/1/

135 15 1
                                    

ကျွန်တော့်နာမည် ဟန်ဂျီဆောင်း။ကိုယ့်ကိုယ် ကိုယ်မိတ်ဆက်နေလို့ ဘာကောင်ကြီးလဲလို့မေးရင် ကျွန်တော်ကဘာကောင်ကြီးမှမဟုတ်ပါဘူး။အသက်၂၀ပြည့်ကာစ သာမာန်ဆယ်ကျော်သက်တစ်ယောက်ပါပဲ။ကျွန်တော်က စီးပွားရေးတက္ကသိုလ်ကျောင်းသားတစ်ယောက်။ဒါနဲ့ခင်ဗျားတို့ မြင်မြင်ချင်းအချစ်‌တို့ကိုယုံလား။ကျွန်တော့်ကတော့ မြင်မြင်ချင်းအချစ်ဆိုတာကို ဒီကော်ဖီဆိုင်လေးထဲ၀င်လာပြီး မိနစ်ပိုင်းအထိမယုံကြည်ခဲ့ဘူး။ဒါပေမဲ့ သူ......ဟုတ်တယ် သူ့ကိုမြင်လိုက်ရတဲ့အချိန်မှာကျွန်တော်ယုံသွားတယ်...........

☘︎☘︎☘︎☘︎☘︎☘︎☘︎☘︎☘︎☘︎☘︎☘︎☘︎☘︎☘︎☘︎☘︎☘︎ 


"အား......ရှီးဘား မိုးကလဲ ထီး‌ရောကားရောမပါဘူးဆိုမှ ရွာလိုက်တာ"

ရာသီဥတုက ဂျီဆောင်းကိုမျက်နှာသာမပေးပုံများ ကားယူလာတဲ့နေ့တိုင် နေသာနေပြီး ပျက်လို့အိမ်မှာထားခဲ့ကာမှ သည်းကြီးမည်းကြီးရွာချလာလေသည်။ပုံမှန်ကားနဲ့အသွားလာလုပ်ကာ မိုးလဲမရွာတာမို့ ထီးဆောင်ဖို့ကိုဂျီဆောင်းသတိကိုမရပေ။အခုကျောင်းကနေအိမ်အပြန် ကားဂိတ်မရောက်သေးတဲ့အချိန်မှာ ရွာချလာတဲ့မိုးကြောင့် အနီးနားမှာရှိတဲ့ ခပ်သေးသေးကော်ဖီဆိုင်ထဲ၀င်ကာ မိုးခိုရတော့သည်။

"ကြိုဆိုပါတယ်ဗျာ့....ဘာများသုံးဆောင်မလဲဗျာ့"

ကောင်တာကထွက်ပေါ်လာတဲ့ ခပ်ငြိမ်ငြိမ်အသံကြောင့် ဂျီဆောင်းဆံပင်ကရေတွေကိုခါနေရာမှ လှမ်းကြည့်မိတော့ အပြုံးချိုချိုနဲ့သူ့ကိုကြည့်နေတဲ့သူ...............

အညို့ခံလိုက်ရတဲ့လူတစ်ယောက်လို
ဂျီဆောင်းထိုသူ့ဆီက မျက်လုံးတွေမခွာပဲကြည့်နေမိသည်။ဘယ်လောက်တောင်ကြည့်နေမိလဲမသိပါဘူး ထိုသူ့ဆီက ခပ်ကျယ်ကျယ်အသံနဲ့မေးလာတော့မှသတိပြန်၀င်လာရသည်။

"ဧည့်သည်.....ဧည့်သည်!!!"

