Enchanted Beginning-(Part-1)

15.4K 31 8
                                    

2020 COVID first wave ပြီးခါနီး
လူကပျင်းပျင်းရှိနေတာရယ်
Facebook official မှာကလဲ
COVID သတင်းတွေးနဲ့ကြည့်ပဲဆိုတော့
Fake account မှာနေဖြစ်တာများတယ်
အဲ့အချိန်က တစ်ရက်ကျmy day မှာ
အိမ်ကခွေးမလေးက ကျွန်တော့်ပေါင်ပေါ်
ခေါင်းလေးတင်ပြီး အိပ်နေတဲ့ပုံလေးတင်လိုက်တဲ့အချိန်

Catherine ဆိုတဲ့ account ကနေ
"ချစ်စရာလေးနာမည်ဘယ်လိုခေါ်လဲ"
ဆိုပြီး ကျွန်တော့် story ကနေ massage ပို့လာတာ

"Cookie လို့ လေးလသမီးလေးပဲရှိသေးတာ
လူအရမ်းကပ်ပြီးချွဲတတ်တာလို့" reply ပြန်တော့

ဟုတ်လား Cathကလဲ ခွေးအရမ်းချစ်တာ
ဒါမယ့်အိမ်မှာကမွှေးလို့အဆင်မပြေလို့

ကျွန်တော့်အိမ်မှာကတော့အများကြီးပဲဆိုပြီး
ပုံတွေပြလိုက်တာ အဲ့အချိန်ကအိမ်မှာ
ခွေးတွေက pugတွေနဲ့တင် ၁၂ကောင်လောက်ရှိတယ် rottweilerက နှစ်ကောင်
french bulldog တစ်ကောင်နဲ့
Giant Alaskan ကနှစ်ကောင်
၀ယ်မွေးပြီး ထပ်ပွားလာတာတွေ
သူများကမနိုင်တော့လို့ လာပေးတာတွေနဲ့
အရမ်းများသွားတာ ပြောရရင် လူကအဲ့အချိန်မှာ
ခွေးနံကအမြဲကိုစွဲနေတာ XD

သူကိုပုံတွေပြပြီး အဲ့ရက်ကတော့
ဘယ်ကလဲ ဘာညာ အပေါ်ယံလောက်
မိတ်ဆက်ပြီးပြီးသွားတာ

အဲ့နောက်ပိုင်း
သုံးရက်လောက်စကားမပြောဖြစ်ဘူး

လေး‌ရက်မြောက်နေ့ကျသူကလာမေးတာ
သူ့သူငယ်ချင်းခွေးလေး သန်းတွေမွှားတွေ
အရမ်းကျနေလို့ဘယ်လိုလုပ်ပေးရမလဲဆိုပြီး

ကျွန်တော်ကစာရိုက်ပြောရမှာပျင်းတယ်ကွာ
အဲ့တော့ ဖုန်းပြောမလားလို့မေးတော့
သူက ရတယ်လေဆိုပြီး
ဖုန်းခေါ်လာတဲ့အချိန် သူနဲ့ပထမဆုံးဖုန်းပြောဖူးတာပဲ

ပေါင်ဒါထည့်ဖို့ရယ် ဆေးစက်ချဖို့
ဆေးနာမည်ရယ်ပြောပြပြီး သူက
ခွေးလေးတွေကြည့်ချင်တယ်ပြောတော့
ဒီဖက်ကနေ camera ဖွင့်ပြီး
အကုန်လုံးနဲ့လိုက်မိတ်ဆက်ပေးတာ

အဲ့လိုလုပ်နေတုန်း camera ကိုမတော်တဆ
လှည့်မိပြီး မျက်နှာပြမိသလိုဖြစ်သွားတာ
သူရော်ကျွန်တော်ပါ fake account
တွေသုံးတာ သူကအဲ့မှာလှမ်းစလိုက်တာ
အဲ့ကောင်လေးကရော်
နာမည်ဘယ်လိုခေါ်လဲဆိုပြီး

Hidden Affection:The Story Of UsWhere stories live. Discover now