Part 2

8 1 0
                                    

ကျွန်မကစီးပွားရေးမေဂျာယူခဲ့တယ်
စီးပွားရေးကိုဘာလို့ယူတာလည်းဆိုတော့ ကျွန်မငယ်ငယ်ကတည်းကရည်မှန်းချက်ကိုအကောင်ထည်ဖော်ချင်လို့လေ ကျွန်မမှာရည်မှန်းချင်ရှိတယ်
အဲ့တာက မေမေက ကောင်းကောင်းမွန်မွန်ထားဖို့နဲ့ ပရဟိတလုပ်ဖို့ပါပဲ
နန်းရေ....နန်း''
အယ် julia တို့ပါလား
ဟုတ်တယ်နန်း တို့စာလာမေးတာနန်း
အော်ဟုတ်ပြီ ဘာရှင်းပြပေးရမလဲ
ဒီအပုဒ်တွေဒို့နားမလည်ဘူးနန်း
အင်းရှင်းပြပေးမယ်နော်...

ဒီလိုနဲ့ညနေတောင်စောင်းသွားတယ်
နန်းတို့ပြန်ပြီ ကျေးဇူးပါနန်းရေ
အခုလိုရှင်းပြပေးလို့ မနက်ကျောင်းမှာတွေ့မယ်နော်
ကျွန်မလေ သူ့ကိုအရမ်းသတိရတာပဲ
သူရော သတိရနေပါ့မလား
အင်း...သတိရစရာအကြောင်းမှမရှိတာ
ကျွန်မဘက်ကသာတစ်ဖက်သတ်ဖြစ်ခဲ့ရတာလေ...

သား..
ဗျာ မေမေ..
သားမျက်နှာမကောင်းဘူးကွယ်
ဘာဖြစ်နေတာလဲသား
ဟို...ဘာမှမဖြစ်ပါဘူးမေမေ
သားနေမကောင်းလို့ပါ
သားရယ် ဆေးသောက်ရအောင် ထထ
ရတယ်မေမေ ခဏအိပ်လိုက်ရင်သက်သာသွားမှာ
အင်း..ဒီကလေးနဲ့တော့ ခက်တာပဲ
မေမေအခန်းထဲကထွက်သွားတော့
ကျွန်တော်ငိုမိတယ်..
မမနဲ့အဆက်သွယ်မရတာ ၁လလောက်ရှိပြီ
မမဗျာ...ကျွန်တော့်ကိုအလေးမထားဘူး
မမကလေ အရမ်းမာနကြီးတာ
မမကိုချစ်နေတာကိုမမ မသိဘူး
မမကလေ မာနကိုပဲရှေ့တန်းထားတဲ့ မိန်းမ
တစ်ကယ်တော့ သူနဲ့ဂျူးငယ်ကသူငယ်ချင်းတွေပါ
ဂျူးငယ်က သူ့ကိုတစ်ဖက်သတ်ကြိုက်နေတာတော့ သူ့သိတယ်
ဒါပေမယ့် မမပဲရင်ထဲမှာရှိတော့ သူဘယ်သူ့ကိုမှလည်းစိတ်ထဲမရှိတော့ဘူး
အဲ့နေ့က မမပြောလိုက်တဲ့စကားကြောင့်
သူဂျူးငယ်နဲ့တွဲဖြစ်သွားတာ..
မမကလေ စကားလေးတစ်ခွန်းနဲ့တောင် လာမမေးဘူး အရမ်းနေနိုင်တယ်
အဟက်!
သူ့အတွက်အရေးမှမပါတာ
တောက်စ်!