"ဗျာ...ဗျာ...ဟုတ်ကဲ့ ဘာမေးလိုက်တာလဲမသိဘူး"

"ဘာများသုံးဆောင်မလဲခင်ဗျာ့"

အနည်းငယ်အလိုမကျတဲ့မျက်နှာလေးနဲ့ ခပ်မာမာပြော‌လာတဲ့ပုံစံလေးက တစ်မျိုး ချစ်စရာကောင်းနေပြန်သည်။

"အိုစ်အမေရိကာနို တစ်ခွက်နဲ့ ချိစ့်ကိတ်တစ်ခုပေးပါ"

မှာစရာရှိတာမှာပြီး ကောင်တာကိုအမြင်ရဆုံးနဲ့အနီးဆုံးဝိုင်းမှာ၀င်ထိုင်ကာထိုအလှတရားလေးကို ကြည့်နေမိသည်။သူကြည့်နေတာကိုသတိထားမိလို့ထင်ပါရဲ့ တွန့်ချိုးနေတဲ့ မျက်ခုံးတွေနဲ့ သူ့ကိုမကြည်ကြည့် ကြည့်လာပုံလေးကလဲ ချစ်ဖို့ကောင်းနေတာအမှန်ပင်။

အချိန်တော်တော်ကြာတဲ့ထိ ဆဲမသွားတဲ့မိုးကြောင့် မဖြစ်တော့ဘူးလို့တွေးကာ ကောင်တာဆီကိုသွားလိုက်ကာ..........

"ဟိုလေ ကျွန်တော့်ကို ထီးလေးတစ်ချောင်းလောက်ငှားလို့ရမလားဗျာ့ မိုးကခုထိမတိတ်သေးတော့လေ"

သူ‌အကူညီတောင်းတော့ အပြင်ကိုတစ်ချက်လှမ်းကြည့်ကာ

"ခဏစောင့်ပေးနော်........"

အနောက်ခန်းထဲကို၀င်သွားပြီး ခဏအကြာ အမဲရောင်ထီးရှည်တစ်ချောင်းကိုယူလာပေးသည်။

"ဒါယူသွားလိုက်ပါ"

"ဟုတ်ကဲ့ ကျေးဇူးပါနော်........ဒါနဲ့နာမည်လေးသိခွင့်ရှိမလား ?"

"ဘာလို့ ?"

"ဟို တစ်မျိုးမထင်ပါနဲ့ ကျွန်တော် ထီးလာပေးတဲ့အခါမတွေ့ရင် ပေးထားခဲ့လို့ရအောင်မေးတာပါ"

အမှန်တစ်ကယ်တော့ ဒီကော်ဖီဆိုင်သေးသေးလေးမှာ ၀န်ထမ်းလဲအများကြီးမရှိတာကို နာမည်မသိလဲရပေမဲ့ သူ့ရဲ့သိချင်စိတ်ကြောင့်မေးချင်းပင်။

"ဒီကဆိုင်ရှင်လို့ပြောလိုက်ရင်ရပါတယ် ဧည့်သည်"

"အာ....ဟုတ်ကဲ့ ကျေးဇူးပါ ဒါဆိုခွင့်ပြုပါဦးနော်"

"ဟုတ်ကဲ့ ဂရုစိုက်သွားပါဗျာ့"

ကော်ဖီဆိုင်လေးကိုကျောခိုင်းပြီးအိမ်ပြန်တဲ့ လမ်းမှာ အကြောင်းအရင်းမရှိပဲ အပြုံးတွေဝေဆာနေမိသည်။

✌︎✌︎✌︎✌︎✌︎✌︎✌︎✌︎✌︎✌︎✌︎✌︎✌︎✌︎✌︎✌︎✌︎✌︎✌︎✌︎✌︎✌︎✌︎✌︎✌︎✌︎✌︎
ပထမဆုံး တိုတိုလေးပဲတင်လိုက်မယ်နော်။နောက်အပိုင်းတွေ ရှည်ရှည်လေးတင်ပေးပါ့မယ်။

♡´・ᴗ・'♡Vᴇᴇ

𝑳𝒊𝒌𝒆 𝑰'𝒎 𝑮𝒐𝒏𝒏𝒂 𝑳𝒐𝒔𝒆 𝒀𝒐𝒖Where stories live. Discover now