အပိုင်း၁

1.8K 91 11
                                    

"အကိုက ယောကျာ်းတွေကိုမြူဆွယ်ရတာ ကြိုက်တယ်မလား၊ ဒါဆို ဒီကညီမက အကို့ဆန္ဒကိုဖြည့်ဆည်းပေးမှာပေါ့"

"ရှင့်ညီမငယ်လေးကိုယ်စား သေခါနီး ဝေယွမ်ကျောက်နဲ့သွားပျော်လိုက်၊ သူသေသွားရင် ရှင်လည်း သူနဲ့အတူမြေအောက်ထဲလိုက်သွားလိုက်တော့!"

ဖရိုဖရဲဖြစ်နေတဲ့တောအတွင်း ကျန်းလင်က သူ့အရိုးထဲမှအေးစိမ့်လောက်တဲ့ အတော်လေးကိုနူးညံ့တဲ့အသံနဲ့ အခြားအသံတွေကိုလည်း ကြားလိုက်ရသည်။

ဘယ်သူပြောနေတာလဲဆိုတာ သူကြည့်ချင်ပေမယ့် သူ့မျက်လုံးကိုမဖွင့်နိုင်ဖြစ်နေသည်။
...
ကျန်းလင်မျက်လုံးပွင့်လာတော့ အသက်ကြီးကြီးတစ်ယောက်ရဲ့​ မျက်နှာကိုမြင်လိုက်ရသည်။

"နိုးပြီလား?"

"နိုးလာတာကောင်းတယ်၊ မင်္ဂလာပွဲစကတည်းက ဒီမင်္ဂလာညအတွက်လုပ်ရဖို့ကိစ္စတွေကများတယ်၊ ဒါပေမယ့် အခုစစ်သူကြီးက သတိလစ်နေတာမလို့ မင်းကိုယ်တိုင်ထပြီး လှုပ်ရှားရမယ်"

အမျိုးသမီးအိုကြီးက ပြောလာပြီး ကျန်းလင်လက်ထဲကို စာအုပ်တစ်အုပ်ပေးလာပြီးနောက် လှည့်ထွက်သွားသည်။

အနည်းငယ်လမ်းလျှောက်ပြီးနောက် သူမကရပ်သွားပြီး ကျန်းလင်ကိုကြည့်လာသည်။
"အန်းယန်အိမ်တော်ကကြားတာတော့ မင်းက မင်းညီမနေရာကို အတင်းအကြပ်လူစားထိုးပြီး လက်ထပ်ခဲ့တာလို့ပြောတယ်၊ မင်းက စစ်သူကြီးကိုစိတ်ဝင်စားတယ်ဆိုမှတော့ သေချာဂရုစိုက်လိုက်ပေါ့၊ အပြင်မှာအချိန်ပြည့်လူတွေရှိမှာမလို့ တစ်ခုခုလိုရင်အော်လိုက်"

စကားပြောပြီးတာနဲ့ ကျန်းလင်ကိုစကားပြောခွင့်တောင်မပေးဘဲ တံခါးဆီတန်းသွားကာ ထွက်သွားတော့သည်။ တံခါးပိတ်သွားတာနှင့် ထိုအမျိုးသမီးက စက္ကူတံခါးကနေ အရာအားလုံးကိုချောင်းကြည့်နေလိမ့်မယ်ဆိုတာ ကျန်းလင်ခံစားမိသည်။

ထိုမြင်ကွင်းကို ကျန်းလင်အနည်းငယ် ရင်းနှီးနေပြီး အိမ်မက်ထဲက ဝေယွမ်ကျောက်ဆိုတဲ့နာမည်ကလည်း သူ့ကိုအတော်လေး ရင်းနှီးနေစေသည်။

ထိုအမျိုးသမီးအိုကြီးပေးခဲ့တဲ့စာအုပ်ကို တစ်ချက်ကြည့်လိုက်သည်၊ အဖုံးပေါ်မှာ ဘာစာမှရေးမထားတာမလို့ ပထမစာမျက်နှာကိုလှပ်ကြည့်လိုက်တော့ တရုတ်ရိုးရာပုံဖြင့် ပုံရိပ်လေးခုက ကျန်းလင်ရှေ့ပေါ်လာသည်.....

လက်ထပ်ဖို့ အမြှောက်စာဇာတ်ကောင်ထဲ ကူးပြောင်းခြင်းWhere stories live. Discover now