"Ohh ရောက်လာပြီလား ပေါ်တာ!!"
"အင်း ငါရောက်ပြီ"
"အကြာကြီးစောင့်နေရတာ အချိန်မလေးစားဘူးဘဲ ဟယ်လီကော်ပတာခေါင်းက"
"ဘာကွ ဟယ်ရီပေါ်တာပါ နာမည်လိုက်မဖျက်နဲ့!"
တစ်မိနစ်လောက်နောက်ကျတာလေးကို အချိန်မလေးစားဘူးဘာဘူးနဲ့။မက်ဖွိုင်းကပြသနာကိုရှာချင်နေတာ။ခေါင်းဖြူကောင်ကပြသနာပဲ။
"ဘာနေနေကွာ ငါစာနားမလည်တာရှိတယ်
လာရှင်းပြပေး""ဟင်"
မက်ဖွိုင်းလိုကောင်ကနားမလည်တဲ့စာရှိသေးတာလား။ကျောင်းမှာဆိုသူနဲ့ဟယ်ရီနဲ့ကအမြဲအဆင့်လုနေရတာသူမသာကိုယ်မသာဘဲ။
"ဒီအပုဒ် စောက်ရမ်းခက်တာပဲ"
"အော် အမ်း ရှင်းပြဆိုလဲရှင်းပြတာပေါ့"
"အဲ့တာက ဒီလို ဒါနဲ့ဒါနဲ့ ကိုပေါင်းပြီး......"
စာရှင်းနေတဲ့ဟယ်ရီ့ကိုမက်ဖွိုင်းကဘေးကမျက်တောင်မခက်ဘဲထိုင်ကြည့်နေလေသည်။ဟယ်ရီလဲ ခေါင်းလှည့်ပြီးပြောတော့ဘေးက သူ့ကိုကြည့်နေတဲ့ ပြာလဲ့လဲ့မျက်ဝန်းနဲ့စုံသည်။
"ဟေ့ကောင် မက်ဖွိုင်းကောင် မင်းနားလည်လား"
"အမ် အာ ဘာကို"
"ငါရှင်းပြနေတာလေ မင်းစိတ်တွေဘယ်လွင့်နေလဲ ဒီကောင် ငါ့မှာတော့အာအညောင်းခံပြီးရှင်းလိုက်ရတာ"
"ပွစိပွစိနဲ့ နားညီးတယ်ကွာ"
"ဘာ!ကျေးဇူးမတင်ဖင်လှန်ပြတဲ့ကောင် နောက်ဘာမှရှင်းမပြဘူး မှတ်ထား"
"..."
မက်ဖွိုင်းကခဏငြိမ်သွားပြီး
"ဟယ်..ရီ"
"ဟင်"
"ကျေးဇူး"
ဟယ်ရီခဏလောက်ကြောင်သွားသည်။မက်ဖွိုင်းကသူ့ကိုကျေးဇူးတင်တယ်တဲ့လေ။
"ဒီမှာ မင်း ဘာစိတ်ကူးတွေပေါက်နေတာလဲ?"
".."
"ထားပါတော့ စာဆက်လုပ်ကြမယ် လာ"
"ဟယ်ရီ!"
"ဟမ် မင်း ငါ့နာမည်တော်တော်ခေါ်လို့ကောင်းနေလား"