Between Pages and Longing: The Emergence of a Deep Connection-(Part-6)

2.8K 16 23
                                    

ပြောပြီးသောက်နေတာလက်စသပ်ပြီးမှ
အိပ်ရအောင်ဆိုပြီး မျက်နှာတစ်လုံးလိုက်နမ်းပြီး
သူကလဲပြန်နမ်းရင်း အ၀တ်တွေပေါ်ကနေ
ပွတ်သီးပွတ်သပ်လုပ်နေရင်းနဲ့မှ
အိပ်ရအောင်နော် မနက်စောစောရအုံးမှာဆိုပြီး
၆နာရီAlarm‌ပေးပြီး အိပ်ယာ၀င်ခဲ့လိုက်ကျတာ

ညအိပ်နေရင်းလဲ
တစ်ယောက်နဲ့တစ်ယောက်လိုက်ဖက်
သူကဟိုဖက်ရောက်နေရင် ကျွန်တော်က
ကပ်သွားတာမျိူး ကျွန်တော်ကဝေးနေရင်
သူကပ်လာတာမျိူး ဖက်ထားရတာ
ညောင်းလာလို့ position ပြောင်းအိပ်ချင်တောင်
လက်ကိုကိုင်အိပ်ရင်အိပ်
လက်ကိုင်မထားရင်တောင်
အသားချင်းထိနေအောင်
တစ်နေရာမဟုတ် တစ်နေရာထိနေတာမျိူးကွာ

၆နာရီ alarm ပေးထားပေမယ့်
နှစ်ယောက်လုံးကခရီးပန်းထားတာရယ်
မနေ့ကသောင်းကြမ်းထားတာတွေရယ်နဲ့
၇နာရီကျော်ကျော်လောက်မှပဲထနိုင်ကျတာ

နိုးလာတော့ မျက်နှာသစ်သွားတိုက်
ရေချိူးခေါင်းလျှော်ပြီး ပြင်စရာရှိတာတွေပြင်ပြီး
ရေချိူးခေါင်းလျှော််တဲ့အချိန်မှာလဲ
အရင်အပိုင်းတွေကရေးခဲ့တဲ့အတိုင်း
သေချာလေးရေချိူးပွတ်သပ်
ခေါင်းလျှော်ပြီး dryer မှုတ်ပေးတာပဲ

အဲ့နေ့မှာသူ၀တ်တာက အင်္ကျီကိုယ်ကျပ်
လက်ရှည်နက်ပြာရောင်လေးနဲ့
ဂါ၀န်အရှည်အမဲရောင်တွန့်တွန့် ပွပွလေးနဲ့
ပျော့ပျော့လေး ဘယ်လိုခေါ်တာလဲတော့မသိဘူး

အကုန်ပြီးတဲ့အချိန်
Hotel breakfastပဲစားပြီး ထွက်လာတဲ့အချိန်
၈နာရီကျော်ကျော်လောက်ရှိနေပြီ

ကျွန်တော်က ဆိုင်ကယ်နဲ့သွားမယ်ပဲ
စိတ်ကူးထားပေမယ့် သူကE-Bike
မစီးဖူးဘူးဆိုတာနဲ့ ဆိုင်ကယ်သော့
အခန်းပြန်ထားပြီး E-Bike
ဌားထွက်လာကျလိုက်တာ

အဲ့နေလည်ခဲ့တာအတွက်
detailလဲသေချာမမှတ်မိသလို
လိုရာဇာတ်လမ်းမရောက်မှာဆိုးလို့
ထည့်မရေးတော့ဘူးနော်

အရင်ဆုံး ရွှေစည်းခုံ၀င် သူကကန်တော့ပြီး
ဓာတ်ပုံရိုက် ပြီးရင် မြစ်ကမ်းနားက
ခြင်္သေ့တံခါးဖက်ဆင်းပြီး
ရှုခင်းကြည့်ပြီးတာနဲ့
ညောင်ဦးဖက်က
ဌက်ပစ်တောင်စေတီကိုဆက်သွားတာ

You've reached the end of published parts.

⏰ Last updated: Jan 03 ⏰

Add this story to your Library to get notified about new parts!

Hidden Affection:The Story Of UsWhere stories live. Discover now