Unicode

2.1K 109 71
                                    

2024ခုနှစ်..

ဝမ်ရိပေါ် စိတ်မရှည်တော့ဘူး..။ သူ့ရှေ့မှာ ထိုင်နေတဲ့ မျက်နှာချိုချိုနဲ့ ဝန်ထမ်းမျက်ခွက်ကြီးကို ပိတ်ထိုးပစ်လိုက်ချင်တယ်..။ သူအခု စိတ်မရှည်နေတာထက် မိုးလောက်ကြီး ဒေါသထွက်နေတာလို့ ပြောရင် ပိုမှန်မယ်..။ သူ့ဒေါသတွေရဲ့ သားကောင်ကတော့ ရှေ့ကဝန်ထမ်းရဲ့ Boss ဆိုတဲ့လူပဲ..။

"ခုထိ မလာသေးဘူးလား.. ခင်ဗျားတို့ Bossက"

"လာတော့မှာပါရှင်.. ဧည့်သည် ခဏလေး စောင့်ပါနော်"

မစောင့်နိုင်တော့ဘူး..။ တမိနစ် တစက္ကန့်တောင် မစောင့်နိုင်တော့ဘူး..။ ထပ်စောင့်ရရင် ဒီဆိုင်တခုလုံးကို ပြောင်းပြန်လှန်ပစ်___

"တင်း.. တောင်"

"မင်္ဂလာ နံနက်ခင်းပါ Boss"

ဪ..ဟော်ဟော်..။ ရောက်လာပြီပဲ..။ တွေ့ကြသေးတာပေါ့ Bossဆိုတဲ့ကောင်ရယ်..။

သူချာကနဲ လှည့်လိုက်တော့ တွေ့လိုက်ရတာက ရင်းနှီးတဲ့  မျက်နှာ..။

"မင်း..!! ရှောင်းကျန့်..!!"

ရုတ်တရက်ကြီး ပြဿနာအားလုံးကို သူနားလည်သွားသည်..။

***

ဒီနေ့ခေတ်မှာ အရင်ကလို ကျင့်ကြံသူတွေ မရှိသလောက် ရှားသွားပြီ..။ ရှိတဲ့သူတွေကလည်း low key လေးနဲ့ သိုသိုသိပ်သိပ်ပဲ နေကြတော့တယ်..။ မဟုတ်ရင်တော့လား..။ ဓားပျံစီးနိုင်တဲ့ ဘယ်သူဘယ်ဝါဆိုပြီး မီဒီယာတွေရဲ့ သားကောင်ဖြစ်သွားလိမ့်မယ်..။ ကျင့်ကြံဖို့ အရေးကြီးဆုံးက စိတ်တည်ငြိမ်ဖို့ပဲ..။ ဒီတော့ ကိုယ့်အဖွဲ့အစည်းလေးနဲ့ကိုယ်ပဲ လျှို့ဝှက်နေကြရတယ်..။

ချီရှန်းဝမ်ဂိုဏ်းကတော့ အစောကြီးကတည်းက ပြိုကွဲသွားပြီ..။ ခုကျန်ခဲ့တာ လေးခု..။ ကျင့်ကြံသူ ပါရမီ ပါလာတယ်လို့ ထင်တဲ့သူကို ထောက်လှမ်းဖို့ ကမ္ဘာအရပ်ရပ်မှာ အထောက်တော်တွေ ရှိတယ်..။ တချို့က ဆွေစဉ်မျိုးဆက် ကျင့်ကြံသူတွေ..။ သူတို့က သာမန်လူမမြင်နိုင်တဲ့ နေရာမှာ အစီအရင်တွေ လုပ်ပြီးနေတယ်..။ တချို့ကတော့ မိဘက သာမန်လူ..။ ကလေးကတော့ ကျင့်ကြံတဲ့ ရွှေအမြုတေပါလာတယ်..။ အဲ့လိုလူတွေကျ မိဘကို သေချာနားလည်အောင် ပြောပြီး ကလေးကို မြေတောင်မြှောက်ပေးရတာပေါ့..။ လက်ခံတဲ့ မိဘလည်းရှိသလို လက်မခံတဲ့ မိဘလည်း ရှိတယ်..။ လက်မခံတဲ့ မိဘကျတော့ ဒီအကြောင်းတွေကိုပါ တခါထဲမေ့သွားအောင် အတိတ်မေ့တဲ့ အစီအရင်သုံးရတာပေါ့..။

ဝမ်ရိပေါ်ရဲ့ အနေအထိုင်မတတ်တဲ့မြွေWhere stories live. Discover now