Part-2

5.9K 10 0
                                    

သူဒီခရင်မ်ကို လူသားများ‌ကောင်းကျိုးအတွက် အချိန်ကုန် ငွေကုန်ခံပြီး ကြိုးစားလာခဲ့ရာမှ ယခုတော့ အာနိသင်များ ပြောင်းလဲကုန်ပြီး အရေပြားများ ပျောက်ကွယ်သွားသည့် ခရင်မ်အဖြစ်ရောက်သွားပြီး စိတ်ကုန်မိသွားသည်။
"အင်း မနက် ၇နာရီထိုးတော့မယ်" အခန်းတွင်းရှိ နာရီကိုကြည့်ပြီး ဂျက်ကီကိုကြည့်လိုက်ရာ ခရင်မ်ကြောင့် မမြင်ရပဲ ပျောက်ကွယ်နေသောလက်သည် ပြန်ပေါိမလာသေး။ ‌ခွေးကြီးမှာ ဘာမှမသိသည့်အလား အိပ်မောကျနေသည်။ "ဒါဆို ဒီ‌ ဆေးအာနိသင်က ဘယ်လောက်ခံတာလဲ၊ ၂နာရီကျော်တောင်ကြာနေပြီ၊ ပြန်ပေါ်မလာတော့ဘူးလား၊ ဒီလောက်ထိတော့ အာနိသင်ခံမယ်မထင်ဘူး၊ ငါ နောက် ၅မိနစ်နေလို့ ၃နာရီကြာပြီးမှ ပြန်ပေါ်မလာရင် ရေနဲ့ဆေးကြောပစ်ရမယ်" တကိုယ်တည်း ရေရွတ်ကာ ထိုင်ခုံမှာ ခပ်လျောလျောမှီရင်း ငယ်ဘဝအကြောင်းကို ပြန်စဉ်းစားမိနေ၏။

သူ၏ ဘုကြီးရှိသောခါး၊ ၃ပေသာသာရှိသောအရပ်၊ နီစပ်စပ်အသားအရေနှင့် ဆံပင်မွှေးညှင်းလေးများသာရှိသော ပုံမှန်ထက်ပိုကြီးသည့် ခေါင်းကြောင့် ယခုအချိန်ထိ အပယ်ခံလူပျိုကြီးတစ်ယောက်အဖြစ် ဓာတ်ခွဲခန်းလေးထဲ အချိန်ကုန်ခဲ့ရသည်။ အုပ်ထိန်းသူများက မိန်းမပေးစားဖို့ ကြံစည်ကြသော်လည်း ငွေမက်သည့် အမျိုးသမီယအချို့က အိမ်လာလည်မိတ်ဆက်ပြီးသည်နောက် ပြန်ပေါ်မလာကြတော့ပဲ အခုအချိန်အထိ မိန်းမများနှင့် အထိအတွေ့ မရှိဖြစ်ခဲ့ရသည်။ မိန်းမများနှင့်အိပ်ရသည့်အရသာကို သူခံစားဖူးကြည့်ချင်သည်။ ယခုတော့ သူ့ဘဝသည် ပတ်ဝန်းကျင်မရှိ၊ အပေါင်းအသင်းမရှိ၊ မိဘဆွေမျိုးမရှိ ခွေးကြီးဂျက်ကီနှင့်သာ အိမ်အိုကြီး၏ မြေအောက်ခန်း ဓာတ်ခွဲခန်းလေးထဲ နေ့နေ့ညည အချိန်ကုန်ခဲ့ရသည်။
"တီ..တီ...တီ..တီ" alarm ပေးထားသော နာရီမှ အသံကြောင့် အတွေးတို့ လွင့်စင်သွားခဲ့ရသည်။
"၃နာရီအတိရှိပီ ဆေးအာနိသင်ကို ပြန်ကြည့်ရမယ်"ဟုဆိုကာ ဂျက်ကီကြီးကို ကြည့်လိုက်ရာ ခွေးကြီးမှာဘာမှမသိသည့်အလား အိပ်မောကျနေသည်။ "ဟာ.. ပြန်ပေါ်လာပြီ..ပြန်ပေါ်လာပြီ..သား...သားကြီး..ဒါ...ဒါဆို ငါတို့ ထာဝရမပျောက်ကွယ်တော့ဖူးကွ" "ဟားဟားဟား..ဟားးဟား..ငါ့ကို တန်ခိုးရှင်တွေက ဆုချလိုက်တာကွ" "ဒီနေ့ကစပြီး ငါ့အကြောင်းသိကြစေရမယ်..ဟားဟားဟားဟား" ဟူ၍ တစ်ယောက်ထဲ အသိစိတ်လွတ်သွားသည့်အလား ကျယ်လောင်စွာ အော်ရယ်ရင်း ရုတ်တရက် အတွေးတစ်ခုက ခေါင်းထဲဖြတ်ကနဲ ပေါ်သွားပြီး မျက်နှာပေါ် ကောင်းမွန်ခြင်းမရှိသည့် အပြုံးတစ်ခု နှုတ်ခမ်းထောင့်မှ အကျဉ်းတန်စွာ ထွက်ပေါ်လာတော့သည်။

ကိုယ်ပျောက်မုဆိုးWhere stories live. Discover now