Note Part

1.1K 49 5
                                    

Sky မင်းတို့ကို ဒီတစ်ခေါက်မိတ်ဆက်ပေးမှာကတော့ (Home) ဆိုတဲ့အိမ်ကလေးအကြောင်းပါ ။ ဒီ Book မှာတော့ အတွဲလေးတွဲပါမယ်ပေါ့ရှင် ။ Home ဆိုပြီး Main title အဖြစ် ဘာကြောင့် သတ်မှတ်လိုက်လဲဆိုတာကိုလည်းရှင်းပြပေးသွားပါမယ် ။

ဇာတ်လမ်း (၁)
ပထမဆုံး တင်ပေးသွားမဲ့ အတွဲကတော့
တည်စေ + ခွန်နောင် တို့ဖြစ်ပါတယ်။

တည်စေက နိုင်ငံကျော် ရုပ်ရှင်းမင်းသားတစ်လတ်ဖြစ်သလို လက်ရှိအချိန်မှာတော့ ရှိသမျှ မန်နေဂျာတွေကို အလုပ်ထွက်ပြေးအောင်ထိ ဂျစ်ကန်ကန်လုပ်ပြီး အိမ်တွင်းပုန်းအပျင်းတက်နေတဲ့ မင်းသားတစ်လတ်ပေါ့။ အေဂျင်စီပိုင်ရှင် ဝမ်းကွဲအစ်မက မောင်ဖြစ်သူ ရွှေဘဲလေးအခုလို ဆိုးသွမ်းနေတဲ့အတွက် နိုင်ငံခြားကနေ တကူးတကလှမ်းခေါ်လိုက်ရတဲ့ အရည်အချင်းရှိပြီး တည်ငြိမ်အေးချမ်းတဲ့ ခွန်နောင်ဆိုတဲ့ မန်နေဂျာတစ်ယောက်ကိုငှားရမ်းခဲ့ပါတယ်။ နိုင်ငံခြားကနေ လာခဲ့ရတာကြောင့် လောလောဆယ် အိမ်ကို ပြင်ဆင်နေတုန်းမို့ မင်းသားအိမ် မှာလိုက်နေဖို့ဖြစ်ခဲ့ပါတယ်။ တည်စေက ခွန်နောင်ကိုလည်း ထွက်ပြေးအောင်လုပ်ချင်ခဲ့ပါတယ်။ စေ့စပ်သေချာပြီး တာဝန်ယူတတ်တဲ့ ခွန်နောင်က အလုပ်ကိုစမတ်ကျကျနဲ့လုပ်ပြီး တည်စေ့ရဲ့ အရာရာကို ချုပ်ကိုင်လာပါတော့တယ် ။ ခွန်နောင်က ချောပြီး တည်ငြိမ်ဟန်ရှိသည့်အမျိုးသားဖြစ်သည့်အလျောက် ရိုက်ကွင်းတိုင်းက လူတိုင်းက ခွန်နောင့်ကို ငမ်းကြပါတော့တယ်။ ဖန်တွေကတောင် မန်နေဂျာကို သည်းသည်းလှုပ်တွေဖြစ်ကုန်ပါတယ်။ တည်စေက ကြင်နာပြီး ဒီလိုမျက်နှာပွင့်တဲ့ ခွန်နောင့်ကို သဝန်တွေဇွတ်တိုလာပြီး ဝါးစားပါတော့တယ်။

တည်စေက ခွန်နောင့်ရှေ့ရောက်ရင် မျက်ရည်လေးတစမ်းစမ်းနဲ့ ချွဲပလဲသည်းနေတဲ့ဇာတ်ကောင်အဖြစ်ပါဝင်ပါတယ်။

တည်စေနဲ့ခွန်နောင် လက်ထပ်ပြီး သားလေးမွေးဖွားခဲ့ပါတယ်။ သားလေးနာမည်က တည်လွန်းနောင် တဲ့

ဇာတ်လမ်း (၂)

သျှားစေလို့ခေါ်တဲ့လူပျိုကြီးဟာ သူငယ်ချင်းဖြစ်သူထင်ဇေရဲ့သားဖြစ်သူ ပြန်ပေးဆွဲခံရတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး သားဖြစ်သူကို ကယ်တင်နိုင်ခဲ့ပါတယ်။ တစ်ရက်မှာတော့ လုပ်ငန်းတွေအောင်မြင်မှုကြောင့် ထင်ဇေကပွဲကြီးပွဲကောင်းတစ်ခုကိုကျင်းပခဲ့ပါတယ်။ပွဲကိုလည် အချစ်ဆုံးသူငယ်ချင်းဖြစ်သူကို ဖိတ်ကြားရင်း ဧည့်ခံခဲ့ပါတယ်။ သျှားစေက သူ့ရဲ့တူမဖြစ်သူ မီယုနဲ့အတူ ပွဲကို တက်ခဲ့ပါတယ်။ ထင်ဇေ ရဲ့သား ရှိန်းယံနှင့် မီယုတို့အတူစကားပြောနေရင်း ရှိန်းယံ ဟာ သျှားစေဆိုသည့် လူကောင်ကြီးကြီးနှင့် မျက်နှာ၌ အမာရွတ်အကြီးကြီးတွေရှိသည့်သူကို အဆက်မပြတ်ငေးကြည့်နေခဲ့မိပါတယ်။ ဒီလူကြီးကို အပိုင်ယူချင်စိတ်တွေနဲ့ပေါ့

❰ 𝙃𝙊𝙈𝙀 ❱ Family Collection Where stories live. Discover now