Part - 7 [Uni&Zaw]

783 16 0
                                        

Unicode

"ဒေါက်...ဒေါက်....ဒေါက်"

"ဘယ်သူလဲ"

"သုတန်ဖိုးရဲ့ သူငယ်ချင်းပါ!အလုပ်သွားဖို့လာခေါ်တာ!"

"ဟင်!"

တံခါးဖွင့်ဖွင့်ခြင်း မြင်လိုက်ရသည့်ကောင်လေးကြောင့် ဒေးခန္ဓာကိုယ်အတွင်းရှိဒေါသတို့က တဖျစ်ဖျစ်မြည်လာသည့်အလား။

"မင်း!"

"ကျွန်တော်က လင်းညီသာပါ!သုတန်ဖိုးသူငယ်ချင်း!"

"ထွက်သွား!"

ဒေး က တံခါးရှေ့မှာပိတ်ရပ်ရင်း ခပ်ကြိတ်ကြိတ်ပြောလိုက်ခြင်း။သို့သော် ထိုကောင်လေးကနားလည်ပုံမပေါ်.....၊

"ဗျာ‌!"

"မင်းကိုထွက်သွားလို့ပြောနေတယ်!"

"ကျွန်တော်က..."

"ကောင်းကောင်းပြောနေတုန်း ထွက်သွားမလား!ငါ လုံခြုံရေးကိုခေါ်ရမလား!"

"ဟာ!မဟုတ်သေးဘူးလေ!"

"ဟေ့ကောင်!မင်းကိုထွက်သွားခိုင်းနေတာ လူလိုနားမလည်ဘူးလား!"

"ခင်ဗျားက ဘယ်သူမို့လို့ ကျုပ်ကိုလာမောင်းထုတ်နေရတာလဲ!"

"ငါဘယ်သူလဲဆိုတာ မင်းသိစရာမလိုဘူး!အေး ဒါပေမယ့်!မင်းဘာကောင်လဲ ဆိုတာတော့ငါသိတယ်!"

"ဟ!အလာကြီးကိုခွတ်နေတာပါလား!"

"အလာကြီးခွတ် တတ်သလို အလာကြီးလည်း ထိုးတတ်တယ်!"

"ခွပ်!"

"အ့!"

ဒေးက ပြောပြောဆိုဆိုနှင့်လင်းညီသာကို ထိုးချလိုက်သည်။အရှိန်ကပြင်းတာမို့ လင်းညီသာ ကြမ်းပြင်ပေါ် ပုံခနဲကျသွား၏။

"ဘာတွေဖြစ်နေကြတာလဲ!"

".............."

"ဟင်! လင်းညီ!"

သုရေချိုးခန်းဝင်နေတုန်းအခန်းရှေ့မှာဆူဆူညံညံအသံကြားတာမို့ သူထွက်လာခြင်းပေ။သု အပြင်ရောက်တော့ မြင်လိုက်ရတာ ခါးထောက်ကာ ဆံပင်တွေသပ်ရင်း အခန်းထဲပြန်လှည့်ဝင်သွားသည့် ထိုလူကြီးနှင့် ကြမ်းပြင်ပေါ်လဲနေသည့် လင်းညီ။ဘာတွေဖြစ်နေမှန်း သု မသိသည်မို့ လင်းညီကိုသာပြေးထူလိုက်မ်ိသည်။

Two Worlds [Complete]Where stories live. Discover now