နန်းကနိုင်ငံတကာပညာရေးတစ်ခုကိုသင်ယူနေတဲ့သူတစ်ယောက်ပါ။နန်းက နိုင်ငံခြားသားတွေနဲ့ ဘာသာစကားလေ့လာတဲ့appကိုသုံးတယ်လေ
တစ်နေ့တော့ အမေရိကန်အလံနဲ့ ကောင်လေးတစ်ယောက်နန်းကိုစကားလာပြောတယ်
အစကသူ့ကိုနိုင်ငံခြားသားလို့ထင်သွားတာ
သူဘက်ကချီးကျူးစကားအရင်ပြောလာတာ မင်းအရမ်းရိုးသားပြီး ခင်ဖို့ကောင်းတယ်တဲ့ ဒါနဲ့နန်းနဲ့သူနဲ့ voice roomထဲမှာစကားပြောကြတယ် အဲ့မှာပဲ သူမြန်မာဆိုတာ သိရတာ
hello
hello
အမဘာလုပ်နေလဲ
အမလေ အရမ်းဝမ်းနည်းတယ်သိလား
ဟာ..... အမဘာလို့လဲ
အမလေ အမဖေဖေကိုပြန်မတွေ့ရတော့ဘူး
အမရယ် အားမငယ်နဲ့နော် ကျွန်တော်ဘေးမှာရှိနေပေးမယ်
အင်းပါ ကျေးဇူးပါ
စကားတွေအများကြီးပဲပြောဖြစ်ကြတယ် ဖုန်းလည်းပြောကြတယ်မောင်နဲ့လေ
သူကနန်းကိုအရမ်းအထင်ကြီးတာပဲ
သူကရှမ်းဗမာ နန်းကဗမာစစ်စစ် မြေပြန့်သူလေးနန်းစာမေးပွဲကိစ္စတွေနဲ့ရှုပ်နေတာနဲ့စကားတောင်မပြောဖြစ်ဘူး
နန်းဒီနေ့နိုင်ငံတကာအထက်တန်းပညာရေးပြီးသွားလို့ အထက်တန်းအောင်လက်မှတ်ယူရမယ့်နေ့
နန်းလုပ်နိုင်ခဲ့ပြီ နန်းကိုအထင်သေးတဲ့သူတွေကို နန်းသက်သေပြနိုင်ခဲ့ပြီ
သမီးကအရမ်းတော်တာပဲ
ဟီးဟီး အန်တီမွန်တို့သမီးကို ဂရုစိုက်ပေးလို့ပါ အေးပါသမီးလေးရယ် ဘာမှအားမငယ်နဲ့နော် သမီးဖေဖေလည်း တမလွန်ကနေဝမ်းသာနေမှာ သမီးရဲ့
တစ်ကယ်ဆို ဒီနေ့က ဖေဖေရောမေမေရော နန်းဘေးမှာ ရှိနေရမှာပါ ဒါပေမယ့် ဖေဖေကလည်း နန်းဒီပညာရေးစသင်ချိန်မှာပဲ ကွယ်လွန်သွားတာ
မေမေကလည်း နန်းပညာရေးအတွက်ဆိုပြီး အလုပ်သွားလုပ်တယ်
နန်းလေ ဖေဖေနဲ့မေမေကိုအရမ်းသတိရတာပဲ
သမီးသမီး.....
ဟင် မေကြီး ဘာပြောမလို့လဲဟင်
အော် သမီးရယ် မေကြီးတို့ မန်းလေးကိုသွားကြမယ်လေ
ကျွန်မဒီနေ့မှ လိုင်းတက်မိတာ
အို....သူစာတွေပို့ထားတာပဲမမ..
ဘာလုပ်နေလဲ
ထမင်းစားပြီးလား
စာလည်းမပြန်ဘူး....မမရေ စိတ်ဆိုးနေတာလား..
ကျန်းမာရေးဂရုစိုက်နော်
မမပြစ်ထားတယ်ဗျာ
ကျွန်တော်ကို တစ်ကယ်ပြစ်ထားတာပဲ