ဆိုရိုးစကားတစ်ခုရှိတယ်
လူတစ်ယောက်က ကိုယ်တစ်ခါမှမရောက်ဖူးတဲ့ အရပ်ဒေသကို သွားချင်နေတယ်.ကိုယ်က အဲ့နေရာနဲ့ သက်ဆိုင်နေတယ်လို့ ခံစားရရင် အဲ့မြို့မှာ ကိုယ်နဲ့ သက်ဆိုင်တဲ့ သူက ရှိနေပြိးသားတဲ့.
ဒါဆို ငါကရော" 'Papi' ရေ အတွေးနယ်ချဲ့မနေနဲ့ဘဲ ခေါင်မိုးပေါ်က ဆင်းခဲ့တော့"
"ခနလေးဘဲ,ခေါင်မိုးပေါ်ကနေ တိမ်တွေကို ကြည့်ရတာ ဘယ်လောက်ကျေနပ်စရာကောင်းလိုက်လဲ.တိမ် ဖြစ်ရတာ သိပ်ကိုကောင်းမှာဘဲ.လေနှင်ရာသွားတဲ့ ခရီးသည်တွေလေ သူတို့က'
"ဆင်းခဲ့ပါတော့,မိုးချုပ်နေပြီ"
"လာပြီ,ဘာတွေ အရေးကြီးနေလဲ.ငါတို့မှာ အချိန်တွေ ကျန်ပါသေးတယ်.တစ်လောကလုံးမှာ ရှိတဲ့ pressureတွေ မင်းပုခုံးပေါ် တင်ထားစရာမလိုပါဘူး Vinရေ"
"ငါအထုပ်တေပြင်လိုက်အုန်းမယ်""ဘယ်သွားမလို့လဲ,လာနောက်မနေနဲ့ Papi"
"ငါ ပဲရစ်ကို သွားမလို့"
"ဟုတ်ပြီလေ,ဂရုစိုက်.ငါတားလို့ရတဲ့ အမျိုးထဲမှာ နင်မပါမှန်းသိပြီးသားပါ"
"မတားလို့ ကျေးဇူးဘဲ"
Meanwhìle....
"ပဲရစ်မှာ နေရတာ မကြိုက်ဘူး."
"ဘာတွေ အရူးထပြန်ပြီလဲ Flora"
"ထားလိုက်ပါတော့လေ,ငါရဲ့ စာမူကို ပြီးအောင် ရေးရအုန်းမယ်"
"ဟုတ်ပြီ,ငါလဲ ပြန်တော့မယ်,Bye lora"
Flora ခေါင်းတစ်ချက်ငြိမ့်ရုံဖြင့်သာ