ မလာရဲခဲ့တာပါ။အကုန်တော့မဟုတ်ပေမဲ့ တို့ တစ်ချို့အရာတွေတော့ ကြားခဲ့ပါတယ် မောင်။နောက်ပြီး တို့ကို ဒယ်ဒီတွေ့သွားခဲ့တယ်လေ။ ဒယ်ဒီကပြောတယ် တို့ မောင့်ကို ဆက်တွေ့နေရင် မောင့်ကို သတ်ပစ်မယ်တဲ့။"
ပြောပြီး မောင့်ဘက်လှည့်လာတဲ့နှောင်း မျက်ဝန်းမှ စီးကျနေတဲ့ မျက်ရည်တွေကို ခမ်းသွားအောင် ဘယ်လိုလုပ်ပေးရမလဲ နှောင်းရယ်။ရုတ်တရက် မောင့်မျက်နှာကို အုပ်ကိုင်လို့
"တို့လေ...တို့...မောင့်ကို ဆုံးရှုံးရရင် ရူးသွားလောက်မယ် ထင်တယ်။တို့ကြောက်တယ်....တို့ မောင့်ကို ဆုံးရှုံးရမှာကြောက်လို့ အဝေးကို တွန်းပို့ခဲ့တာ၊မဆက်သွယ်ခဲ့တာပါ မောင်။ဒယ်ဒီကလေ မောင့်ကို တို့နဲ့အတူ တွေ့ရင် သတ်ပစ်မယ်တဲ့။ အဲ့စကား....အဲ့စကားကို တို့ကြောက်တယ်မောင်.........၊ တို့ကြောက်တယ်။မောင်မရှိတဲ့ တို့ဘဝကို မတွေးရဲဘူးမောင်......မတွေးရဲဘူး....."
မောင့်ရင်ခွင်ထဲ တိုးဝင်လို့ ငိုနေပြန်ပါပြီလေ။မောင်လည်း နှောင်းကို ပုခုံးကကိုင်ကာ မျက်နှာချင်းဆိုင်လိုက်ပြီး
YOU ARE READING
နှောင်း ( COMPLETE)
Romanceမောင်က တို့အတွက်တော့ အရာရာပါပဲကွယ်။ တို့က မောင့်အတွက် မွေးဖွားလာတာပါမောင်"