အမေနဲ့အဖေရန်ဖြစ်ရင်ကျွန်တော်အမြဲလိုလို ငိုချင်မိတယ်။ ဒါပေမယ့် နောက်ဆုံးတစ်ခါဖြစ်တော့ကျွန်တော် မငိုချင်မိဘူး။
အဲ့တုန်းကပေါ့...
အမေနဲ့အဖေအကြီးအကျယ်ရန်ဖြစ်ကြတယ်။
အမေကပြောတယ်
"ရှင်နဲ့ ကျွန်မနဲ့ ကွာရှင်းပြီးရင် ။ ကျွန်မနောက်လင်ငယ်ယူပြစ်မယ်။"
"ယူပေါ့ ငါကဘာလုပ်ရမှာလည်း။ ငါ့မှာ ငါ့သားရှိရင်ရပြီ"
"အေ ရှင့်သားကိုလည်းကျွန်မထားခဲ့မှာ"
အမေကတော့ ကျွန်တော့်မလိုချင်သည်ပုံဘဲ။
"ဗျို့ အိမ်ရှင်တို့။ ဒေါ်စန်းကြည်ရှိပါသလားဗျ။"
"ရှိတယ်ဘာ"
အမေအစကတော့ လေသံမာမာမနဲ့ပြောနေပြီး လူကိုမြင်မှ အသံကပျားရည်လိုချိုသာသွားသည်။
"ဟယ်...ကိုခန့်ထူးရယ်။ ကျွန်မဖြင့် ရှင့်ကိုမျှော်နေတာ။ ရှင်နဲ့ကျွန်မ အတူတူ နေမယ်လို့ပြောထားတာလေး။ အဲ့ဒါဘယ်လိုလဲ"
"ဗျာ...ဘာတွေလာပြောနေတာလဲ။ ကျွန်တော်အခုလာတာက သက်နဲ့ သားကိုလာခေါ်တာ။ သက်ရေ ကိုယ်တို့သွားရအောင်"
"မလာနဲ့သွား!!!"
အဖေ့အသံကြောင့်အကုန်လုံးလန့်သွားကြသည်။ ဒေါသထွက်တာထက် သဝန်တိုတာမျိူးပေါ့။
"သက်ကလည်းကွာ...ကိုယ်ကတိတည်တယ်လေ။ ပြီးတော့သက်ရယ် ဒါက သက်မိန်းမလေ အဲ့တော့နည်းနည်း စိတ်"
"ဘာစိတ်တွေနွားတွေလာပြောမနေနဲ့။
ရှင်တို့က ဘာတွေ တုန်း"အမေ့မှာတော့ အရူးသဖွယ်။
"ကျွန်တော်နဲ့ သက်ထူးနိုင်နဲ့က အမနဲ့မညားခင်ကထဲက ရည်းစားတွေဖြစ်နေတာလေ။ အမ်...ပြောရမယ်ဆိုရင် အမက စနိုက်ကျော်သွားတာပေါ့။"
"ရှင်တို့က အစထဲကပြောပါလား။ အခုတော့...အီးးးး"
အမေကတော့ တအီအီနဲ့ငိုနေလေရဲ့။
အဖေကတော့ ဟိုဉီးလေးကြီးကို စိတ်ကောက်နေတာများ မြင်လို့တောင် အယ်...ကောင်းတော့ကောင်းပါရဲ့။
YOU ARE READING
ဟာသများစုစည်းရာ
أدب الهواةဟာသbl ဟာသgl ဟာသnormal တွေကိုတစ်နေရာထဲမှစုရေးထားပါတယ်။ ဒိုင်ယာလော့အတိုလေးတွေလည်းရေးပေးမှာမို့ chတွေမှာလုပ်တဲ့လူတွေလည်းအကြံကောင်းလေးရအောင်ပါ။