ဒီရင်ထဲက နာနေတာကိုခင်ဗျားမသိဘူးမို့လား
ဟာကွာ...
အရမ်းသတိရနေတာ
ဒီလိုနဲ့သူအိပ်ပျော်သွားခဲ့တာ
အာ....ညတောင်ရောက်ပြီပဲ
ကျစ်...ဟာ ငါဖျားနေပြီပဲ
မမသိလား...အခုလိုအချိန်ဆိုပိုလွမ်းမိတာ
မမအရင်က ကျွန်တော်ဖျားရင် မမဂရုစိုက်တာလေးကိုလွမ်းမိတာဗျ

သားသား
.....
အယ် သားလေး ကိုယ်တွေကလည်းပူနေလိုက်တာ  ထထ ဆေးခန်းသွားမယ်
ဟင် ခေါ်တာလည်းမထူးဘူး
သားသား မေမေ့သားလေး ကိုရေလုပ်ပါအုံးသားလေးကို

လူနာကစိုးရိမ်စရာတော့ သိပ်မရှိပါဘူး အဖျားကြီးပြီး သတိလစ်သွားတာပါ
မကြာခင်နိုးလာပါလိမ့်မယ်
ဟုတ် ဆရာကျေးဇူးပါ

အင်း...မမ ကျွန်တော့်ကိုလုပ်ရက်တယ်
ဥပက္ခာပြုရက်တယ်

သားလေး သားလေးရယ် မေ့မေ့သားလေး
မေမေသားလေး ဘာလို့အဲ့လောက်စွဲလမ်းနေရတာလဲကွယ်
မေမေသားခံစားနေရတာတွေမကြည့်ရက်တော့ဘူးသားရဲ့
ကျွန်တော်ဆေးရုံက ဆင်းရတာတစ်ပတ်ရှိပြီ
ဒီကြားထဲ ကျောင်းတက်ဖို့ကိစ္စတွေလည်း ပြင်နေရတာနဲ့ မမကိုတောင် သတိရချိန်မရှိဖြစ်သွားတယ်

၄နှစ်ခန့်ကြာသော်......
မေမေ
ပြောလေသမီး
သမီးမြန်မာနိုင်ငံကိုပြန်ချင်တယ်
သမီးရယ် ဒီမှာလည်း အဆင်ပြေနေတာပဲကို
မဟုတ်ဘူးမေမေ
သမီးအဲ့မှာလုပ်ငန်းချဲ့ထွင်စရာရှိသေးတယ် ပြီးရင် ပရဟိတလုပ်ငန်းတွေလည်းရှိသေးတယ်မေမေ

ဟူးးးးး....သူရှိတဲ့မြေပေါ်ခြေချရပြီ
သူနဲ့မတွေ့ပါစေနဲ့လို့ပဲဆုတောင်းမိတယ်
သမီးလေး
အန်တီမွန်၊အန်တီငွေ
သမီးလှလာလိုက်တာကွယ်
သမီးအကြိုက်တွေပဲချက်ထားတယ်
ဟီး အာ့ကြောင့်တီတို့ကိုချစ်ရတာ
အချွဲလေး
သမီးဒါနဲ့ဒီမှာက ဘာလုပ်ငန်းလုပ်ဖို့လဲသမီး
သမီးဒီမှာ hotelလုပ်ငန်းနဲ့ခရီးသွားဝန်ဆောင်မှုလုပ်ချင်လို့ တီ
ကောင်းပါတယ် သမီးရဲ့
ဘယ်မြို့မှာလုပ်ဖို့ရော စဥ်းစားပြီးပြီလား
ဟင့်အင်း မစဥ်းစားရသေးဘူးတီ
အာ့ဆိုတောင်ကြီးမှာလုပ်ပါလားသမီးရဲ့
အဲ့မှာက ခရီးသွားတွေလည်းပေါတယ်လေ
တောင်ကြီး...ဟုတ်လား
အေးပေါ့သမီးရဲ့ အဲ့မှာလည်းတီတို့နေချင်တယ်ကွယ်
အင်းပါ သမီးစဥ်းစားလိုက်အုံးမယ်
သမီးနားတော့မယ်တီ

You've reached the end of published parts.

⏰ Last updated: Aug 06 ⏰

Add this story to your Library to get notified about new parts!

ကျွန်မချစ်ရတဲ့ကလေးငယ်Where stories live. Discover now