🐕🐈‍⬛

34 5 7
                                    

"ကလေးနဲ့ကောင်းကောင်းဆော့နေလိုက်အုံး ဂျုံဆောင်း"
"ဟုတ် အမေ"

"လာ ဂျယ်ယွန်း ကိုကိုတို့ဟိုဘက်သွားဆော့ရအောင်"
"အင်း ကိုကို"

ဒီနေ့ကျမှ ၈နှစ်သားဂျယ်ယွန်းလက်ကလေးတွေက
နည်းနည်းပိုဖောင်းနေသလိုပင်။

ဂျုံဆောင်း သူ့လက်ထဲကလက်ဖောင်းဖောင်းလေးတွေကိုသေချာကိုင်ကာခြံအရှေ့ကပန်းခြံထဲကိုခေါ်သွားလိုက်သည်။

"ကိုကို့ဂျယ်ယွန်းလေးကပန်းလေးတွေနဲ့တအားလှတာပဲ"
"သားမှပန်းမကြိုက်တာ ကိုကိုရဲ့
ကိုကိုနဲ့မှပိုလိုက်တာ"

"ဟ မင်းကိုကိုကစက်ရုပ်တွေနဲ့ဆော့နေတဲ့အရွယ်ရောက်ပြီကွ ဘယ်လိုလို့ပန်းနဲ့လိုက်မှာလဲ"

"ဂျယ်ယွန်း တကယ်ပြောတာပါဆို ကိုကိုကလည်း"
"အင်းပါ ဂျယ်ယွန်းရယ် အခုတော့ဆော့ရအောင်နော်"
"မိသားစုဂိမ်းဆော့ရအောင် ကိုကို
ဂျယ်ယွန်း အတန်းထဲကကောင်မလေးတွေအဲ့တာဆော့တာပျော်ဖို့ကောင်းမဲ့ပုံပဲ"
"ကိုကို့ကိုပြောပြလေ ဂျယ်ယွန်းလေးက
ဘယ်လိုဆော့ရတယ်ဆိုတာ"
"ဒီလို ကိုကိုနဲ့ကျွန်တော်ကမိသားစုတွေ သားတို့ကလက်ထပ်ထားတာ
‌laylaကသမီးလေး သားကအလုပ်သွား..."
"ရှူး... ဂျယ်ယွန်း ဘာတွေလျှောက်ပြောနေတာလဲ ကလေးလေးနော်
မေမေနဲ့တီတီရှင်းမ်ကြားသွားရင်ရိုက်ခံနေရလိမ့်မယ်
ကြားလား ဂျယ်ယွန်းလေး "
"ဟုတ် သားမဆော့တော့ပါဘူး"
"အခုတော့ ကိုကိုကဆံပင်ရွှေရောင်နဲ့ဩဇီသားလေးကိုကလိထိုးတိုင်းဆော့တော့မယ်ကွာ တစ် နှစ် သုံး ကလိ...ကလိ"

"အား ယားတယ်လို့ ကိုကို
မေမေရေ ဒီမှာကိုကို
ကလိလိုက်ထိုးနေတယ်ဗျို့ ကိုကို မလုပ်နဲ့လို့"

အသက်ဆယ့်သုံးနှစ်အရွယ်ဂျုံဆောင်းမျက်လုံးထဲမှာတော့သွားလေးတွေပေါ်အောင်ရယ်နေတဲ့ဂျယ်ယွန်းကတအားချစ်ဖို့ကောင်းတာပဲ။

သူအသက်တွေကြီးသွားရင်လည်းဒီကလေးလေးပျော်နေဖို့အတွက်ဘာမဆိုလုပ်ပေးမှာ။
ဘာလို့ဆိုသူ့ကလေးလေးအပြုံးကအဖိုးတန်တယ်လေ။

"ကဲ ကလေးတွေ ဆော့တာရပ်ကြတော့ ကိုကိုကပြန်ရတော့မယ်တဲ့ ဂျယ်ယွန်းရေ
လာတော့ နှစ်ယောက်လုံး"

°•Jjong Love From Puppy •°Where stories live. Discover now