ဟန်တို့တိုင်ပင်ထားသည့်အတိုင်း သူတို့၅ယောက်နှင့်အတူ အစ်မတေးသံစဥ်ပါ အပါ အန်ကယ်သောအိမ်ကို သွားကြသည်။ အန်ကယ်သောက အစ်မတေးသံ ကြိုပြောထားတယ်ဆိုလို့ ဘာမှထွေထွေထူးထူးတော့ အကျိုးအကြောင်း ပြောပြစရာမလိုလိုက်ပါ။ မနက်တည်းကသွားဖို့စီစဥ်ထားကြပေမယ့် အချိန်ဆွဲနေကြတာနဲ့တင် ညနေ နေဝင်ခါနီးမှသာ ရောက်ဖြစ်ကြသည်။
အစ်မတေးက အခန်းကိုယ်ဆီချပေးလိုက်သည်။ အခန်းက ၃ခန်းသာရှိပါသည်။ ၁ခန်းကတော့ လေးယောက်အိပ်ခန်းမလို့ ဟန်၊ ရှိုင်း၊ နှင်းနဲ့လရိပ်ကိုနေလိုက်သည်။ သျှားနဲ့တေးက တစ်ယောက်တစ်ခန်းသာနေကြသည်။
ညကြရင်တစ်ခုခုလုပ်ဖို့လည်း တိုင်ပင်ထားကြသေးသည်။ အန်ကယ်သောက ပေါ့ပေါ့ပါးပါးလွတ်လွတ်လပ်လပ်နေ ဟုသာ မှာသည်။ လွတ်လွတ်လပ်လပ်နေဆိုတဲ့ စကားကိုကြားတာနဲ့ သောင်းကြမ်းဖို့ပြင်နေတဲ့ လရိပ်ကို ၄ယောက်သားကတော့ ခပ်လန့်လန့်ပါရယ်။ သိတဲ့အတိုင်း သူကမြင်းတာ မျောက်ရှုံးရသည်လေ။
"အန်ကယ်သော နေကောင်းတယ်မလားဗျ"
"အကောင်းကြီးပဲလေကွာ မြင်တဲ့အတိုင်းပဲ။ ဒါနဲ့ ရှိုင်းရဲ့ အဖေကို အန်ကယ်သိပ်မတွေ့မိဘူး။ အလုပ်တွေကြိုးစားလုပ်နေပုံပေါ်တယ်ကွ"
ဧည့်ခန်းထဲမှာ စီးပွားရေးအကြောင်းတွေကို အန်ကယ်သောနဲ့ရှိုင်း နှစ်ယောက်ထဲသာ တိုင်ပင်နေကြသည်။ စီးပွားရေးဆိုင်ရာဆို ရှိုင်းကသွက်သည်။ ရှိုင်း ၁၁နှစ် အရွယ်လောက်ကတည်းက ဒယ်ဒီ့ကိုကူခဲ့ရတာမလို့ သိသင့်သလောက်တော့ သိပါသည်။
"ဟုတ်တယ် ဒယ်ဒီ အခုတလောမအားဘူး ရှယ်ယာရှင်တွေများတော့ ခရီးသွားရတာနဲ့ အိမ်တောင်သိပ်မကပ်ဘူး သားအဖနှစ်ယောက်တောင် တစ်ခါတစ်လေမှတွေ့ဖြစ်တာ"
"ဒီလိုပါပဲကွာ လုပ်ငန်းရှင်တွေက
ရှိုင်းလေးလည်း နားလည်မှာပါ""ရှိုင်း နားလည်ပါတယ် အန်ကယ်သော"
လရိပ် နောက်ဖေးမှာ ကိတ်မုန့်ထိုင်စားနေတုန်း ဘေးနားကနေ လာအော်တဲ့ ကြောင်မဲလေးကို မြင်သွားတော့သည်။ အစ်မတေးသံစဥ်အိမ်မှာ ကြောင်လေးရှိတယ်ပေါ့။ လရိပ် အဲ့ဒီပေါက်စလေးကို ချီလိုက်သည်။ မဲမဲတူးတူးလေးနဲ့ ချစ်စရာလေး။ ဝိုင်းဝိုင်းလုံးလုံးလေးမို့ လရိပ် အသဲယားလှချည်ရဲ့။ လရိပ်တင်မက တစ်ဖွဲ့လုံးက တိရစ္ဆာန်လေးတွေ၊ ကလေးလေးတွေကို အသဲစွဲ။
![](https://img.wattpad.com/cover/373868872-288-k843150.jpg)
YOU ARE READING
ရွေးချယ်ရန် အထိုက်သင့်ဆုံးသူ [complete]
Storie brevi~ နှလုံးသားကိုဥပက္ခာပြု၍ ဦးနောက်နဲ့ ရွေးချယ်ရမည်ဆိုရင်တောင် မင်းကရွေးချယ်ဖို့ ထိုက်သင့်တဲ့သူ ~