အခိုင်မာဆုံးကြိုးလေး

6 1 0
                                    

           ပြတင်းပေါက်ကိုဖွင့်ပြီး စိမ်းလန်းစို​ပြေနေသော ပတ်၀န်းကျင်ကိုရှုစားရင်း မိုးဖွဲလေးရွာပြီးကာစ မြေသင်းရနံ့လေးတွေကို ၀သာန်ရှူရှိုုက်မိသည်။ ပြောရမည်ဆိုလျှင်ဖြင့် ၀သာန်မှာ နာမည်နှင့်လိုက်အောင်ပင် မိုးရာသီကို အလွန်နှစ်ခြိုက်ပြီး မိုးရနံ့တွေကိုချစ်မြတ်နိုးလှသည်။
             ငေးမောလို့မဆုံးခင်မှာပင် " အငယ် ဘာလို့ပြတင်းပေါက်တွေ ဖွင့်ထားတာလဲ။ ဖျားနေတာကို အအေးပတ်အောင် အဲ့မှာသွားရပ်နေတာလား။ ကိုယ့်ကိုစိတ်ပူရအောင်မလုပ်စမ်းနဲ့" ဆိုသည့် ကိုကိုကြီးရဲ့ ခပ်ငေါက်ငေါက်စကားသံကို ကြားလိုက်ရ၍ ၀သာန်ပြတင်းပေါက်ကိုချက်ချင်းပိတ်လိုက်မိသည်။ ကိုကိုကြီးစကားမှာ အစွမ်းထက်လှပေသည်။
               ထိုမှသည် အနွေးထည်ထူထူ၀တ် စောင်အောက်ကွေးနေရင်း ကိုကိုကြီးအကြောင်း အတွေးနယ်ချဲ့နေမိတော့သည်။ အားလုံးစဥ်းစားကြမိမည်ထင်သည် ကိုကိုကြီးသည် ၀သာန့်၏ခင်ပွန်းပင်။ မိဘကပေးစားလို့ ကိုကိုကြီးနှင့်ယူလိုက်ရသည့်အချိန်က ၀သာန့်မှာအသက်၂၀ သာရှိသေးသည်။ လူငယ်ပီပီ အနည်းငယ်ဆိုးသွမ်းပြီးဂျစ်တိုက်တတ်သည့် ၀သာန့်ကို တစ်ချက်မှမလှုပ်ရဲအောင်အုပ်ထိန်းထားနိုင်သည့် တစ်ဦးတည်းသောသူလည်းဖြစ်ပေသည်။
              ချစ်လို့ကြိုက်လို့ယူလိုက်ရတာမဟုတ်ပေသည့် ၀သာန့်အပေါ် ခင်ပွန်းလို၊ အကိုကြီးလို၊ ဖခင်တစ်ယောက်လို တန်ဖိုးထား အလိုလိုက်ပေးပါသော ကိုကိုကြီးကို ၀သာန် ချစ်သည်ဟုမပြောနိုင်လျှင်တောင် သံယောစဥ်တော့ရှိလှသည်။ခိုင်မာသည့် ကြိုးတစ်ချောင်းလို့ ပြောလို့ရမည်ထင်သည်။
         " အငယ် ၊ ကလေးလေး ။ လာကိုကိုကြီးစမ်းကြည့်ပါရစေအုံး။ က်ုယ်တွေပူသေးလားမသိ " အိပ်ချင်မူးတူးဖြစ်နေသည့်အချိန်မှာ ကိုကိုကြီးအသံကိုကြားလိုက်ရ၍ ၀သာန်မနေနိုင်တော့ပဲ ရင်ခွင်ထဲခေါင်းတိုးလို့ ကပ်ချွဲလိုက်သည်။
            ကိုကိုကြီးက သည်လိုအချိန်ပဲသူအနား ရှိနိုင်သည်မဟုတ်လား။ နာမည်ရခွဲစိတ်ဆရာ၀န်ကြီးတစ်ဥိးဖြစ်သည့်ကိုကိုကြီးက အမြဲအလုပ်ရှုပ်လို့နေသည်ပင်။ " ဟား အငယ်ကတော့ နေမကောင်းရင် လူကပ်တာပဲဟင် ။ ကလေးလေး ကိုယ့်ကိုကြည့်ပါအုံး။ အငယ်စားဖို့ ကြက်စွပ်ပြုတ်လေးလုပ်ပေးထားတယ်။ ပြီးရင် ဆေးသောက်ပြီး ကိုကိုကြီး ဖက်သိပ်မယ်လေဟင်။" ပြောကာမှ ခေါင်းလေးငြိမ့်ပြီး ခွံ​ကျွေးလို့ပြောလာသည့်ကောင်လေးစိတ်တိုင်းကျ စွတ်ပြုတ်တိုက်တာကအစ ဆေးသောက်တာအဆုံး လုပ်ပေးရတော့သည်။
          ဆေးသောက်ပြီးမှ အိပ်ပျော်သွားသည့် ကောင်လေးကိုကြည့်ရင်း လင်းစေတမာန် ပြုံးမိရသည်။ အငယ်လေးက ပုံမှန်အချိန်တွေအနေအေးပေမယ့် နေမကောင်းချိန်တိုင်း သူ့ကိုတွယ်ကပ်လေ့ရှိသည်။ ဤသည်ကိုပင် ဒီလူကြီးက သဘောကျနေရသည်မို့လား။
           အငယ်ကတော့ သိမှာမဟုတ် သူ့ခမျာ ဒီကောင်လေးကိုရဖို့ မိဘတွေဆီမှာ မည်သို့တောင်အမှတ်တွေယူလိုက်ရသနည်း။ မြတ်နိုးတန်ဖိုးထားချင်စရာ အုဲအသက်လေးကို လက်ထဲပိုင်ဆိုင်လာထဲက ပိုးဥလေးလို ဂရုစိုက်လာရသည်မဟုတ်လား။
           တကယ့်ကို သံသရာတစ်လျှောက်လုံးသယ်သွားချင်မိတဲ့ ကြိုးလေးတစ်မျှင်လို့ပဲ ပြောရလေမလား။

You've reached the end of published parts.

⏰ Last updated: Aug 11 ⏰

Add this story to your Library to get notified about new parts!

One Short CollectionsWhere stories live. Discover now