1

6K 107 1
                                    

My Dominant Alpha - 1

Ss ရိုက်ခြင်း ၊ Social Platform ပေါ်တွင်မျှဝေခြင်းများ ရှောင်ရှားပေးပါ

Omega_HEAT: Wattpad

Omega_heat: Telegram

အဖြူရောင်ဆံနွယ်ရှည်တွေနှင့် လှပပြီးကျော့ရှင်းလွန်းသည့်အမျိုးသမီးတစ်ဦး..
ညှို့မှိုင်းရဲ့ဆေးလိပ်ငွေ့တွေကြားဖြတ်သန်းသွားတဲ့သူမ... ညှို့မှိုင်းသောက်လက်စ ဆေးလိပ်ဆီကိုတောင် အာရုံပြန်မရောက်နိုင်ဘဲ ထိုမိန်းကလေးဆီသို့ ပျံ့လွင့်ကုန်သည်။

"လှလိုက်တဲ့ omega... ဒီလို Omega မျိုး ကမ္ဘာပေါ်မှာ ရှိရဲ့လားဟမ်.."

"ရှိလို့ပဲ မင်းမြင်နေရတာပေါ့"

ဇွဲကောင်း ကြောင့်ခံစားချက်တွေပြည့်နက်နေသည့် ညှို့မှိုင်းစိတ်တွေ အားလုံး အမှိုက်ပုံးထဲရောက်သွားလို့နေပြီ။သောက်လက်စ စီးကရက်ကို မီးသတ်ကာ အမှိုက်ပုံးထဲပစ်ထည့်လိုက်သည်။ထို့နောက် ဇွဲကောင်းအား မကြည်အကြည့်ဖြင့်ကြည့်ပြီး ဆိုင်ကယ်ကိုသာစက်ပြန် နှိုးလိုက်သည်။

ဘရွှန်း ... ဘရွန်း....

မီးပွိုင်းနားမှာ ဆိုင်ကယ်ရပ်နေတုန်း ကြာလွန်းသည့် ဒီမီးပွိုင့်အကြောင်းကိုသိနေတာမလို့ ဆေးလိပ်သောက်ပြီးစောင့်နေကြတာဖြစ်သည်။လူသွားလမ်း ပလက်ဖောင်းပေါ်မှ ဖြတ်သွားတဲ့အမျိုးသမီးကိုမြင်ပြီး နှလုံးခုန်သံမြန်ဆန်လာတာဖြစ်သည်။အနောက်မှာ ထိုင်လိုက်လာသည့်ဇွဲကောင်းကို မေ့လို့များရင်ဖွင့်မိပါတယ်... ဒီအဖျက်သမားအကြောင်းကိုမေ့ပြီးတော့လေ...

"အဲ့ကောင်မလေးကို ငါသိတယ်သားကြီး.."

"ငါတောင်မသိတာမင်းကဘယ်လိုသိတာလဲ"

"အာဏာစက်ထိပ်ခေါင် ရဲ့ ညီမလေ..."

ဆိုင်ကယ်အမြန်မောင်းနှင်နေသည်ကြောင့် လေများကတဟူးဟူးပင်တိုက်ခတ်လို့နေသည်။ဇွဲကောင်းပြောသည့် နာမည်အရှည်ကြီးကိုပင် ကြားတစ်ချက် မကြားတစ်ချက်...

"ဘာနာတာ....?"

"ချီး.. မင်းဖင်ကြီးကိုနာ... အာဏာ.. အာဏာစက်ထိပ်ခေါင်....!!"

"ချီး တင်စီးလိုက်တဲ့ နာမည်ကြီးကိုကွာ...!"

ညှို့မှိုင်းနဲ့ ဇွဲကောင်းတို့က ဂိမ်းကုမ္ပဏီမှာ အလုပ်လုပ်ကြသည့်သူနှစ်ဦးဖြစ်သည်။ထို့အပြင် သူတို့နှစ်ဦးတည်းသီးသန့်ရေးဆွဲထားသည့် ဂိမ်းကလည်း အခုလောလောဆယ်မှာအနည်းငယ်အောင်မြင်မှုရှိနေသည်ကြောင့် ထိုဂိမ်းအက်ပလီကေးရှင်းအတွက် လိုအပ်တဲ့ထောက်ပံ့မှုတစ်ချို့ကိုလုပ်ဆောင်ဖို့အတွက် ကုမ္ပဏီတစ်ခုနှင့်ချိတ်ဆက်နေခြင်းဖြစ်သည်။ အခုလည်း ထိုကုမ္ပဏီသွားဖို့နှစ်ယောက်သားထွက်လာခဲ့ကြတာဖြစ်၏။

My Dominant Alpha Where stories live. Discover now