ရာဇ၀င်တွင်သောချစ်ငြိုး(part25)

113 7 0
                                    

ငြိုးဒီနေ့အလုပ်မပြတ်သေးတာကြောင့်companyမှာသာရှိနေမိသည်။အောင်သူကတော့ညနေ၅နာရီကတည်းကပြန်သွားခဲ့ပြီးသေချာတာတစ်ခုကသူမတစ်စုံတစ်ယောက်ကိုစောင့်နေတယ်ဆိုတာပင်ငြိုးနာရီကိုကြည့်လိုက်တံခါးဘက်ကိူမျှော်လိုက်နှင့်ပင်ဘယ်လောက်ဘဲပါးစပ်နဲ့ငါနဲ့မပတ်သက်နဲ့ပြေနေပါစေတကယ်တမ်းတော့ငြိုးသူ့ကိုလွမ်းမိသားငြိုးနဲ့မတွေ့ရတဲ့ရက်တွေသူဘာတွေဖြစ်နေခဲ့လဲဆိုတာငြိုးမသိခဲ့သူ့ကိုမြင်ရပြန်တော့စိတ်ထဲမှာ၀မ်းနည်းတာရောနာကျင်ရောရောထွေးနေခဲ့သည်။သူ့ဘက်ကငြိုးမိသားစုအပေါ်မှာလုပ်ခဲ့သည့်အရာကိုဘယ်လိုမှနားလည်ပေးလို့မရပေ။

''ဘာလို့မမုန်းနိုင်ရတာလဲ''

ချပ်!!!

တံခါးဖွင့်သံကြောင့်မော့ကြည့်လိုက်တော့သိပ်တွေ့ချင်နေသည့်သူညနေက၀တ်စုံနဲ့ပင်ဒါပေမယ့်သူ့မျက်၀န်းတွေက၀မ်းနည်းရိပ်နဲ့တောင်းပန်နေသည့်အမူအရာကိုဖော်ပြနေတာကြောင့်ငြိုးချက်ချင်းမတ်တပ်ရပ်လိုက်မိသည်။

''ရိုင်း''ရိုင်းသူမဆီသိူ့ဖြေးညင်းစွာလျှောက်လာပြီးသူမကိုယ်လေးကိုအားယူပွေ့ဖက်လိုက်လေသည်။

''တောင်းပန်ပါတယ်ငြိုး..ကိုမင်းအပေါ်မှာအမှားတွေဘဲလုပ်ခဲ့မိတယ်ကိုမကောင်းခဲ့ဘူးငြိုး....တောင်းပန်ပါတယ်...''ငြိုးရိုင်း၏ကျောကိုဖွဖွလေးပုတ်ပေးရင်း''တောင်းပန်တယ်ဆိုငါ့အဖေကိုနင်ထောင်ချခဲ့တာဘာလို့လဲငါသိလို့ရမလားနင့်မိဘတွေနဲ့ငါ့အဖေကအကောင်းဆုံးဆက်ဆံရေးရှိခဲ့တာတောင်မှလေငါအဖေကနင့်မိဘတွေကိုသတ်ခဲ့သူလို့ဘာကြောင့်စွတ်စွဲရတာလဲ''

''တောင်းပန်ပါတယ်ငြိုးငါမှားခဲ့တယ်သူတို့ထောင်ချောက်ထဲကိုမ၀င်ခဲ့သင့်ဘူးငါအခုအမှန်တရားကိုသိခဲ့ပြီး''ငြိုးမျက်နှာကိုလက်နဲ့ကိုင်ကာပြောလာသောရိုင်းသူ၏မျက်နှာပေါ်မှာမျက်ရည်များကပြည့်နှက်နေခဲ့သည်။

''ရိုင်းနင်ဘာတွေသိခဲ့တာလဲငါ့ကိုပြောပြပေးနိုင်မလား''ဒီအချိန်မှာငြိုးစိတ်ထဲမှာနာကျင်မှုတွေထက်သူ့ဆီကအမှန်တရားဆိုတာကိုမျှော့်လင့်နေမိသည်။

ရာဇ၀င်တွင်လောက်သောအချစ်ငြိုး(or)ကြင်နာမှုတို့ကင်းမဲ့သော...Where stories live. Discover now