Chapter 63+64+65

980 82 0
                                    



အပိုင်း(၆၃): အတိတ်တုန်းကမမြင်ခဲ့ရတာတွေက အပြစ်တင်စရာ ဖြစ်နေပြီ • February 18 at 10:31 PM

သခင်မကျန်းက ဝမ်းသာသွားပေမယ့် တစ်ချိန်တည်းမှာပင် လုလျန့်ဝေဆီက မထီမဲ့မြင်ပြုမှုက ပိုပြီးပြင်းထန်လာတာကို သူမခံစားလိုက်ရတဲ့တယ်။ အိမ်ရှေ့စံမင်းသားအတွက် မဆိုသလောက် ရိုးဒီခြေရာလေးကို သူမ ဆန္ဒအတိုင်း လိုက်လျောညီထွေဖြစ်အောင် လုပ်ရမယ်ဆိုတာ သူမ သိပါတယ်။

"ဒါဆို ငါသွားတော့မယ် မင်းရဲ့သတင်းကောင်းကို စောင့်‌နေမယ်နော်"

" ကောင်းကောင်းပြန်ပါ အန်တီကျန်း"

လုလျန့်ဝေ ပြုံးပြပြီး ခေါင်းညိတ်လိုက်သည်။

သခင်မကျန်း ထွက်သွားပြီးတဲ့နောက်မှာ ကျူးယွီက သူမရဲ့ ခြေထောက်ကို ဆောင့်လိုက်သည်။ ဖြစ်ပျက်ခဲ့တာကို နားမလည်နိုင်လို့ သူ့မျက်နှာမှာ စိုးရိမ်တကြီး အကြည့်တွေ ရှိနေတယ်။

"သခင်မလေး သခင်မကျန်းကို ဘာလိုကူညီဖို့ သဘောတူတာလဲ။ သူက ကောက်ကျစ်တယ် အိမ်ရှေ့မင်းသားဆီမှည သခင်မလေးအတွက် သူတောင်းဆိုမှာမဟုတ်ဘူး။သခင်မလေးကို လှည့်စားနေတာ"

လုလျန့်ဝေက လက်ဖက်ရည်အနည်းငယ် သောက်လိုက်သည်။ သူမရဲ့ ပါးစပ်ထဲမှာ Osmanthusရဲ့ မွှေးရနံ့တွေနဲ့ ပြည့်နေတယ်။

"အဲဒါကို ငါ မသိဘူးလို့ ထင်နေတာလား"

ကျူးယွီ စိတ်ရှုပ်သွားသည်။

"ဒါဆို သခင်မလေးကဘာဖြစ်လို့ပြောတာလဲ....."

"သူမ ငါ့ကို ချော့မော့မြှောက်ပင့်တယ်ဆိုတော့လည်း ငါလည်းသူမကို ဒီလိုပဲလုပ်လို့ မရဘူးလား။ သူမကိုတစ်ခါတည်း ငြင်းပယ်လိုက်ရင် သူမက လုယွင်ရွှမ်းဆီကို တန်းတန်းမတ်မတ် ပြေးသွားလိမ့်မယ်။ လုယွင်ရွှမ်းက အိမ်ရှေ့စံကြင်ယာတော်ပဲ၊ သူ့အမေကို ဒီလိုဖြစ်ခွင့် ပေးပါ့မလား။ တရားထိုင်ဖို့ ဘုရားကျောင်းကို ပို့လိုက်မယ်။သူကအိမ်ရှေ့စံမင်းသားဆီ သွားပြီး အဖေ့ကို နယ်နှင်းဒဏ်ခံခိုင်းပြီး သခင်မကျန်းကို ပေးခဲ့တဲ့ ပြစ်ဒဏ်ကို ပြန်ရုပ်သိမ်းခိုင်းလိုက်လိမ့်မယ်"

ဦးရီးတော်ဧကရာဇ်ရဲ့ အသည်းအသက်လေး အဖြစ် ကူးပြောင်းလာတယ်Where stories live. Discover now