မိတ်ဆက် မိတ္ဆက္

393 15 2
                                    

Unicode

လူတစ်ယောက်ရဲ့ဘဝမှာတစ်ကြိမ်တစ်ခါလောက်လောက်တော့ မျက်နှာဝါးနေတဲ့လက်တွဲဖော်လေးကိုအိပ်မက်မက်ဖူးကြတယ်။ ဒါကမင်းကလက်တွေ့ဘဝမှာတစ်ယောက်ယောက်ရဲ့ပုံစံကိုသေချာမသိလို့တဲ့။

ဒါပေမယ့် သူ့ကိုတစ်ကြိမ်သာမဟုတ်ပဲနေ့တိုင်းမက်နေခဲ့ရင်ရော...?

နိုးလာတိုင်း ဟာတာတာခံစားချက်နှင့်ဝါးတားတားအသွင်အပြင်သာကျန်နေခဲ့ပြီး တခါတရံအကြောင်းပြချက်မရှိမျက်ရည်မိုးသွန်းခဲ့ရင်ရော...?

တကယ်လို့ နိုးလာရင်မျက်နှာတောင်မမှတ်မိနိုင်တဲ့ အိပ်မက်ထဲကထိုလူအား ချစ်မိသွားခဲ့ရင်ရော...?

တစ်ချိန်တည်းမှာပဲ မင်းလည်း တစ်နေရာရာမှာ ငါ့ကိုအိပ်မက်‌မက်နေမလား...?

ကျွန်တော် 'သူ' ကို၁၂ညဆက်တိုက်အိပ်မက်မက်ခဲ့တယ်။ ၁၂ရက်မြောက်နေ့နောက်ပိုင်းသူပေါ်မလာတော့တာ နှစ်ဝက်ကျော်ပြီဖြစ်သည်။ ကျွန်တော် သူ့ကိုမေးချင်မိသည်...မင်း ဘယ်အချိန် ငါ့အိပ်မက်ထဲကိုပြန်လာမှာလဲ? ငါအမြဲမျှော်နေပါတယ် ဟူ၍ပင်။

သံသရာစက်ဝန်း × အိပ်မက်ဆည်းဆာ
(ဒီနာမည်တွေကအခြားသာသာပေးတဲ့နာမည်တွေနဲ့သွားတူခဲ့သည်ရှိသော် အသိလာပေးကြပါအုံးနော်)
.....

ဒါလေးကတော့ ကျွန်တော့်ရဲ့လက်တွေ့အဖြစ်အပျက်ဖြစ်တဲ့ 'သူ' ကိုအိပ်မက်မက်ခဲ့တာကိုမှီငြမ်းပြီးစိတ်ကူးယဉ်ပြန်ရေးထားတာပါ။

ဟော်ကီအားကစားကိုထည့်သွင်းရေးသွားမှာဖြစ်ပေမယ့် ကျွန်တော်ကျွမ်းကျင်တဲ့နယ်ပယ်မဟုတ်သလိုလေ့လာနေတုန်းဖြစ်တာကြောင့်အမှားများပါခဲ့ရင်ခွင့်လွှတ်ပေးပါဗျ။

ကျွန်တော်ကစားလေ့ရှိတဲ့ဘော်လီဘောကိုရေးရန်စဉ်းစားခဲ့ပေမယ့် အချို့သော fic တွေမှာထိုအားကစားကိုတွေ့နေရတာကြောင့် ဟော်ကီအားကစားကိုရွေးလိုက်ခြင်းပါ။ ဟော်ကီအားကစားကို Inside out cartoonထဲက Riley ကိုမြင်ပြီး 'သူ့လိုကစားချင်လိုက်တာ' လို့စတွေးရင်သဘောကျသွားခဲ့တာပါ။

ဒီ fiction အား ဩဂုတ် ၁၅ရက်နေ့မှစတင် အပျော်ရေးခဲ့ပေမယ့် လွန်ခဲ့တဲ့တစ်ပတ်မှအတည်ရေးရန်ဆုံးဖြတ်ချက်ချလိုက်တာမလို့ ခဏတာ un ခဲ့ပါတယ်။ အခုကစပြီးပြင်စရာရှိတာလေးတွေပြင်ပြီးပြန်လည်တင်ပေးသွားပါမယ်ဗျ။

စိတ်ရှည်ရှည်နဲ့ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ် (⁠ ⁠◜⁠‿⁠◝⁠ ⁠)⁠♡

Zawgyi







.....









Twilight Of DreamWhere stories live. Discover now