🤚Chapter 81
( Trigger Warning ❗)
( တော်တော်လေးစိတ်ညစ်နေတဲ့အချိန်ဆို ဒီအပိုင်းကို မဖတ်ပါနဲ့ စိတ်မသက်မသာဖြစ်စရာ အကြောင်းအရာတွေ ပါလို့ပါ )ကျိအန်းနဉ် သူမ၏အဖွားအတွက် ဆေးသွားယူသည့် ဆေးရုံက ချင်းဟွာမိသားစုအဆောက်အဦးနှင့် နှစ်မှတ်တိုင်သာဝေးသည်။ သူမ ထိုနေရာသို့ ဘတ်စ်ကားစီး၍ သို့မဟုတ် လမ်းလျှောက်သွားနိုင်သည်။ သို့သော်လည်း ရာသီဥတုက သိပ်မဆိုးသရွေ့ ဘတ်စ်ကားကို စောင့်ရဦးမည်ဖြစ်သောကြောင့်ကျိအန်းနဉ်က များသောအားဖြင့် လမ်းလျှောက်ခြင်းကို ရွေးခဲ့သည်။
နွေဦးပွဲတော်အပြီး နေ့ရက်တိုင်းတွင် အပူချိန်က ပိုမိုပူနွေးလာသည်။
ကျိအန်းနဉ်က ဆေးကို ထုတ်ယူပြီးနောက် ရင်းနှီးသည့် သက်ကြီးရွယ်အိုအချို့နှင့် နှုတ်ခွန်းဆက်စကား ဖလှယ်ကာ အမြန်ပြန်သွားခဲ့သည်။
ဤအသွားအပြန်ခရီးတွင် သူမ ဝမ်ယွီကို မစဉ်းစားဘဲ မနေနိုင်ပေ။
ဤဘ၀တွင်မူ ဤအခွင့်အရေးကို လက်လွှတ်မခံတော့ဟုလည်း တွေးမိသည်။ သူမသည် ဤအခက်ခဲဆုံးကာလကို ဖြတ်ကျော်ကာ သူနှင့်အတူ အမြဲရှိနေမည်ဖြစ်သည်။
ယန်ပေါ်အတွက်မူ ကျိအန်းနဉ်က အထူးစိုးရိမ်မနေပေ။
သူမ အချိန်စီးကြောင်းအရ ကြားသိခဲ့သောအချက်အလက်ပေါ်မူတည်ပြီး ယန်ပေါ်နှင့် ၀မ်ယွီ တို့ကြား မကျေမနပ်ဖြစ်မှုများ မည်သို့ပင်ရှိစေကာမူ အကယ်၍ ကျောင်းချန်၏ပါဝင်ပတ်သက်မှုရှိလာလျှင်ပင် ဝမ်ယွီက အစတည်းက အောင်နိုင်သူဖြစ်သင့်သည်။
ဤဘ၀တွင် ကျောင်းချန်၏ကိစ္စက နောက်တစ်ကြိမ် ဖြစ်မလာတော့ပေ။ ဝမ်ယွီက ယန်ပေါ်၏ ဖမ်းဆီးခြင်းကို မခံရဘဲ အရာအားလုံးကို အဆုံးရှုံးမည်လည်း မဟုတ်ပေ။
သူက အလုံးစုံအောင်မြင်သူတစ်ယောက် ဖြစ်လာလိမ့်မည်။
လမ်းမပေါ်လျှောက်နေစဉ် ကျိအန်းနဉ် အနီးအနားမှ အချက်ပေးဥသြသံကို ကြားလိုက်ရသည်။ သူမလှည့်ကြည့်လိုက်သောအခါ မီးသတ်ကားတစ်စီးက သူမဘေးလမ်းမှ အရှိန်မြန်မြန်ဖြင့် ဖြတ်သွားပြီး တက္ကသိုလ်ဘက်သို့ ဦးတည်နေသည်ကို တွေ့လိုက်ရသည်။