နွေက ဥဩရှိရာ ဆေးရုံကို အဖြေရပြီးသည့်နေ့မှစ၍ နေ့တိုင်းလာလေသည်။ လာလည်တိုင်းလည်း မုန့်သို့မဟုတ် ပစ္စည်းတစ်ခုခုကပါစမြဲ။ ဆေးရုံက လူတွေက ရိပ်မိသလောက် ဖြစ်ကြသော်လည်း ဘယ်သူမှတော့ ပေါ်ပေါ်ထင်ထင်မမေးကြပါ။ ခက်သည်က ရွာက ကောင်မလေးများပင်။ နွေရောက်လာတိုင်း သူတို့မှာ ညနေရေခပ်ဆင်းသည်နှင့် ရေတွင်းကို တိုက်ရိုက်မသွားဘဲ ဆေးရုံအပြင်ကို တစ်ပတ်ပတ်နေကြသေးသည်။ နွေက သိသော်လည်း ဥဩက အူတိုနိုင်လွန်းသည်။
" ရှင်...အခန်းထဲမှာပဲနေ...နောက်ရက်ကျလည်း လာတာနဲ့ အခန်းထဲတန်းဝင် သော့အပိုယူထားလိုက်"
" လူမြင်ကို မခံနိုင်တာလား..ပူတူးက"
" ဟုတ်တယ်လေ...ဒီလို ရှားပါးကျောက်တုံးကို ဥထားရမှာ ဖွက်ထားရမှာ...ကျွန်မအလုပ်...ဆေးကုတာအပြင် အခု ဒီအလုပ်ပါ လုပ်ရမှာ"
နွေ၏ ပါးနှစ်ဖက်ကို ဆွဲကာ စကားပြောနေသော ဆွေးကို နွေက ပြုံးပြုံးကြီးကြည့်နေသည်။
" တအားကို အူတိုနေတာလား"
" တိုတယ်...ကျွန်မအပိုင်ဆို ဘယ်သူမှထိလို့မရဘူး"
" ထိရင်...."
" ထိတဲ့လူ ဆေးထိုးအပ်ကြီးကြီးနဲ့ထိုးမှာ"
" ဟားဟား..ပူတူးက ချစ်စရာလေး...ဆူး ကုတင်ပေါ်လှဲရင်းစောင့်နေမယ် ပူတူးရေချိုးလိုက်နော်"
" ဟုတ်ပြီ...ဂျူတီက ညမှဆိုတော့ ရေချိုးပြီးတာနဲ့ ညစာတူတူစားရအောင်"
" သဘော သဘော..စောင့်နေမယ်"
ဆွေးလည်း ရေချိုးပြီး အခန်းထဲဝင်လာတော့ နွေက ကြမ်းပြင်တွင်ထိုင်ကာ သနပ်ခါးတွေသွေးလျက်။
" ဟော...ဘာတွေလုပ်နေတာလဲ...အဲဒါတွေလုပ်စရာမလိုပါဘူး...နားနေပါ..ချစ်ဆုံးရဲ့"
" ရပါတယ် ပူတူးလှဖို့ပဲကို လိမ်းလိုက်နော်"
ဆွေး သနပ်ခါးလိမ်းပြီးနောက် ဟင်းတွေနွှေးကာ နှစ်ယောက်သား ထမင်းစားဖို့ပြင်ကြသည်။
" ဟင်းတွေက စားလို့ဖြစ်လား...ရှင်က ရွှေဇွန်းကိုက်မွေးထားတာဆိုတော့ တောဟင်း တောထမင်းနဲ့ကျ အံဝင်ခွင်ကျဖြစ်ပါ့မလား"
YOU ARE READING
နှလုံးသားတစ်ခုကို ထုဆစ်ခြင်း
Romanceမင်းကိုချစ်မိမှပဲ ငါ့မှာ အသည်းနှလုံးရှိသေးမှန်း သတိထားမိတော့တယ်။