Chapter 57 +58 + 59

817 13 6
                                    


အပိုင်း(၅၇) :ဧကရာဇ်က သူမကို စိတ်ကူးယဉ်ရုံဖြစ်သွားမှာကို စိုးရိမ်နေခြင်း • February 15 at 9:32 PM

လုလျန့်ဝေတစ်ယောက် ဟင်းလျာများကို မကြာသေးမီကမှ စားဖူးသောကြောင့် အခြေအနေ အနည်းငယ် ထူးဆန်းသည်ကို တွေ့ရှိခဲ့သည်။ ဧကရာဇ်မင်းမြတ်ရဲ့ မွေးနေ့ပွဲနေ့ဖြစ်သောကြောင့်သာ သာမာန်ပွဲတစ်ခုတွင် အလားတူ ဟင်းနှစ်ပွဲ ဆက်တိုက်ကျွေးရန် မဖြစ်နိုင်ပေ။ကျောက်ချန်ရဲ့ ကျီစယ်တတ်သော အကြည့်ကိုကြည့်ရန် သူမ မျှော်ကြည့်မိသည်။

"ဧကရာဇ်မင်း သတိပြုမိတာက ဒီဟင်းနှစ်မျိုးကို ဒုတိယ လုသခင်မက လွန်စွာနှစ်သက်နေတာကြောင့် ဘုရင်မင်းမြတ်က ကျွန်ုပ်ကိုဟင်းလျာများ ယူဆောင်လာရန် အမိန့်ပေးတော်မူတယ်။ ဖြည်းဖြည်းသက်သာစွာ သုံးဆောင်ပါ။"

ကျောက်ချန်ထွက်ခွာသွားပြီးနောက်ပိုင်းတွင် လုလျန်ဝေ သူမရဲ့အာရုံကို ပြန်လည်အသုံးချနိုင်စွမ်း မရှိသေးပေ။စားပွဲပေါ်ရှိ ငါးစွပ်ပြုတ်နှင့် ကောက်ညှင်းအသားကို မြင်လိုက်ရသောအခါ လုလျန်ဝေကို သွားရေယိုစပြုလာသည်။ဒါပေမဲ့ဟင်းနှစ်ပွဲက ဘယ်လိုပင် အရသာရှိစေကာမူ သူမရဲ့ဆင်ခြင်တုံတရားကို မဆုံးရှုံးခဲ့ပေ။ဧကရာဇ်မင်းက ဒီဟင်းနှစ်မျိုးကို နှစ်သက်ကြောင်းကို ဧကရာဇ်မင်းမည်သို့သိသနည်းဆိုသည်ကို အံ့ဩမိသည်။ကျောက်ချန်က သူ့စကားအပေါ် အလေးပေးတာကို တွေးတောရင်း စူးစမ်းချင်စိတ်က နှစ်ဆတိုးလာတယ်။ဧကရာဇ်က သူမကို တချိန်လုံး စောင့်ကြည့်နေတာ ဖြစ်နိုင်ပါ့မလား။

အေးတိအေးစက် ဆက်ဆံခြင်းနဲ့ ဖြစ်နိုင်ချေကို တွေးတောရင်း ရုတ်တရက် မီးခဲပေါ်တွင် လမ်းလျှောက်နေသကဲ့သို့ ခံစားလိုက်ရသည်။မကြာခင်ကသူမတွေ့ရှိခဲ့သော အရသာရှိသော ဟင်းလျာများသည် ချက်ခြင်းပင် အရသာမရှိသလို ဖြစ်လာသည်။

အရင်ကတည်းက သီလရှိတဲ့ ကြင်ယာတော်ရဲ့ အေးစက်စက်နဲ့ ရန်လိုတဲ့ အကြည့်တွေကို သူမ မမေ့ခဲ့ပါ။ဧကရာဇ်ရဲ့ရုတ်တရတ် လုပ်ရပ်ကြောင့် သူမဟာလူအများရဲ့ ကဲ့ရဲ့ခြင်းပစ်မှတ် ဖြစ်လာနိုင်တယ်။ဒါပေမဲ့ ဧကရာဇ်က သူမအား အစားအစာဖြင့် ဆုချသောကြောင့် သူမ မငြင်းနိုင်ပေ။ သူမ ခေါင်းငိုက်စိုက်ချကာ ပါးစပ်ထဲ အရသာသိပ်မခံစားဘဲ စားလိုက်သည် ။

ဦးရီးတော်ဧကရာဇ်ရဲ့ အသည်းအသက်လေး အဖြစ် ကူးပြောင်းလာတယ်Where stories live. Discover now