"အ.."
"အို..ဆောရီးပါကျွန်တော်အလျင်လိုနေလို့ပါ"
"အင်းပါရပါတယ်နောက်တစ်ခါမဖြစ်အောင်သတိထားကြားလား"
"ဟုတ်ကဲ့ပါဗျာကျွန်တော်အခုသွားလို့ရပြီလား?"
"သွားသွား"
နီခီတစ်ယောက်ကိုရီးယားကိုစစပြောင်းလာပြီးကျောင်းစစတက်တဲ့နေမှာတင်နောက်ကျနေလို့အလျင်လိုနေရတဲ့ကြားတဲ့အကောင်ပေါက်လေးတစ်ကောင်ကိုတိုက်မိပြီးဆရာကြီးလုပ်တာပါခံလိုက်ရသေးတယ် ။
"ဘယ်ကအကောင်ပေါက်မှန်းမသိဘူးလူကြည့်တော့အလယ်တန်းကျောင်းသားဆိုဒ်နဲ့လူကိုဆရာကြီးလာလုပ်သေးတာ"
---------
"ရုံးခန်းကဒါလားမသိဘူး?"
နီခီတစ်ယောက်ရုံးခန်းနားမှာရုံးခန်ရှာရင်းတိုင်ပတ်နေရင်းနဲ့ပင်အရှေ့ကဖျက်သွားတဲ့တဲ့ဆရာတစ်ယောက်ကိုမြင်လိုက်တော့
"ဟိုဆရာဒါကရုံးခန်းလားဟင်?"
"အာ..ဟုတ်တယ်လေကျောင်းသားသစ်ထင်တယ်နော်အထဲမှာကျောင်းအုပ်ကြီးရှိတယ်၀င်သွားလိုက်ပါ.."
"ဟုတ်ကျေးဇူးပဲနော်"
နီခီဆရာကိုခါးညွတ်ခါနှုတ်ဆက်လိုက်ပြီးရုံးခန်းထဲကို၀င်သွားလိုက်တော့
"အိုဂျပန်ကပြောင်းလာတဲ့နီခီမလား?"
နီခီဘာမှမပြောရသေးခင်ကျောင်းအုပ်ကြီးကနီခီကိုကြိုသိနေတာကြောင့်နီခီကြောင်သွားမိသည်..။
"ဗျာ?ဟုတ်..ဟုတ်ပါတယ်"
"အိုမိုး..ငါနောက်ဆုံးတစ်ခါဂျပန်ကိုလာတုံးကတောင်မင်းအသက်က10နှစ်လားပဲရှိသေးတာအခုတော့အသက်ကြီးလာပြီပေါ့"
"ဟိုလေစိတ်တော့မရှိပါနဲ့ကျွန်တော်ကိုသိတာလားဟင်?"
"ဟာဦးလေးကိုမမှတ်မိဘူးလားထာခီဦးလေးလေ"
"အော်ဦးလေးပတ်မတွေ့တာတောင်ကြာပြီဦးလေးရာ"
"မှတ်မိသားပဲမေ့သွားပြီတောင်ထင်နေတာ"
"မမေ့ပါဘူးဗျာကျွန်တော်ဂျပန်မှာတုံးကဦးလေးကိုပဲလွမ်းနေတာဗျ"
YOU ARE READING
𝙟𝙪𝙨𝙩 𝙩𝙧𝙪𝙨𝙩 𝙢𝙚 🍥
Fanfictionယုံလို့ရမလားနီရှီမူရာ? မောင့်လက်ကိုသာဖမ်းဆုတ်လိုက်ပါဒီတစ်ကမ္ဘာလုံးမှာဆောအယုံကြည်ရဆုံးသူဆိုတဲ့ဖြစ်တည်မူကမောင်ဖြစ်သွားလိမ့်မယ်♡