အချိန်ကား မနက် ၄ နာရီ ကျော်နေပြီဖြစ်သည်။ ပရော်ဖက်ဆာလိပ်ဆိုးတဖြစ်လဲ နာမည်အရင်း ရာဇာတင့်ဆိုသော လူကြီးမှာ မအိပ်နိုင်သေး။ သူ၏ ဖော်မြူလာစမ်းသပ်ခန်းထဲတွင် စာရွက်များ၊ သိပ္ပံကိရိယာများ၊ ဖော်ဆောင်လက်စ ဆေးဝါးများနှင့်အလုပ်ရှုပ်နေသည်။ သူ၏ အတိတ်ကံဘဝ အကျိုးပေးကြောင့်လားမဆိုနိုင် မွေးလာချိန်ထဲက ပါလာသော ကျောကုန်းရှိ အသားပို ဘုကြီးမှာ ဘောလုံး၂လုံးစာခန့်ရှိပီး အရပ်မှာ ၃ပေကို လက်မစွန်းစွန်းအနည်းငယ်ကျော်ပြီးသည်နှင့် ထပ်၍မထွက်လာတော့ပေ။
ငယ်စဉ်က ကျောင်းတက်ချိန်တွင် အတန်းဖော်များက ဝိုင်း၍စနောက်သဖြင့် ရှက်ပြီး ကျောင်းမတက်တော့ရာမှ မိဘများက အိမ်သို့ဆရာခေါ်သင်ပေးသဖြင့် သူသည် ပညာအရည်အချင်းကို သူများတွေထက်ပင် ကောင်းကောင်းတတ်မြောက်လာခဲ့ရသည်။ သူဝါသနာပါသည်မှာ ဓာတုဗေဒဆေးဝါးများဖော်စပ်ရာတွင် အရမ်းစိတ်ပါဝင်စားလွန်းပြီး ယခု အသက် ၄၈နှစ်သို့ဝင်လာသည်အထိ ကိုယ်ပိုင်ဓာတ်ခွဲခန်းငယ်လေးထဲတွင် ကြိုးစားလာခဲ့သည်။ လူတွေကိုပေးမသိသော ထူးထူးဆန်းဆန်း အာနိသင်ရှိသော ဆေးများ မျိုးစုံ ထုတ်လုပ်နိုင်ခဲ့ပြီးဖြစ်သည်။
ယခု သူဖော်စပ်နေသည်မှာ လူသားများကို အကျိုးပြုရန် ခရင်မ်တစ်ခုဖြစ်သည်။ ရေကူးရာတွင် ရေစိုဒါဏ်ခံ၊ နေပူထဲတွင် ခရမ်းလွန်ရောင်ခြည်ကာကွယ်နိုင်ပြီး အသားအရေများကို နုပျိုစေနိုင်သော ခရင်မ်တစ်မျိုးဖြစ်သည်။ ယခုမူ နီးစပ်နေပြီဖြစ်သော်လည်း တစ်ခုခုလွဲချော်နေပုံရပြီး အစရှာမရသဖြင့် ခေါင်းကိုက်နေသည်။
ဖော်လက်စ ခရင်မ်ကို ဖန်ပြားငယ်တစ်ခု ပေါ်တင်ကာ ဘေးရှိထိုင်ခုံပေါ်သို့ အနားယူလိုက်မိသည်။
ထို့နောက် သူ၏အချစ်တော် ဂျက်ကီကြီးအား ခေါ်၍ ခေါင်းလေးပွတ်သပ်ရင်း ဖော်လက်စခရင်မ်အကြောင်း စဉ်းစားနေသည်။ သူ၏ ခွေးကြီးအား သူသည် သေဆုံးသွားသော လူနာများ၏ ဦးနှောက်အစိတ်အပိုင်းများကို ထည့်သွင်းခွဲစိတ်ထားသဖြင့် လူတစ်ယောက်၏ ဉာဏ်ရည်နီးနီးရှိပြီး စာလုံးများပင်ပေါင်းတတ်သည်။ထိုအခိုက် ဂျက်ကီကြီးမှ ခရင်မ်ရှိသော ဖန်ပြားတင်ထားသည့် စားပွဲခုံကို ခုန်တက်ရာမှာ ချော်၍ လက်နှင့်သွားထိမိပြီး ဒလိမ့်ခေါက်ခွေးပြုတ်ကျလာသည်။
"ဂျက်ကီ မင်း ပျင်းနေပြီလား.. ငါလည်း ဒါလေးက ပြီးတော့မှာပါကွ.. နည်းနည်းလေးလွဲနေတာ အဖြေရှာမရဖြစ်နေတယ်ကွာ" ဟု ချော့ပြောရင်း ကြည့်လိုက်ရာ ဂျက်ကီကြီး၏ ညာဘက်လက်မှာ ထူးဆန်းစွာ ပျောက်ဆုံးနေပြီး မတ်တပ်ရပ်နေသည့် ပုံစံအတိုင်းမြင်ရသဖြင့် အရမ်းထိန်လန့်မိသွားသည်။
"သား.. ဂျက်ကီ.. မင်းလက်ဘာဖြစ်တာလဲ ပြစမ်း" ဟု ခေါ်လိုက်ရာ ခွေးကြီးမှာ သူ၏ရင်ဘတ်ကို ကုတ်တက်လေရာ လက်နှစ်ဖက်လုံး ထောက်မိသည်ကို ခံစားလိုက်ရသည်။
"ဟင်..ဒါ..ဒါဆို" သူ့ဒူးများ ညွတ်ခွေကျသွားပီး လဲသွားမိသည်။ မျက်လုံးများက ဖန်ပေါင်းချောင်အတွင်းမှ ခရင်များရှိရာဆီသို့
YOU ARE READING
ကိုယ်ပျောက်မုဆိုး
Fantasyအမှတ်မထင်ပဲ ကိုယ်ပျောက်ဆေး ဖော်စပ်မိရာမှာ ကာမမုဆိုးဖြစ်လာသူတစ်ဦး