5

193 17 2
                                    

ဟုတ်ကဲ့ ကိုကို -  5

ခွန်နောင်အဝတ်အစားလဲနေတုန်းဖုန်းဝင်လာသည်မို့ ကိုင်လိုက်တော့ဇာမဏီဖြစ်နေသည်။
အခုလေးတင် ဒီကိစ္စတွေနဲ့ တည်စေကဆက်တိုက်ပုတ်ခတ်နေတာကြောင့် ယောက်ျားတွေနဲ့ ပတ်သက်ရမှာကို ဘာမဆိုင်ညာမဆိုင်ကိုယ်ကပဲ ခပ်ရွံ့ရွံ့ဖြစ်နေရတော့သည်။

"ဟယ်လို..."

"အစ်ကို မီယုတို့ပါတီကပြန်သွားပြီဆိုလို့လေ အိမ်ပြန်ရောက်ပြီလား"

"ကိုယ်တို့ပြန်ရောက်ပြီ..."

"ဒီမှာလည်း အသားကုန်သောက်နေကြလို့ ကျွန်တော် မမူးခင်ထွက်လာရတာ အစ်ကိုလာမယ်ထင်ထားတာကို ... ဒီတစ်ခေါက်မဆုံလည်း နောက်တစ်ခေါက် ထပ်ဆုံလို့ရသေးလား"

"တည်စေ အချိန်ဇယားတွေရှင်းသွားရင်တော့ ကိုယ်တို့ထပ်ဆုံကြတာပေါ့ ဒီကြားထဲကတော့ ကိုယ်လည်းသိပ်မအားတော့လေ..."

"ရပါတယ် အစ်ကိုက အလုပ်များတယ်ဆိုတာ ကျွန်တော်သိပါတယ် ... ၁၀ ခွဲနေပြီပဲ အစ်ကိုအိပ်တော့မှာလားဟင် မဟုတ်ရင် ကျွန်တော်စကားနည်းနည်းလောက်ပြောချင်လို့..."

"သူအိပ်တော့မှာ....!"

တည်စေက ခွန်နောင့်ဖုန်းကိုဆွဲလုသွားတာဖြစ်သည်။ဇာမဏိစကားတစ်ဝက်အချိန်မှာဆွဲလုသွားတာကြောင့် ခွန်နောင်ကဖုန်းကို အတင်းပြန်လုတော့ ရင်ဘက်ကို လက်ဖြင့် ကန့်လန့်ကြီးတွန်းထားပြီး ဖုန်းကိုအယူမခံပင်။ သူများကိုယ်ရေးကိုယ်တာကို လက်လွတ်စပယ်ကြီးဝင်နှောက်ယှက်နေသည့် တည်စေကို ဒေါသထွက်မိလျက်
ဖုန်းကိုချပစ်ပြီး ခွန်နောင့်ကို အိပ်ခန်းအတွင်းသို့ပြန်လည်ဆွဲခေါ်ပစ်သည့်အခါ ခွန်နောင်က တန်းလန်းဖြင့်ပါသွားခဲ့၏။

"ခွန်နောင်.... ကျုပ်လည်းယောက်ျားပါ....! ယောက်ျားချင်းတူတူ ကိုခင်ဗျားက ဘာလို့လူရွေးနေတာလဲ"

"မင်းထပ်ပြီး စမလာနဲ့တည်စေ...! မူးနေရင်းအိပ်တော့"

"ကျုပ် ခင်ဗျားကိုသတ်ပစ်ချင်တယ် ကျုပ်အပေါ်ပဲကောင်းပေးလို့ရတာကို ... ဘာလို့တခြားကောင်တွေ ပရောပရည်လုပ်နေရတာလဲ...! ဘာလို့လဲလို့...!"

❰ 𝙃𝙊𝙈𝙀 ❱ Family Collection Where stories live. Discover now