အပိုင်း ( ၁၈၂ ) - Tina York ၏ကံကြမ္မာ။
"ကျွန်မက ကိုယ့်အတွက် ကောင်းတာကို မပြောနိုင်တဲ့သူ တစ်ယောက်မှန်း မသိခဲ့ဘူး"
အမျိုးသမီး၏ တိုးဖျသောအသံသည် သူမ၏နားထဲသို့ ရောက်သွားသောအခါ၊ Tina သည် တစ်ခုခုများ လွဲမှားနေသလားဟု အံ့သြသင့်နေမိသည်။
သူမက “ရှင့်အကြောင်း ပြောနေတာမဟုတ်ဘူး။ ကျွန်မ…”
သို့သော် သူမ စကား မပြီးခင်မှာပင် တစ်စုံတစ်ခုကို ချက်ခြင်း သဘောပေါက်သွားသည်။ သူမသည် Noraကို မယုံကြည်နိုင်စွာကြည့်ကာ
“နင်…နင်…နင်…”
'နင်' ကို သုံးကြိမ် ပြောပြီးသည့်တိုင် သူမစကားက အဆုံးထိ မပြောနိုင်သေးပေ။
သို့သော် Nora သည် သူမအား အာရုံစိုက်မနေတော့ပေ။ အဲဒီအစား သူမလှည့်ပြီး ခွဲစိတ်ခန်းထဲကို ဝင်သွားတယ်။
ထိတ်လန့်တုန်လှုပ်နေဆဲဖြစ်သော Tina သည် သူမရှိရာတွင် ရပ်ကာ သူမကို စိုက်ကြည့်နေသည်။
တစ်စုံတစ်ဦးမှ မခေါ်ခင်ချိန်ထိ သူမ အဲ့နေရာမှာ ရပ်နေမိသည်။
"ဒေါက်တာ York?"
ထိုမှသာ Tina သည် နောက်ဆုံးတွင် သူမ၏ အာရုံများက ပြန်လည်လည်ပတ်နိုင်သွားခဲ့သည်။ သူမသည် ဖုတ်ကောင်တစ်ကောင်လို ခွဲစိတ်ခန်းထဲသို့ ဝင်သွားကာ ပြတ်သားသောအသွင်အပြင်ကို ရံဖန်ရံခါ စိုက်ကြည့်နေသည်။
Nora Smith က Anti လား?
မဟုတ်ဘူး၊ သူမ အိပ်မက်မက်နေတာ ဖြစ်ရမယ်။ သူမက ဘယ်လိုလုပ် Anti ဖြစ်နိုင်မှာလဲ?
Tina မယုံကြည်နိုင် ဖြစ်သွားရသည်။
သူမ နှေးကွေးနေချိန်မှာ ခွဲစိတ်ခန်းထဲက လူတိုင်းက သူတို့ရဲ့ သက်ဆိုင်ရာ အလုပ်တွေအတွက် ပြင်ဆင်မှုတွေ လုပ်နေကြတယ်။ လူနာကို မေ့ဆေးပေးထားပြီး ဖြစ်တာကြောင့် လက်ရှိတွင် သတိလစ်နေပါသည်။
Noraသည် လက်အိတ်တစ်စုံကို ဝတ်ဆင်ကာ ကလေး၏ဦးခေါင်းကို ခွဲစိတ်မှာ ဖြစ်တဲ့အတွက် ဦးခေါ်ပေါ်တွင် သွေးကြောများရဲ့ အမှတ်အသားတွေကို ဘောပင်ဖြင့် စတင်ရေးဆွဲခဲ့သည်။ ထို့နောက် ဦးရေပြားကို စတင်ခွဲပေးဖို့အတွက် ခြေတစ်လှမ်းဆုတ်သွားခဲ့သည်။
YOU ARE READING
စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် -2 ( MM Translation )
Non-FictionThis is not my Novel. Just Translation. Crd to original Author & Eng Translator 🙏🙏